Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပလက်ဝနှင့်ဆမီးတိုက်ပွဲမှ ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားများကို ချင်းပူး​ပေါင်းတပ်များတိုက်ခိုက်

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်တွင် စစ်ဘေးရှောင်နေသည့် ပြည်သူအမျိူးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးတို့ စုစုပေါင်း ၈ ဦးတို့ကို ဖမ်းဆီးသွားပြီးး အမျိုးသမီး ၅ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု CDF(မတူပီ)ကဆိုသည်။

(ချင်းကာကွယ်​ရေးတပ်(မတူပီ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF(မတူပီ) )
(ချင်းကာကွယ်​ရေးတပ်(မတူပီ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF(မတူပီ) )

ပလက်ဝ နှင့် ဆမီးမြို့နယ်တို့မှ တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကိုချင်း​တော်လှန်​ရေးတပ်ဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၁၂ ဦးခန့်သေဆုံးခဲ့ကြောင်း CDF(မတူပီ)ကထုတ်ပြန်ထားသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များကြား မတူပီမြို့နယ်၊ လုံပန်ကျေးရွာအနီး ကပင်ချောင်းတွင် ဇန်နဝါရီ၂၀ ရက်က တကြိမ်၊ စံတပ်ရွာတွင် ဇန်နဝါရီ ၂၁ ရက်က တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်​ကြောင်း CDF (မတူပီ)က​ပြောသည်။

ကပင်ချောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီ ၂၁ရက် ဒုတိယအကြိမ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား၇ ဦးသေဆုံးခဲ့သည်။ ထိုတိုက်ပွဲနှစ်ကြိမ်လုံးတွင် ချင်းကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF(မတူပီ)ကဆိုသည်။

“ဆမီးမြို့ အမှတ်ဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စကစတပ် ၂၀၀လောက်ကိုCDFတွေက လိုက်တိုက်တာပါ။မတူပီထဲကိုဝင်ပြေးပြီးရွာသားတွေကို ရိုက်တာနှက်တာ၊ဖမ်းတာလည်း လုပ်ကြတယ်။”ဟု မတူပီဒေသခံတစ်ဦးကပြောသည်။

ထိုတိုက်ပွဲကို CDF(မတူပီ)၊ CDF(ကန်ပက်လက်)နှင့် CNAတို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ CDF-Daaiကလည်း ယနေ့တွင် စစ်ကူရောက်လာသည်ဟုလည်း CDF(မတူပီ)ကဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အကျအဆုံးများနေသည့် စစ်ကောင်စီတပ်သည် စံတပ်ကျေးရွာမှာ ပြည်သူ့ဆေးရုံကို ဖျက်ဆီးမှုများပြုလုပ်ပြီး ဆေးဝါး၊မီးစက်နှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်တွင် စစ်ဘေးရှောင်နေသည့် ပြည်သူအမျိူးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးတို့ စုစုပေါင်း ၈ ဦးတို့ကို ဖမ်းဆီးသွားပြီးး အမျိုးသမီး ၅ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု CDF(မတူပီ)ကဆိုသည်။