Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIA က နမ့်ဖက်ကာ ခလရ ၁၂၃ ကို သိမ်းပိုက်

နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်ရင်းဌာနချုပ် စခန်းသိမ်းပိုက်နိုင်ရေးအတွက် KIAက ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ရှည်တိုက်ခဲ့ရပြီး ယနေ့ ဇန်နဝါရီ ၂၄ရက် ညနေပိုင်း၌ အပြီးသတ် သိမ်းပိုင်ခဲ့ခြင်းဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေပိုင်းတွင်အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု​ပြောကြားသည်။

“ဒီနေ့ ဇန်နဝါရီ ၂၄ရက်နေ့ ညနေ ၃နာရီနဲ့ ၄နာရီကြားမှာ သိမ်းလို့ရတယ်ဆိုတဲ့ ကနဦးသတင်းကတော့ ရပါတယ်။ ဒါပေမဲ့ မြေပြင် သတင်းပြည့်ပြည့်စုံစုံကတော့ ဘာမှ မရသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့​ပြောသည်။

နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်ရင်းဌာနချုပ် စခန်းသိမ်းပိုက်နိုင်ရေးအတွက် KIAက ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ရှည်တိုက်ခဲ့ရပြီး ယနေ့ ဇန်နဝါရီ ၂၄ရက် ညနေပိုင်း၌ အပြီးသတ် သိမ်းပိုင်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာဟုတ်တယ်။ လက်နက်ခဲယမ်းရရှိမှုနဲ့ စကစ သေဆုံးမှု အသေးစိတ် မသိရသေးဘူး”ဟု ​​ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်က လေကြောင်းမှ ကဆက်တိုက်လာ​ရောက်ပစ်ခတ်​နေ​ကြောင်း ​ဒေသခံ တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)
(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)

ယနေ့ ညနေပိုင်းတွင် ပြင်ဦးလွင်နှင့်နမ့်ဆန်လေတပ်စခန်းမှတက်သော ဂျက်ဖိုက်တာနှစ်စင်းသည် နမ့်ဖက်ကာသို့ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီအနေဖြင့် နမ့်ဖက်ကာရှိ ခမရ ၁၂၃ တပ်စခန်းမကျရေးအတွက် လေကြောင်း ပစ်ကူအကြိမ်ကြိမ်ပေး၍ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၁၆ရက် တိုက်ပွဲတွင်တရုတ်နိုင်ငံထုတ်FTC 2000G အမျိုးအစားတိုက်ခိုက်ရေးလေယာဉ်ဖြင့် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်စဉ် KIA က ပစ်ချခဲ့သည်။ ထို့နောက်ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ယနေ့ သိမ်းယူနိုင်ခြင်းဟု သတင်းရရှိသည်။

(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)
(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)

KIA အနေဖြင့် နမ့်ဖက်ကာနှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားခြင်းအပါအဝင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ခုထက်မနည်းကို ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ယခု ဇန်နဝါရီ လအတွင်း တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။ ကချင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ကိုင်းတိုင်း ဒေသအချို့ တိုက်ပွဲများတွင်လည်း KIAနှင့် PDFများ အခြားမဟာမိတ်တပ်များက ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေသည်။