မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာနှစ်ရွာအား မီးရှိူ့ဖျက်ဆီးသွားကြောင်းဒေသခံများကပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက် ၅နာရီခွဲခန့်က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ပိုဝ၊ စိန်ပန်းကုန်း၊ဆင်ကုန်း၊သမင်ခြံ၊ သူဌေးကုန်းရွာများသို့ အင်အား ၈၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ဆင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
![(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/01/423004366_720077883524340_1742064860322791316_n.jpg?resize=576%2C768&ssl=1)
ထိုစစ်ကြောင်း ဝင်ရောက်မွှေနှောက်ခဲ့၍ ကျေးရွာများရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးစစ်ကောင်စီတပ်သည် ထိုကျေးရွာများမှ ပစ္စည်းများကိုလည်း ကားကြီးကားငယ်များဖြင့် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“မတ္တရာဘက်က ရွာတွေကို မနေ့မနက်တည်းက စစ်ကြောင်းထိုးမီးရှို့နေတာ။စစ်ဘေးရှောင် ၂၀၀၀ ကျော်ပြီမတ္တရာက။”ဟု ဒေသခံတစ်ဦးက ပြောသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/01/PSA_Inside_Story_Nutrition-First-1000-Days-scaled.jpg?resize=880%2C215&ssl=1)
Public Service Announcement
![(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/01/424572598_720077906857671_8127768044261940615_n.jpg?resize=576%2C768&ssl=1)
ထို့အပြင် ထိုစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာတန်းရှည်နှင့် မိုးကြိုးရွာဘက်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်က ပြည်သူ ၁၇ ဦး၊ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြည်သူ ၇ ဦး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
![(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/01/424566578_720077946857667_5835721347791445878_n.jpg?resize=576%2C768&ssl=1)
အခြားသတင်းတစ်ရပ်မှာဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က မတ္တရာမြို့နယ်၊ ရွှေချောင်းပျူရွာရှိ ပျူစောထီးများစုဝေးနေထိုင်သော ပျူခေါင်းဆောင်၏ နေအိမ်အား မြနန္ဒါစစ်ဆင်ရေး(မန္တလေး)နှင့် ဒေသတွင်းPDFများက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ၍ တိုက်ခိုက်ခဲ့သည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)