Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

SSPPနှင့် RCSS ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်စဲကြောင်း ကြေညာ

SSPPနှင့် RCSS တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုလည်း အလွန်နည်းပါးခဲ့သည်။

(ရှမ်းတပ်များဖြစ်သော SSPPနှင့် RCSS မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - SSPP၊ RCSS)
(ရှမ်းတပ်များဖြစ်သော SSPPနှင့် RCSS မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - SSPP၊ RCSS)

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အပစ်အခတ်ရပ်စဲကြောင်း SSPPနှင့် RCSSက ပူးတွဲကြေညာသည်။

နှစ်ဖက်တပ်များအကြား လတ်တလောတိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နိုဝင်ဘာ ၂၉ရက်တွင် တွေ့ဆုံဆွေးနွေးပီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို တရားဝင် သဘောတူညီခဲ့ခြင်းဖြစ်သည်။

SSPP ဗဟိုဌာနချုပ်မှ ကိုယ်စားလှယ် သုံးဦး၊ RCSS ဗဟိုဌာနချုပ်မှ ကိုယ်စားလှယ် လေးဦးတို့ တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ရှမ်းလူထုနှင့် သံဃာတော်တို့၏ ဆန္ဒအတိုင်း SSPPနှင့် RCSS တို့၏ စ်းလုံးညီညွတ်ရေးကို နှစ်ပေါင်းများစွာ မျှော်လင့်နေကြသည့် ပြည်သူအပေါင်းတို့၏ လိုလားတောင့်တမှုနှင့်အညီ ဩဂုတ် ၉ ရက်နှင့် ၁၀ရက်တွင် ထုတ်ပြန်သော နှစ်ဖက် ဥက္ကဋ္ဌများ၏ အမိန့်ပြန်တမ်း အတိုင်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်း၊ နှစ်ဖက် အမျိုးသားညီညွတ်ရေးထိခိုက်စေသည့် Media အသုံးပြုခြင်းအား ပိတ်ပင်တားဆီးခြင်းတို့ကို ယနေ့ အထိ နှစ်ဦးနှစ်ဖက်က လိုက်နာဆောင်ရွက်ခဲ့သည်ဟုလည်း အသိပေးထားသည်။

(ရှမ်းတပ်များဖြစ်သော SSPPနှင့် RCSS မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - SSPP၊ RCSS)
(ရှမ်းတပ်များဖြစ်သော SSPPနှင့် RCSS မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – SSPP၊ RCSS)

ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်စဲရေးအပြင်း အခြားဆွေးနွေးမှု အကြောင်းအရာများနှင့်ပတ်သက်ပြီး မေးမြန်းရန် ထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

SSPPနှင့် RCSS တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုလည်း အလွန်နည်းပါးခဲ့သည်။

ထို့ပြင် အာဏာသိမ်းစက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ RCSS တပ်များကို SSPPက တိုက်ခိုက်ခဲ့ရာ ရှမ်းမြောက်မှ RCSS တပ်များ ရှမ်းတောင်အထိဆုတ်ခွာသွားခဲ့ရသည်။ထိုသို့တိုက်ခိုက်ရာတွင် SSPPသည် တအာင်းတပ်မတော်(TNLA) နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ TNLAနှင့် RCSS တို့သည် ၂၀၁၅မှစ၍တိုက်ပွဲများ ပြင်းထန်ခဲ့သည့် အဖွဲ့များဖြစ်သည်။

လက်ရှိတွင် TNLAက ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်ကို ၎င်း၏ မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်တော်(AA) အပါအဝင် အခြား မဟာမိတ်များနှင့်ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်း ၂၂၈ ခုထက်မနည်းကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLAနှင့် SSPP တို့ မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။