Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုမြို့ရှိ စစ်ကောင်စီ စရဖရုံး ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ပြာကျ

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(အုတ်ဖိုမြို့ရှိ စစ်ကောင်စီ စရဖရုံး ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေစဥ်။ ဓာတ်ပုံ-CJ/ပေးပို့)
(အုတ်ဖိုမြို့ရှိ စစ်ကောင်စီ စရဖရုံး ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေစဥ်။ ဓာတ်ပုံ-CJ/ပေးပို့)

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့ရှိ စစ်ကောင်စီ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတွင် ယနေ့(ဖေဖော်ဝါရီ ၂၅)နေ့ လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ပြာကျသွားကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရုံးထဲဗုံးထောင်တာလို့လည်း ပြောတယ်။ ပေါက်ကွဲပြီးမှ မီးထလောင်တာ။ ဘေးပတ် ဝန်းကျင်ကို မီးကူးတာမျိုးတော့မရှိဘူး။ အဲနားမှာ စိုက်/ဘဏ်(စိုက်ပျိုးရေးနှင့် မွေးမြူရေးဘဏ်)လည်း ရှိတယ်”ဟု အုတ်ဖိုမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့သော စစ်ကောင်စီ စရဖရုံးနေရာသို့ အုတ်ဖိုမီးသတ်နှင့် သာယာဝတီခရိုင်မီးသတ်များ ရောက်ရှိလာသော်လည်း မီးအားများပြီးအရှိန်မထိန်းနိုင်သောကြောင့် ရုံးမှာမီးလောင်ပြာကျသွားကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

အုတ်ဖိုမြို့နယ် စရဖရုံးတွင် စစ်ကောင်စီတပ်နှင့် ရဲများက ပြည်သူများကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများလုပ်ဆောင်လျှက်ရှိရာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်သြဂုတ်လအတွင်းက မင်းလှမြို့၊ ဇီးကုန်းလေးရပ်ကွက်နေ ကိုသိန်းလှိုင်(ခ)ပတ်တီးဆိုသူအား သတင်းမှားဖြန့်သည်ဟု စွပ်စွဲဖမ်းဆီးရိုက်နှက်ရာ ၎င်းစရဖရုံးစစ်ကြောရေးတွင် သေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲပြီးမှ မီးလောင်တယ်ဆိုတာ ဟုတ်တယ်ဗျ။ ဘယ်အဖွဲ့အစည်းက လုပ်တာလည်းတော့ မသိဘူး။ သူတို့အချင်းချင်းပဲ လုပ်တာလား သေချာတော့ မသိရသေးဘူးဗျ”ဟု အုတ်ဖိုမြို့မှ ဒေသခံနောက်တစ်ဦးက ပြောသည်။

အထက်ပါ စစ်ကောင်စီ စရဖ ရုံးပေါက်ကွဲမီးလောင်ချိန်တွင် ဖမ်းဆီးစစ်ဆေးခံနေရသော ပြည်သူတစ်ဦးမျှ ရုံးအတွင်းရှိမနေဘဲ စစ်ကောင်စီတပ်သားအချို့သာရှိနေပြီး ထိခိုက်သေဆုံးမှုရှိ မရှိ မသိရသေးပေ။