Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် တာမခန်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်ဖမ်းမိ၊ လက်နက် ၁၆လက်ရဟု စစ်ရေးသတင်းရင်းမြစ်ပြော

တာမခန်တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူ အများအပြားပေး၍ တိုက်ပွဲပြင်းထန်​နေ​ကြောင်းသိရသည်။

(တာမခန် စစ်​ကောင်စီတပ်စခန်းကို Google Earth တွင်​တွေ့ရမှု/ မံစီမြို့နယ် စီခမ်းကြီးစစ်တပ်စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

▪︎ရဲစခန်းကိုသိမ်းပြီး​သော်လည်းစစ်တပ်စခန်းကို တိုက်​နေဆဲဟု

▪︎စီခမ်းကြီးတပ်စခန်း ပြန်ရရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA/KPDF ကြားဖြတ်တိုက်ခိုက်

▪︎ဒေါ့ဖုန်းယန် ခလရ(၁၄၂) တပ်တွင် ရဲနှင့် စစ်သား ရန်ဖြစ်ပြီး ရဲက ပစ်၍ စစ်သားတစ်ဦးသေဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် ရဲစခန်းကို သိမ်းပိုက်ထားပြီး အရှင်ဖမ်းမိသူများ ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တာမခန် စစ်ကောင်စီစခန်းနှင့် ရဲစခန်းကို ဖေဖော်ဝါရီ ၂၆ရက် ညနေပိုင်း၌ ထိုးစစ်ဆင်ခဲ့ရာ ရဲစခန်းကို သိမ်းပိုက်ရရှိထားပြီး တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

“ လက်နက် ၁၆လက်ရထားတယ်။ ရစြခန်းကပါ။ စစ်တပ်စခန်းက မရသေးဘူး။ စခ ၁၀ယောက်ကျော်တော့ ဖမ်းမိထားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

တာမခန်တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူ အများအပြားပေး၍ တိုက်ပွဲပြင်းထန်​နေ​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

(တာမခန် စစ်​ကောင်စီတပ်စခန်းကို Google Earth တွင်​တွေ့ရမှု/ မံစီမြို့နယ် စီခမ်းကြီးစစ်တပ်စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(တာမခန် စစ်​ကောင်စီတပ်စခန်းကို Google Earth တွင်​တွေ့ရမှု/ မံစီမြို့နယ် စီခမ်းကြီးစစ်တပ်စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးဒေသသို့ လည်း စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ဟု KIA စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပြသည်။

KIA ဦးဆောင်သည့် ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၉ရက်တွင် သိမ်းပိုက်ခဲ့သော စီခမ်းကြီးစခန်းကို ပြန်ရရေးအတွက် စစ်ကောင်စီက ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

“မနေ့ညနေပိုင်း ၅နာရီလောက်မှာ ဟိုတလောဘက်က သိမ်းလိုက်တဲ့ စီခန်းကြီးကို ပြန်တိုက်ဖို့လာတဲ့ စစ်ကြောင်းက အင်အား ၂၀၀လောက်ကို ကျနော်တို့ တပ်ရင်း ၁၂ ၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေ သံတံတားရွာမှာ ကြားဖြတ်တိုက်ပွဲတွေဖြစ်တယ်။ ဒီမနက်တော့ ဘယ်လိုဖြစ်လည်းပြန်မကြားရသေးဘူး” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သံတံတားရွာတိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေများကို မသိရသေးဟု ၎င်းက ဆိုသည်။

(တာမခန် စစ်​ကောင်စီတပ်စခန်းကို Google Earth တွင်​တွေ့ရမှု/ မံစီမြို့နယ် စီခမ်းကြီးစစ်တပ်စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(တာမခန် စစ်​ကောင်စီတပ်စခန်းကို Google Earth တွင်​တွေ့ရမှု/ မံစီမြို့နယ် စီခမ်းကြီးစစ်တပ်စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

KIA သည် စစ်ကောင်စီ၏ စီခမ်းကြီး ဗျူဟာစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် စက်သေနတ်များ အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

အခြား သတင်းတစ်ရပ်မှာ ဖေဖော်ဝါရီ ၂၇ရက်ညပိုင်းက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် အခြေစိုက် ခလရ(၁၄၂) တပ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲတို့ အချင်းများပြီး ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ကချင်ဒေသ သတင်းရင်းမြစ်က ပြောပြသည်။

(တာမခန် စစ်​ကောင်စီတပ်စခန်းကို Google Earth တွင်​တွေ့ရမှု/ မံစီမြို့နယ် စီခမ်းကြီးစစ်တပ်စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(တာမခန် စစ်​ကောင်စီတပ်စခန်းကို Google Earth တွင်​တွေ့ရမှု/ မံစီမြို့နယ် စီခမ်းကြီးစစ်တပ်စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

“ရဲနဲ့ စစ်သားများ စကားများ ရန်ဖြစ်ပြီး ရဲတစ်ဦးက စစ်သားတစ်ဦးကို ပစ်သတ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

ကချင်ဒေသ စစ်ရေးဆိုင်ရာ အချက်အလက်များ ထပ်မံရရှိရေး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIA သတင်းပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ လည်း လတ်တလော စစ်ရေး အခြေနေများကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။