Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးပြင်းထန်နေ၍ သင်္ကြန်ကာလအတွင်း လူစုလူဝေးမပြုလုပ်ရန် ရက္ခိုင်ပြည်သူများအား AA မေတ္တာရပ်ခံ

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

(၂၀၁၈က စစ်တွေမြို့၌ ဗဟိုရေကစားမဏ္ဏပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(၂၀၁၈က စစ်တွေမြို့၌ ဗဟိုရေကစားမဏ္ဏပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

-“တပ်တော်က လိုအပ်လို့ထုတ်ပြန်ပေမယ့် ညီမတို့ကလည်း ကိုယ့်အသိနဲ့ကိုယ် သက်ြန်ကို Boycott မှာပါ။ ဒါက တကယ် ပျော်စရာမှမဟုတ်တာ။ ဝင်နွှဲစရာမရှိပါဘူး” -စစ်တွေမြို့ခံတစ်ဦး

ရှိုင်း/People’s Spring

လက်ရှိကာလသည် စစ်ရေးပြင်းထန်နေသည့် ကာလဖြစ်သည့်အလျောက် မကြာမီကျရောက်လာမည့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ၌ လူစုလူဝေး များ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲကြီးများ မပြုလုပ်ကြရန် ရက္ခိုင်ပြည်သူများအား မေတ္တာရပ်ခံကြောင်း ရက္ခိုင့်တပ်တော်(AA)က ဧပြီ ၁၁ရက်တွင် အသိပေးထုတ်ပြန်သည်။

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီနှင့် AA တို့ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်အပြင် တစ်ရက်ထက် တစ်ရက် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်ရှုံးနေသည့် စစ်ကောင်စီသည် AAက သိမ်းပိုက်ထားသည့် ဒေသများတွင်သာမက နောက်ထပ်သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် နေရာများ၌ပါ လူစုလူဝေးဟု ယူဆရသည့် နေရာများအား အလစ်ချောင်း အငိုက်ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ရန် ကြိုးပမ်းနေသည်ဟု အသိပေးသည်။

ထို့ကြောင့် AAက ယခုကဲ့သို့ ပန်ကြားချက် ထုတ်ပြန်ခဲ့သည့်အပြင် လူအများအပြား စီးနင်းလိုက်ပါသည့် ကားများဖြင့် မြို့ပြဒေသများ ၊ တစ်မြို့နှင့် တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ အကြား ကခုန်လှည့်ပတ်ပြီး ရေကစားခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လူစုလူဝေးဖြစ်စေသော Show ပွဲများ ပြုလုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးကြီးများဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း ၊ အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်း လုံး၀ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်။

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

ထို့ကြောင့် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်များ အစုလိုက် အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများ အနေဖြင့် ထုတ်ပြန်ချက်ပါ လိုက်နာရမည့်အချက်များကို တိကျစွာ လိုက်နာကြရန် AA ကပန်ကြားထားသည်။

“ရခိုင်ပြည်သူတွေက လွပ်လပ်ရေးအတွက် ရင်းထားရတာ အများကြီးပဲ။ ရမ်းဗြဲ လိုပျက်စီးသွားတဲ့မြို့တွေအထိ ပေးဆပ်ခဲ့တာ။ တပ်တော်က လိုအပ်လို့ထုတ်ပြန်ပေမယ့် ညီမတို့ကလည်း ကိုယ့်အသိနဲ့ကိုယ် သက်ြန်ကို Boycott မှာပါ။ ဒါက တကယ် ပျော်စရာမှမဟုတ်တာ။ ဝင်နွှဲစရာမရှိပါဘူး”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။

သတင်း

သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းအား ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိပြီး မြို့အားသိမ်းပိုက်ရရှိသည့် အခြေအနေဖြစ်ကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ပစ်ကွင်းရှင်းရန်အတွက် မြို့ရှိ နေအိမ်အဆောက်အဦးများအား လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း၊မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖျက်ဆီးထားခြင်းဟု ဆိုသည်။