Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွယ်ဂျယ်မြို့မှရရှိသည့် ကျပ်သိန်း ၅သောင်းကျော် KIO ဘဏ္ဍာရေးဌာနထံ အပ်နှံ

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

(လွယ်ဂျယ်မြို့ ခလရ(၁၄၂)တပ်ရင်းအတွင်းမှ သိမ်းဆည်းရရှိသော ငွေများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လွယ်ဂျယ်မြို့ ခလရ(၁၄၂)တပ်ရင်းအတွင်းမှ သိမ်းဆည်းရရှိသော ငွေများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️အောင်ပွဲသည် စုပေါင်းလုပ်ဆောင်မှုရလဒ် ဖြစ်၍ အများနှင့်သက်ဆိုင်ဟု အသိပေး

ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီ၏ ခလရ(၁၄၂)တပ်ရင်းအား သိမ်းပိုက်စဉ် ကျပ်သိန်းပေါင်း ၅သောင်းကျော်( ၅,၃၅၈,၂၀၀,၀၀၀)ရရှိခဲ့ရာ အဆိုပါ ငွေများအား KIA တပ်မဟာ(၃) တပ်မဟာမှူးက အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်း ပေးအပ်ပြီးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေး ရှင်းလင်းသည်။

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

အဆိုပါစည်းမျဉ်းတွင် တိုက်ပွဲမှရရှိသော ငွေကြေးနှင့် တန်ဖိုးရှိသော ပစ္စည်းများအား ဘဏ္ဍာရေးဌာနသို့ အပ်နှံရန်၊ ပြည်သူမှ အောင်ပွဲအတွက် အလှူငွေပေးပါက အလှူငွေ စာရင်းနှင့်တကွ ဘဏ္ဍာရေးဌာနသို့ အပ်နှံရန် အချက်များ ပါရှိပြီး အောင်ပွဲဆိုသည်မှာ အားလုံးစုပေါင်း လုပ်ဆောင်မှု၏ရလဒ်ဖြစ်၍ အများနှင့် သက်ဆိုင်သည်ဟု သတ်မှတ်ဖော်ပြထားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သတ်မှတ်စည်းမျဉ်းများအတိုင်း လွယ်ဂျယ်မြို့မှ ရရှိသော ကျပ်သိန်း ၅သောင်းကျော်ကို တပ်မဟာ(၃)တပ်မဟာမှူးက ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်း ပေးအပ်ပြီးဖြစ်ကြောင်း ဖော်ပြသည်။

ဘဏ္ဍာရေးဌာန လုပ်ထုံးလုပ်နည်းများနှင့် အခြား အကြောင်းအရာများကို ထပ်မံရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဂွန်မော်က အသိပေးထားသည်။

KIAသည် လွယ်ဂျယ်မြို့ကို မတ်လကုန်ပိုင်းက စတင်ဝိုင်းရံပိတ်ဆိုကာ ဧပြီလဆန်းတွင် မြို့တွင်း ဝင်ရောက်နေရာယူပြီး မြို့၌ ကျန်နေသည့် စစ်ကောင်စီတပ် ခလရ(၁၄၂) တပ်သားများ သည် ဧပြီ ၈ရက်ညပိုင်း၌ တရုတ်ဘက်သို့ ထွက်ပြေးသွားပြီးနောက် အဆိုပါ တပ်ရင်းကိုပါ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လောလောဆယ်အခြေအနေတွင် မြဝတီမြို့၌ တိုက်ပွဲဖြစ်လာနိုင်ဖွယ်မရှိိကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း KIA က ပြီးခဲ့သည့် နှစ်ပိုင်းကတည်း က အသိပေး​ကြေညာထားသည်။

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။