Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အင်အား ၅၀၀ကျော်ရှိ မောင်တောမြို့နယ် ကြိမ်ချောင်းဗျူဟာစခန်းသိမ်းရဟု AA ထုတ်ပြန်

မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် တွင်လည်း ဧပြီ ၁၀ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး၈ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)

▪️ရန်သူ့အလောင်းများစွာနှင့် စစ်သုံ့ပန်းအချို့၊ လက်နက်ခဲယမ်းများစွာရဟု ဖော်ပြ

▪️အမ်းအခြေစိုက် နပခ စစ်တိုင်းနှင့် စကခ-၁၅၊ စကခ -၅ အပါအဝင် ကျန်စစ်ကောင်စီစခန်းတိုင်းကို ထိုးစစ်ဆင်မည်ဟုဆို

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့ရှိ ကြိမ်ချောင်းဗျူဟာစခန်းအား ဧပြီ ၁၂ရက်တွင် သိမ်းပိုက် နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

AA အနေဖြင့် အဆိုပါတပ်စခန်းအား သိမ်းပိုက် နိုင်ရေး လနှင့်ချီ ဝန်းရံပိတ်ဆို့ကာ မတ်လ ၂၃ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ရာ ရက် ပေါင်း ၂၀ကျော်အကြာတွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ခန့် ၊ တပ်မိသားစုဝင် ၁၅၀ခန့်ရှိသည့် အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲတွင် ရန်သူ့အလောင်းအမြောက်အများ ၊ သုံ့ပန်းအချို့နှင့် တပ်မိသားစုဝင်အချို့ကိုဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ဟု ထုတ်ပြန်သည်။ ယင်းစခန်းတွင် ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနှင့် ဒုဗိုလ်မှူးကြီးရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်ပြီး AA၏ထိုးစစ်အား အသည်းအသံ ခုခံနေသော ဗျူဟာဖြစ်သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ကြိမ်ချောင်းဗျူဟာတိုက်ပွဲတွင် AA ဘက်က ထိခိုက်ကျဆုံးသူ အချို့ရှိခဲ့သည်ဟုလည်း ဖော်ပြသည်။

AA အနေဖြင့် ယခင်ထုတ်ပြန်ထားသည့်အတိုင်း လက်နက်ချအညံ့မခံသေးသောအကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့ပြီး ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံသတိပေးသည်။

စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅)အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားခဲ့မှုကိုလည်း အသိပေးထုတ်ပြန်သည်။

ဧပြီ ၁၀ရက်က အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက်၌ စစ်ကောင်စီ အင်အား (၅၀) ခန့်ပါစစ်ကြောင်း နှင့် AA နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်အကျဆုံးရှိခဲ့ပြီး နပခဌာနချုပ်ရှိရာ အမ်းသို့ ပြန်လည် တပ်ဆုတ်သွားသည်ဟု ဖော်ပြသည်။ တိုက်ပွဲအတွင်း AA ဘက်က ထိခိုက်သူ အချို့ရှိခဲ့သည်ဟုလည်း အသိပေးသည်။

ဧပြီ၁၁ရက်ကလည်း အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားရာ ရန်သူ့ဘက်မှ မျက်မြင် ငါးဦး သေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု AAက ထုတ်ပြန်ပြီး AA ရဲဘော်များလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် တွင်လည်း ဧပြီ ၁၀ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး၈ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။