Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကြီးမားနေဟု IEC ထုတ်ပြန်

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

(ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှပ်မိုင်းကို KNDFတပ်ဖွဲ့ဝင်များက ရှင်းလင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-KNDF)
(ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှပ်မိုင်းကို KNDFတပ်ဖွဲ့ဝင်များက ရှင်းလင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-KNDF)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစုတွင် မြေမြှုပ်မိုင်းများအပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်းကျန်စစ်သုံးပစ္စည်းများ အန္တရာယ်ကြီးမားနေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ ထုတ်ပြန်သည်။

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

“ကရင်နီမှာ ဒီနှစ်ထဲဆို မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၃၀ ကျော်လောက်ရှိတယ်။အဓိကတော့ မိုင်းအန္တရာယ်အကြောင်း သိပ်မသိကြသေးတာလည်းပါတယ်”ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲ၊ဖယ်ခုံအပါအဝင် ကရင်နီပြည်နယ် ဒီးမော့ဆို၊ဖရူဆို၊လွိုင်ကော်မြို့အစရှိသည့် တိုက်ပွဲ ဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းများစွာကို လူနေရပ်ကွက် များ၊သာသနာရေးဆိိုင်ရာ အဆောက်အအုံများ၌ အသုံးပြုလျှက်ရှိကြောင်းလည်း ၎င်းက ဆိုသည။

မကြာသေးမီရက်ပိုင်းကပင် ဒီးမော့ဆိုမြို့နယ်၊ပူဖားကျေးရွာမှ နွားကျောင်းနေသည့် (၁၄)နှစ် အရွယ် ကလေးတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ထုတ်ပြန်ထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနှင့် လက်တွဲ၍ ပြည်သူများ နေထိုင်သည့် ရပ်ကွက်၊ကျေးရွာများအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်ရွက်နေကြောင်း အသိပေးသည်။

ထို့အပြင် ပြည်သူများထိခိုက်မှု လျော့ကျစေရန် အင်အားစုအသီးသီးနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လေကြောင်းရန် အန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ကြိုးပမ်းနေကြောင်းလည်း IEC က ပြောသည်။

ထို့ကြောင့် မိုင်းများနှင့် စစ်သုံးပစ္စည်းအန္တရာယ်မှ ကာကွယ်ရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့် တော် လှန်ရေးတပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ ပြည်သူ များအနေဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည် နေထိုင်ခြင်း မပြုရန် သတိပေးထားသည်။

ပြန်လည်အခြေချ နေထိုင်ခွင့်ရှိသည့် အချို့သော ရပ်ကွက်၊ ကျေးရွာများတွင် သတ်မှတ်ထားသည့် နေရာ၌သာ နေထိုင်သွားလာရန် ကန့်သတ်ထားသည့် နေရာများသို့ သွားလာခြင်း လုံးဝမပြုလုပ်ရန်နှင့် ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ထိတွေ့ခြင်း (သို့မဟုတ်) တူးဖော်ထုနှက်ခြင်း၊ နေရာရွေ့ခြင်းနှင့် ယူငင်သိမ်းဆည်းထားခြင်း လုံးဝမပြုလုပ်ရန် အသိပေးသည်။

ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်ရာ တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများကို ချက်ခြင်းအကြောင်းကြားရန် IEC က တိုက်တွန်းသည်။

သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအုပ်စု၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးတပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ လိုအပ်ချက်အရ ထုတ်ပြန်သည့် မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာရန်လည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။