Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတပ်ဖွဲ့များအချင်းချင်း စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း CNF ပြော

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

(စစ်​ရေးပြ အခမ်းအနားတစ်ခုတွင် CNF/CNA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-Chinland Information Centre)
(စစ်​ရေးပြ အခမ်းအနားတစ်ခုတွင် CNF/CNA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-Chinland Information Centre)

ဟန်နွေ/People’s Spring

ချင်းလက်နက်ကိုင်တပ်ဖွဲ့များ အကြား စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းညီနောင်အဖွဲ့ဝင် များဖြစ်သည့် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသား အဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်(CNC/CDF-Mindat)၊ CDF-ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁) တို့က မေလ ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ CNF ဦးဆောင်သည့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် တပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုသည်ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေကြောင်း ဖော်ပြခဲ့သည်။

ချင်းအမျိုးသား အချင်းချင်းအကြား ထိပ်တိုက် ထိတွေ့မှု ရှောင်ရှားနိုင်ရန် ချင်းညီနောင် အနေဖြင့် အတန်တန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားပါကချင်းညီနောင် အဖွဲ့ဝင်များ အတူပူးပေါင်း တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုအခြေအနေသည် တော်လှန်ရေး၌ ဖြစ်လေ့ဖြစ်ထရှိသည့် စစ်ရေးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှု ဖြစ်သည်ဟု ပြောသည်။

ချင်းတပ်ဖွဲ့အချင်းချင်းအကြား စစ်ရေးပဋိပက္ခ မဖြစ်စေရန် ကြိုးပမ်းရန် ရှိမရှိ မေးမြန်းရာ ဆလိုင်းထက်နီက “ကြိုးပမ်းနေပါတယ်၊ စကစ က အတွင်းထဲ လာကစားမှာကိုလည်း သတိထားရတယ်၊အခုတောင်ဒေသငြိမ်းချမ်းရေးအကြောင်းပြပြီး တဖွဲ့ချင်းကို ချဉ်းကပ်မှု လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းကြားရတယ်” ဟု ပြောကြားသည်။

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

CNF နှင့် စစ်ရေးတင်းမာနေသည့်ချင်းညီနောင်တပ်ဖွဲ့သည် ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ် ပြုလုပ်ထားသည့် အဖွဲ့များဖြစ်သည်။ ယင်းအနက် MDF မာရာ တပ်နှင့် CNF/CDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။