Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျင်ဒွေးမြို့အား သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်​ကြောင်း ချင်းညီနောင်တရားဝင်ထုတ်ပြန်

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၂ရက်မှ စတင်ခဲ့ရာ ၄လကျော် ကြာမြင့်ခဲ့ပြီး နယ်မြေခံ CDF-ကန်ပက်လက်၊ အခြား CDFပူးပေါင်းတပ်ဖွဲ့များနှင့် PDFများက တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကျင်​ဒွေးမြို့အတွင်းရှိအ​ဆောက်အအုံတစ်လုံး
ကျင်​ဒွေးမြို့အတွင်းရှိအ​ဆောက်အအုံတစ်လုံး

ထားမြတ်၊​စော​နွေဦး /People’s Spring

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းညီနောင်က သတင်းထုတ်ပြန်သည်။

ကျင်ဒွေးမြို့ စခန်းအား ဧပြီ ၂၉ရက် နံနက်တွင် စခန်းတစ်ခုလုံး သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်းကို ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)CNC-Mindat ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) CDF-ကန်ပက်လက်၊ CDF-မတူပီ တပ်မဟာ(၁) တို့ စုပေါင်းထားသည့် ချင်းညီနောင်က ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။

ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သော လက်နက်များ
ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သော လက်နက်များ

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၂ရက်မှ စတင်ခဲ့ရာ ၄လကျော် ကြာမြင့်ခဲ့ပြီး နယ်မြေခံ CDF-ကန်ပက်လက်၊ အခြား CDFပူးပေါင်းတပ်ဖွဲ့များနှင့် PDFများက တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုနောက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ မတ် ၇ ရက်တွင် ပြောင်းလဲသတ်မှတ်ပြီး ချင်းညီနောင်အဖွဲ့ဝင်တပ်များ၊ PDF, YDF, GZAနှင့် LPDFများပါဝင်တိုက်ခိုက်ခဲ့သည်ဟုအသိ​ပေးသည်။ထိုအဖွဲ့များနှင့်အတူ အာရက္ခတပ်တော်၏ အကူအညီဖြင့် စစ်ဆင်ရေးအရှိန်အဟုန်မြင့်တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုထားသည်။

ထိုစစ်ဆင်ရေးသတ်မှတ်ပြီး ၅၄ ရက်အကြာ ဧပြီ ၂၉ ရက်မနက်ပိုင်းတွင် စခန်းတခုလုံးကို သိမ်းပိုက်ခဲ့သည်ဟုချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု၊ တပ်ကူပေးမှု အပါအဝင် လေကြောင်းအကူ ပေးသည့် အခြေအနေပြ ဇယားကို ဖော်ပြခဲ့ရာ အကြိမ် ၃၂၃ ကြိမ်ရှိခဲ့ပြီး တိုက်လေယာဉ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ကင်းထောက်ခြင်း၊ လေကြောင်းမှ ပစ္စည်းထုပ်များ ချပေးခြင်း တို့ ပါဝင်သည်။

မြို့ဝင်ဆိုင်းဘုတ်
မြို့ဝင်ဆိုင်းဘုတ်

ကျင်ဒွေးမြို့ မကျရေး စစ်ကောင်စီက အင်အားအလုံးအရင်းသုံး ခုခံကာကွယ်ခဲ့၍ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့တွင် ပါဝင်သည့် CDF တပ်ဖွဲ့တစ်ခုမှ စစ်ရေးသတင်းရင်းမြစ်က ၎င်း၏ လူမှုကွန်ရက်တွင် ရှင်းပြ အသိပေးသည်။

“ရဟတ်ယာဉ်ကနေချတဲ့ စစ်ကူ၅၀၀ ကျော် ၊ မြေပြင်မှာ လေယာဉ်ပြတ်တဲ့ချိန်လို့မရှိ ၊ နိုင်ငံချင်းတိုက်တဲ့တိုက်ပွဲတစ်ခုလို စစ်တပ်ကတိုက်ခဲ့တာပါ ဂျက် ၇စီးနဲ့ MI ၄စီး တစ်ပြိုင်နက် ပစ်ခဲ့တဲ့အချိန်လည်းရှိတယ်/အခုလည်း တိုက်ပွဲပြင်းနေပါတယ် ။ကိုယ့်ဖက်က အကျဆုံးများသလို သူတို့ဖက်ကလည်းခေါင်းမမာနိုင်တော့ပါဘူး လောင်းရှည်ဖက်ကနေ စကစ ၄၀၀ စစ်ကူပြင်နေသလို မြေပြင်ဖက်ကလည်း မရမချင်းတိုက်မှာပါ။တိုက်ပွဲပြီးမှ အသေးစိတ်အချက်

အလက်တွေကို သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်”ဟု CDF တပ်မှူး တစ်ဦးကဧပြီ ၃၀ ရက်တွင်၎င်း၏ Facebook၌ ရေးသား ဖော်ပြသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို လက်နက်ခဲယမ်း အပါအဝင် အခက်အခဲ မျိုးစုံ ကြားမှ တိုက်ပွဲကို ရပ်နားခြင်းမရှိဘဲ ဖော်ဆာင်ခဲ့ကြောင်း၊ မတ်လ ၇ရက်တွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ပြောင်းလဲ သတ်မှတ်ပြီး ချင်းညီနောင် တပ်ဖွဲ့ဝင်များ၊ PDF၊ YDF၊ GZA၊ LPDF တပ်ဖွဲ့များ ပူးပေါင်း၍ AA၏ အကူအညီနှင့်အတူ စစ်ဆင်ရေးကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး ကျင်ဒွေးမြို့စခန်းကို ချင်းညီနောင် စစ်ဆင်ရေးစတင်ပြီး ၅၄ရက်မြောက်နေ့၌ သိမ်းနိုင်ခဲ့သည်ဟု အသိပေးသည်။

“နောက်ဆုံး စခန်းကို အပြီးသတ်သိမ်းတဲ့နေမှာ လေကြောင်းက တနေကုန်ရက်ဆက် တပတ်လောက်ကျဲခဲ့တာ။ ဒီထဲမှာ ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီးပဲ။ ထိခိုက်ကျဆုံးတာတွေလည်းရှိတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ဒဏ်ရာရရှိသည့် တော်လှန်ရေးရဲဘော်များကို ထိခိုက်စေရန်အတွက် ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ဖွင့်လှစ်ထားသည့် ဝမ္မသူးဆေးရုံကိုလည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆက်​ပြောသည်။

ကျင်း​ဒွေးမြို့အပါအဝင်​ဒေသတွင်း​မြေပုံ
ကျင်း​ဒွေးမြို့အပါအဝင်​ဒေသတွင်း​မြေပုံ

မြို့သိမ်းတိုက်ပွဲလေးလကျော်ကာလအတွင်းတိုက်ပွဲဝင်ခဲ့ကြသည့် ထောက်ပို့ပြည်သူများနှင့် စစ်သည်တော်များ၏ ပြောင်မြောင်သောတိုက်ရည်ခိုက်ရည်၊ရဲစွမ်းသတ္တိနှင့် အမိန့်နာခံမှုတို့အပေါ်ချင်းညီနောင်များအဖြေင့် လေးနက်စွာအသိအမှတ်ပြုကြောင်းနှင့် အသက်နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် စစ်သည်ဆော်များကို လေးနက်စွာ အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

ကျင်​ဒွေးမြို့ သည် ရွာမှ မြို့အဖြစ်သို့ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၉ ဧပြီလတွင် အဆင့်မြှင့်တင်​ပေးခဲ့ခြင်းဖြစ်ပြီး မြို့တွင် လူဦး​ရေ တစ်​ထောင်​ကျော်​နေထိုင်သည် ။​မြောက်ဘက်တွင် ကန်ပက်လက်မြို့ ၊ ​အ​ရှေ့​မြောက်ဘက်တွင် မင်းတပ်မြို့နှင့် ​ကျောက်ထုမြို့ ၊ အ​ရှေ့ဘက်တွင် ​ဆောမြို့ ၊ အ​​နောက်ဘက်တွင် ​ရခိုင်ပြည်နယ်ကျောက်​တော်မြို့တို့ တည်ရှိသည်။ ​ဒေသတွင်း လမ်းပန်းဆက်သွယ်​ရေး ၊ စစ်​ရေးအရ အ​ရေးပါ​သော မြို့ဖြစ်​ကြောင်းလည်း သိရသည်။

(ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သော လက်နက်များ /ကျင်​ဒွေးမြို့အတွင်းရှိအ​ဆောက်အအုံတစ်လုံး/ ​ကျင်း​ဒွေးမြို့အပါအဝင်​ဒေသတွင်း​မြေပုံနှင့် မြို့ဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ- ချင်းညီ​နောင် ၊CJ)

ဆက်စပ်သတင်းများ

သတင်း

ကျင်ဒွေးမြို့ကို CDFများနှင့် ယောဒေသရှိ PDFများက စတင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် AAပါဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စိန်လုံဗျူဟာကုန်းသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ(၂၁) တပ်မမှူးထိုင်သည့် ဗျူဟာကုန်းဖြစ်ပြီး ၄၇ မိုင်ခန့်ရှည်သော မိုးမောက်-လွယ်ဂျယ် တောင်ပေါ်လမ်းပိုင်းမှ အကြီးဆုံး တပ်စခန်းလည်းဖြစ်သည်။

သတင်း

မတ်လ ၇ရက်မှ စတင်ပြီး KIAက မိုးမောက်၊ ဝိုင်းမော်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းဌာနချုပ်များကို တိုက်ခိုက် သိမ်းပိုက် လျက်ရှိရာ မတ်လ ၁၄ရက်တွင် နောက်ထပ် တပ်ရင်းတစ်ခုသိမ်းနိုင်မည့် အခြေအနေဖြစ်သည်။

သတင်း

ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို့ ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။