Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလစိုးရိမ်မကင်းဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ်

ထားအိ/People’s Spring

မေ ၁ ရက်တွင် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာ့အရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို စဥ်ဆက်မပြတ် ရှုတ်ချကြောင်းပြောသည်။

“စစ်မက်ပြုခြင်း ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု လမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ ကူညီရေး လုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထိန်းချုပ်ထား​သော​ဒေသများပြ​မြေပုံ
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထိန်းချုပ်ထား​သော​ဒေသများပြ​မြေပုံ

ရခိုင်ပြည်နယ်၌ စနစ်တကျ ခွဲခြားဆက်ဆံခံခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် လမ်းကြောင်းတခု တည်ဆောက်ရာမှာ အရေးပါပြီး ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်မှုသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု သံသရာလည်ပတ်နေမှုကို ပိုမို ဆိုးရွားလာစေလိမ့်မည်ဟု ကုလသမဂ္ဂမြန်မာရုံးက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိ လွန်စွာမတည်မငြိမ်ဖြစ်နေသည့် အခြေအနေတွင် ပြန်လည်ပေါ်ပေါက်လာနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များရှိလာချိန်တွင် လူမှုသဟဇာတဖြစ်မှု (social cohesion)ကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းနေကြပြီး အတူတကွ လက်တွဲလုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များကို ကုလသမဂ္ဂက အပြည့်အဝ ထောက်ခံအားပေးကြောင်း စတိဗ်ဒူဂျာရစ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာများအား အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ အာရက္ခတပ်တော်(AA)ကို အလိုမရှိမကြောင်း၊ စစ်ပွဲရပ် စသည့်လုပ်ကြံဆန္ဒပြစေခြင်းတို့ ဖန်တီးလုပ်ဆောင်နေပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာ၀န်ရှိသူများက ပြောဆိုထားသည်။

ထို့အပြင် ရက္ခိုင်အမျိုးသားအဖွဲဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ULA/AA အနေဖြင့် ရက္ခိုင်ပြည်ရှိ ရိုဟင်ဂျာ(မူရင်းတွင် ဘင်္ဂလီမူဆလင်ဟုသုံးနှုန်း)အသိုင်းအဝိုင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် မမှန်မကန်လုပ်ကြံဖန်တီးမှုများနှင့် စွပ်စွဲမှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုအပြင် ARSA ၊ RSO ၊ ARA စသည့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့် စစ်​ကောင်စီကစစ်သင်တန်း​ပေးထား​သော ရိုဟင်ဂျာလူငယ်များက စစ်​ကောင်စီနှင့်အတူ အာရက္ခတပ်​တော်ကို တိုက်လိုက်မှုများရှိလာ​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များနှင့် AA က​ပြောသည်။

အာရက္ခတပ်တော်(AA)သည် ရက္ခိုင်ပြည်ရှိ လူမျိုး၊ ဘာသာ အုပ်စုတိုင်းကို အကာအကွယ်ပေးရန် ရပ်တည်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့်အပြစ်မဲ့ မွတ်ဆလင်အရပ်သားကိုမျှ ရည်ရွယ်ချက်ရှိရှိ ဦးတည်သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်းနှင့် ယခုနှင့် နောက်နောင်တွင်လည်း မွတ်ဆလင်များအပါအဝင် ရက္ခိုင်ပြည်တွင်း ပြည်သူများအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးသည်။

AA ကချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ရခိုင်ပြည်နယ်မှ ​မြောက်ဦး၊​ကျောက်​တော် ၊​မင်းပြား၊ပေါက်​တော ၊​ ​မြေပုံ ၊ပုဏ္ဏကျွန်း ၊ရ​​သေ့​တောင်မြို့နယ်ရှိစစ်တပ်စခန်းများကိုသိမ်းပိုက်၍ အဆိုပါ​ဒေသများကို သိမ်းပိုက်ထိန်းချုပ်ထာယသည်။ ရိုဟင်ဂျာ လူဦး​ရေ များ​​သော ​မောင်​တော ၊ဘူးသီး​တောင် မြို့နယ် များရှိ စစ်​ကောင်စီတပ်စခန်းများ ၊နယ်ခြား​စောင့် စခန်းများကို အာရက္ခတပ်​တော်က ဆက်တိုက်သိမ်းပိုက်လာချိန်တွင် စစ်​ကောင်စီသည် AA နှင့်ရိုဟင်ဂျာပြည်သူများကြား လူမျိုး​ရေး ၊ဘာသာ​ရေး ပြသ၊နာ ဖန်တီး​နေခြင်းဖြစ်သည်။ထိုအပြင် စစ်အုပ်စုနှင့် ယခင်ကတည်းက နီးစပ်​သော ARSA ၊ RSO ၊ စသည့်အဖွဲ့များက စစ်​ကောင်စီဘက်မှ ကူတိုက်ပြီး ပြသာနာကိုပိုကြီးမား​အောင် ဖန်တီး​နေကြခြင်းဖြစ်​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ် နှင့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထိန်းချုပ်ထား​သော​ဒေသများပြ​မြေပုံ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။