Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်နေ၊ အောင်ဇေယျစစ်ကြောင်း ရှေ့မတိုးနိုင်သေး

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ
အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ

ဒီးဒို/People’s Spring

မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အောင်ဇေယျစစ်ကြောင်းသည် အာရှလမ်းမ၌ တိုက်ခိုက်ခံရပြီးနောက် ဒေါနတောင်ပေါ် တောအတွင်းဝင်ရောက်သွားပြီး လက်ရှိတွင် တောနောရေတံခွန်အနီးဝန်းကျင်၌ ရှိနေသည်ဟု အဆို ပါ စစ်မျက်နှာပြင်ရှိ အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ထိတွေ့မှုကနေ့တိုင်းရှိတယ်။ အဖွဲ့ကလည်းများတယ်။ နေရာကလည်းကျယ်တော့”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာမှုရှိ၊မရှိနှင့်ပတ်သက်ပြီး မေးမြန်းရာ” သူတို့က နေ့တိုင်းတိုးဖို့ ကြိုးစားတယ်။ ဒီနေရာမရရင် နောက်နေရာ အဲ့လိုပဲ။ အဲ့နား(တောနောရေတံခွန်) တစ်ကျောပဲ ရှိသေးတယ်”ဟု ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ထိခိုက်မှုများပြီး အောင်ဇေယျစစ်ကြောင်းမှ ရရှိသော ရုပ်အလောင်းများတွင် တပ်မ(၅၅)တံဆိပ်များ အများစုတွေ့ရ၍ တပ်မ(၅၅)တစ်ခုလုံး အင်အားသုံးလာခြင်းဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းက အာရှလမ်းမ၌ တင့်ကားများတိုက်ခိုက်ခံရပြီးနောက် တောတွင်းမှ ခြေလျင်စစ်ကြောင်းထိုးနေသည်ဟု အဆိုပါ ရဲဘော်က ဆက်ပြောသည်။

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂) ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ
အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ

ဧပြီ ၁၁ရက်ညပိုင်းတွင် ကော့ကရိတ်မြို့သို့ စစ်ကြောင်းဝင်ရောက်လာပြီး ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပြန်သည်။ အောင်ဇေယျစစ်ကြောင်းသည် ကော့နွဲ့ကျေးရွာအနီး၌ ရပ်တန့်နေခဲ့ရပြီးနောက် တတန်းကူးကျေးရွာအနီးအရောက်တွင် နှစ်ပတ်ခန့်အကြာရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေရာမှ ယခုအခါ ဒေါနတောင်ပေါ်သို့ ရောက်နေခြင်း ဖြစ်သည်။

အဆိုပါ အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် အင်အား ၅၀၀ကျော်ပါရှိနိုင်ဟု ယူဆရကြောင်း တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ SOG စစ်ကြောင်းမှူး စောအောင်က သုံးသပ်သည်။

ဒေါတောင်ပေါ်၌ တိုက်ပွဲဖြစ်နေသည့် နေရာမြေပုံအား တွေ့ရစဥ်
ဒေါတောင်ပေါ်၌ တိုက်ပွဲဖြစ်နေသည့် နေရာမြေပုံအား တွေ့ရစဥ်

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှာ မြေပြင်စစ်ကြောင်းထိုးမှု ထိရောက်စွာမလုပ်နိုင်၍ လေကြောင်းမှ မြဝတီမြို့သို့ အင်အားပို့နေခြင်းဖြစ်သည်ဟု တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိ​ပေးထားသည်။

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

(အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များနှင့် ဒေါတောင်ပေါ်၌ တိုက်ပွဲဖြစ်နေသည့် နေရာမြေပုံအား တွေ့ရစဥ်။ဓာတ်ပုံ – ကောါဘရာစစ်ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။