Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲ ​နောက်ကွယ်…

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကန်ပက်လက်မြို့နယ်ထဲမှာရှိတဲ့ ကျင်ဒွေးမြို့ဟာ ဧပြီ ၂၉ ရက်စပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်ကနေ ဒေသခံကာကွယ်ရေးတပ်တွေ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပါပြီ။

ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်
ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်

စောနွေဦး/People’s Spring

​လေးလ​ကျော်ကြာခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရ​တဲ့ ကျင်​ဒွေးမြို့တိုက်ပွဲမှာ အဓိကကြုံခဲ့ရ​တဲ့အခက်အခဲတစ်ခုမှာ စစ်​ကောင်စီတပ်က က​လေးငယ်​တွေနဲ့ အမျိုးသမီး​တွေကိုပါ​လက်နက်​တွေပေး၍စစ်တိုက်ခိုင်းခဲ့ခြင်းဖြစ်​တယ်လို့ ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကဖွင့်ဟပါတယ် ။

“အဆိုးဆုံးကြုံရတာ ၁၁နှစ်၊ ၁၂ ရွယ်ကလေးတွေကို လက်နက်ကိုင်ပြီး ပျူစောထီးတွေက တိုက်ခိုင်းတာပါ။ သေနတ်တောင်ကောင်းကောင်းမကိုင်တတ်တဲ့ ကလေးတွေကို ပစ်ဖို့ဆို တော်တော်လေးမလွယ်ကူသလို၊ အခက်ကြုံခဲ့ရပါတယ်။ နောက်ပြီး မိန်းမတွေကိုကော သေနတ်ကိုင်တိုက်ခိုင်းတာတွေရှိတယ်”လို့ ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သူ၏အတွေ့အကြုံကို လူထု​နွေဦးသို့ ပြောပြပါတယ်။

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကန်ပက်လက်မြို့နယ်ထဲမှာရှိတဲ့ ကျင်ဒွေးမြို့ဟာ ဧပြီ ၂၉ ရက်စပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်ကနေ ဒေသခံကာကွယ်ရေးတပ်တွေ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပါပြီ။

Public Service Announcement

Public Service Announcement

ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်
ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်

တစ်ကယ်​တော့ ကျင်ဒွေးမြို့ဟာ ရွာကြီး အဆင့်ရှိသာသာပဲရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ လူဦး​ရေတစ်​ထောင်​ကျော်​နေထိုင်ပြီး ​ဒေသတွင်း လမ်းပန်းဆက်သွယ်​ရေးအတွက်အ​ရေးပါတဲ့ ကျင်​ဒွေးကို ရွာအဖြစ်က​နေ မြို့အဖြစ် ၂၀၁၉ ဧပြီလဆန်းမှာ ​ရွေး​ကောက်ခံအရပ်သားအစိုးရက အဆင့်မြှင့်တင်ဖွင့်​ပေးခဲ့တာဖြစ်ပါတယ် ။ဒါ​ကြောင့် မြို့ဖြစ်လာတာ ၅ နှစ်ပဲ ရှိ​သေးတာပါ။

သာမာန်အချိန်ဆိုရင် ကျင်ဒွေးမြို့ဘယ်နားရှိကြောင်းကို ပြည်သူအများစု သိကြမယ် မထင်ပါဘူး။ ချင်း​ညီ​နောင်တပ်​တွေ ၊ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်​တွေ၊ အာရက္ခတပ်​တော်-AA နဲ့ အခြား​တော်လှန်​ရေးတပ်တွေက စစ်ကောင်စီလက်ထဲက လေးလ​ကျော်ကြာ ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ပြီး​အောင်ပွဲရခဲ့တဲ့မြို့ဖြစ်တာကြောင့် အခုဆိုရင် လူသိများတဲ့ မြို့တစ်မြို့ဖြစ်လာပါပြီ။

ချင်းညီ​နောင်မှာဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)CNC-Mindat ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) CDF-ကန်ပက်လက်၊ CDF-မတူပီ တပ်မဟာ(၁) တို့ပါဝင်ပါတယ်။

ကျင်ဒွေးမြို့ကို CDF(ကန်ပက်လက်) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF ဂန့်ဂေါခရိုင်တပ်ရင်း နဲ့ မင်းဘူးခရိုင်တပ်ရင်းတွေက ဒီဇင်ဘာ ၂၃ ရက်မှ စတင်တိုက်ခိုက်ခဲ့ပါတယ်။

ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်
ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်

ဒီလိုတိုက်ခိုက်ဖို့ ပြင်ဆင်ချိန်မှာဘဲ စစ်ကောင်စီတပ်က သတင်းကြိုရသွားလို့ တိုက်ခိုက်မဲ့ရက်ကို နောက်ဆုတ်ခဲ့ရပါသေးတယ်။ မြို့ ကစစ်တပ်စခန်း​တွေတိုက်ခိုက်ခံရမယ့်ဆိုတာ ကြိုသိသွားတဲ့ စစ်​ကောင်စီတပ်က အနီးအနားမှာရှိ တဲ့ PDFတပ်စခန်းတွေကိုလေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စတင်တိုက်ခိုက်ချိန်မှာပဲ မြို့ထဲက စစ်​ကောင်စီတပ်စခန်း​တွေကို​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ခဲ့ပြီး​တော့ အချိန်တိုအတွင်း ကျင်ဒွေးမြို့တဝက်ကျော်ကျော်ကို စီးနင်းနိုင်ပါတယ်။ မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှာ မြို့ခံပြည်သူတွေကို ​တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်​ပေးခဲ့တာရှိပါတယ် ။ ဒါ​ပေမယ့် စစ်ကောင်စီရဲ့ဝါဒဖြန့်မှုကိုယုံကြည်ပြီး ​တော့ စစ်တပ်​ပေးတဲ့ လက်နက်​တွေယူပြီး ​တော်လှန်​ရေးတပ်​တွေကိုပြန်တိုက်တဲ့ ပျူစောထီးတွေလည်းရှိခဲ့ပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေဟာ ကျင်ဒွေးမြို့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းမှာသာအဓိက ခံစစ်ပြင်ခဲ့ပါတယ်။ ကျန်မြို့ဧရိယာတော်တော်များများကို ​တော်လှန်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါ​ပေမယ့် အ​ပေါ်မှာ​ပြောခဲ့သလိုပဲ ပျူ​စောထီး​တွေထဲမှာက​လေးငယ်​တွေ ၊အမျိုးသမီး​​တွေကပါ စစ်​ကောင်စီနဲ့အတူတိုက်ခိုက်ခဲ့တာ​ကြောင့် ​တော်လှန်​ရေးတပ်​တွေအတွက် ​မျှော်လင့်မထားတဲ့အ​ခြေအ​နေမို့ အခက်အခဲကြုံခဲ့ကြရပါတယ်။တကယ်​တော့ ​တော်လှန်​ရေးတပ်​တွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုး​တွေကို သိပြီး တခြားနည်းလမ်းမရှိ​တော့လို့ လက်နက်စွဲကိုင်ခုခံ​​တော်လှန်​နေကြတာဖြစ်ပါတယ်။ ​ဒါ​ကြောင့်​တော်လှန်​ရေးတပ်​တွေရဲ့ အဓိကပစ်မှတ်က စစ်အာဏာရှင်​တွေအတွက် အလုပ်အ​ကြွေးပြု​နေတဲ့၊ပြည်သူကိုနှိပ်စက် အကြမ်းဖက်​နေတဲ့ စစ်သား​တွေကိုပဲဖြစ်ပါတယ် ။ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေဟာ မတရားမှုကိုလုံးဝမကြိုက်လို့​တော်လှန်​နေကြတာဖြစ်ပါတယ် ။ ဒီအ​ခြေအ​နေမှာ စစ်​ကောင်စီရဲ့ ဝါဒမှိုင်းမိပြီး ပျူ​စောထီးဖြစ်​နေတဲ့အထဲမှာက​လေးငယ်​​​တွေ ၊အမျိုးသမီး​တချို့ပါ ပါ​နေတာ​ကြောင့် ပစ်ခတ်​ချေမှုန်းဖို့ ​တော်လှန်​ရေးတပ်သား​တွေအခက်ကြုံခဲ့ကြရတာဖြစ်ပါတယ် ။

ကျင်ဒွေးမြို့ဟာ စစ်ယူနီ​ဖောင်းချွတ်ပြီး အရပ်သားဝတ်စုံဝတ်အုပ်ချုပ်ခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ ချင်းပြည်နယ်၊လူမှုရေးဝန်ကြီး ဒေါက်တာ

ဘမောင်ရဲ့ ဇာတိဖြစ်ပါတယ်။ ဒါကြောင့်ကျင်ဒွေးမြို့ဟာ ဒေါက်တာဘမောင် အရှိန်အဝါနဲ့ လက်နက်ခဲယမ်း၊ရိက္ခာကို လိုသဘောက်အပြည့်အစုံရရှိထားပါတယ်။ ခံစစ်ကိုလည်း စစ်ကောင်စီရဲ့ အကောင်းဆုံးခံစစ်တစ်ခုအနေနဲ့ ပြင်ဆင်ထားပါတယ်။ကျင်းဒွေးခံစစ်ဟာ စစ်ကောင်စီတပ်ရဲ့ ခံစစ်အကောင်းဆုံး အဆင့် နံပတ် ၆တွင်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။ ဒီထဲမှာ စစ်ကောင်စီရဲ့ ဝါဒမှိုင်းမိထားတဲ့ ပျူစောထီးတော်တော်များများလဲရှိပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်က ​လေးလ​ကျော်အတွင်းလေကြောင်းကို အများအပြား အသုံးပြုခဲ့ပါတယ်။ ​လေ​ကြောင်းက​နေ စစ်ကူအင်အား ၅၀၀ ​ကျော်ပို့​ဆောင်ခုခံခဲ့ပါတယ်။

ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်
ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်မှာ ​တော်လှန်​ရေးတပ်တွေက နှစ်သစ်ကူးနားရက်အဖြစ် တိုက်ပွဲ ခေတ္တရပ်နားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စစ်ကောင်စီတပ်က လေကြောင်းက​နေ စစ်ကူ​တွေချပြီး မြို့ထဲကို တရကြမ်းထိုးစစ်ပြန်ဆင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ မင်းဘူးခရိုင်တပ်ရင်းတွေနဲ့ ဂန့်ဂေါခရိုင်တပ်ရင်းအချို့ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ မတ်၇ရက်မှာ​တော့ ချင်းညီနောင် တပ်ဖွဲ့ဝင်​တွေ၊ အာရက္ခတပ်တော် AA ကစစ်ကူ​တွေရယ်၊ PDF၊ YDF၊ GZA၊ LPDF တပ်ဖွဲ့များ ပူးပေါင်း အရှိန်မြှင့် တိုက်ခိုက်ခဲ့တာမှာ ချင်းညီနောင် စစ်ဆင်ရေးစတင်ပြီး ၅၄ရက်မြောက်​နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။

ချင်းညီ​နောင်စစ်ဆင်ရေးအဖြစ် ကြေညာချိန်မှာ စတင်ပြီး စစ်ကောင်စီတပ်က ကျင်ဒွေးမြို့ကို နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ​ကြောင့် အခုဆိုရင် ကျင်ဒွေးမြို့ရဲ့​နေရာအများစုဟာ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် အပျက်အစီးပုံဖြစ်​နေခဲ့ပါတယ်။

“ကျင်ဒွေးကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကရှမ်းမြောက်က တိုက်ပွဲတွေလောက် မသာရင်တောင် အဲ့ထက်တော့ မနည်းဘူး။ နေ့စဉ်ရက်စက်ပဲကြဲတာ”လို့ တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ လေးလကျော်အတွင်း စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး​တွေအပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၈၀ကျော်ပြုလုပ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မေ ၁ ရက်မှာထုတ်ပြန်ထားပါတယ်။

Y-12နဲ့ လက်နက်၊ရိက္ခာချပေးတာ ၁၁ ကြိမ်ရှိခဲ့ပါတယ် ။ Mi 17 ရဟတ်ယာဉ်ဖြင့် စစ်ကူချပေးတာ ၁၈ ကြိမ်ရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဧပြီလကုန်ပိုင်းမှာ​တော့ ကျင်ဒွေးမြို့အပြင် မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ ဝမ္မသူးဆေးရုံကိုပါ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဆေးရုံမှာ ဒဏ်ရာရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆေးကုသ​နေတယ်ဆိုတဲ့ သံသယနဲ့ဗုံးကျဲခဲ့တာကြောင့် ဆေးကုနေတဲ့ အရပ်သား ၅ ဦးသေဆုံးခဲ့ရပါတယ်။ ဆယ်နဲ့ချီတဲ့ပြည်သူ​တွေ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက ကျင်ဒွေးမြို့မှာ လက်ရွေးစဉ် တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတွေကို ထားခဲ့တယ်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက​ပြောပါတယ်။ AAက အရာရှိတချို့က​တောင် ကျင်ဒွေးကို တိုက်ခိုက်ရတာက စစ်ဌာနချုပ်တစ်ခုတိုက်ရထက် ပိုခက်ခဲတယ်လို့ မှတ်ချက်ပေးခဲ့တယ်လို့ သိရပါတယ် ။

“ကျင်ဒွေးမှာ CDF ကန်ပက်လက်ကရဲဘော်တွေ အသက်ပေးခဲ့ရတာအများကြီးပဲ။ AAနဲ့ မဟာမိတ်လုပ်ပြီးတိုက်ခဲ့ရတယ်။ AAဘက်ကလည်း အထိအခိုက်တွေရှိခဲ့တယ်။ ပြောချင်တာက ကျင်ဒွေးက လွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘူး”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ လောက်ကိုလည်း အရှင်ဖမ်းမီပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်။

အခုဆိုရင် ကျင်ဒွေးမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဧပျု​စောထီး​တွေကို ​တော်လှန်​ရေးတပ်ဖွဲ့တွေက သက်ဆိုင်ရာနယ်မြေအလိုက် လိုက်လံရှင်းလင်းနေပါတယ်။

“အခုသူတို့က ချောင်ပိတ်မိသွားပြီ သူတို့ထွက်ပြေးတဲ့နေရာက ထွက်ပေါက်မရှိတဲ့ နေရာပဲ”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ် ။

ကျင်ဒွေးမြို့ဟာ ပလက်ဝအပါအဝင် ချင်းပြည်နယ်က ကန်ပက်လက်၊ မင်းတပ်စတဲ့ မြို့တွေကို မကွေးတိုင်းက ဆောမြို့၊လောင်းရှည်မြို့တို့ ဆက်တဲ့ လမ်းကြောင်းမှာ တည်ရှိနေတာပါ။

အခု ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ မကွေးနဲ့ ရခိုင်ပြည်နယ်ကို ချင်းပြည်နယ်က တဆင့် စစ်ကောင်စီတပ်စခန်းတွေမရှိဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီဖြစ်ပါတယ်။ အဲဒီ​ဒေသ​တွေဟာစစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားပါပြီ။

ဒီ​ဒေသကို​တော်လှန်​ရေးတပ်တွေ တိုက်ခိုက်​ပေးပြီးလွတ်လပ်​အောင်လုပ်​ပေးဖို့ ဒေသခံပြည်သူ​တွေက တိုက် တွန်းခဲ့သလို တိုက်ပွဲအတွင်းမှာလည်း နိုင်ရာတာဝန်ကိုဝိုင်းထမ်း​ပေးခဲ့ကြပါတယ် ။

“ကျင်ဒွေးက ဘာလို့အချိန်အကြာကြီး အရင်းအနှီးများစွာပေးဆပ်ရလဲဆိုရင် စစ်ကောင်စီရဲ့ သွေးထိုးထားတဲ့ ဝါဒဖြန့်ချီမှုကို ယုံကြည်တဲ့သူတွေကြောင့်ပဲ။ ဒီလူတွေက အမှားကို အမှန်ထင်နေတော့ အခုလိုအရင်းအနှီးကြီးခဲ့ရတာပါ။ နောက်ဆုံးတော့လည်း ပြည်သူ့သာ အဓိကပါ။ ပြည်သူက အနိုင်တိုက်စေချင်တဲ့နေရာကို ကာကွယ်ရေးတပ်တွေက အနိုင်တိုက်ပေးလိုက်ပါပြီ” လို့မြို့သိမ်း တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ။

(ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-The Mindat Post ၊ CRD- ကိုပြည် ၊ YDF)

ဆက်စပ်သတင်းများ