Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးအိမ်စွန့်ခွာထွက်​ပြေးရသည့် ပြည်သူ ၃ သန်းကျော်ရှိလာခဲ့ပြီဟု ကုလထုတ်ပြန်

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာနောက်ပိုင်း တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူဦးရေသည်လည်း လျင်မြန်စွာမြင့်မားလာခဲ့ကြောင်း ထုတ်ပြန်သည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

ထားအိ/People’s Spring

နိုင်ငံတဝန်း ပြင်းထန်သောတိုက်ပွဲများအကြား အိုးအိမ်စွန့်ခွာထွက်​ပြေးရသည့် အရပ်သားပြည်သူ ၃ သန်းကျော်ရှိလာခဲ့ပြီဟု ကုလသမဂ္ဂမြန်မာရုံးက ယမန်နေ့(မေလ ၃ ရက်)တွင်သတင်းထုတ်ပြန်သည်။

အထက်ပါ အလွန်ဆိုးရွားသည့်မှတ်တမ်းမှာ လွန်ခဲ့သည့် ၆ လအတွင်း ၅၀ ရာခိုင်နှုန်း သိသာစွာမြင့်တက်လာခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်ကတည်းက ပိုမိုနက်ရှိုင်းလာသော လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းနှင့်အတူ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ချောက်ကမ်းပါး၌ ရပ်တည်နေပြီး တိုင်းပြည်၏ နေရာအနှံ့အပြားတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည့် အိုးအိမ်စွန့်ခွာသူဦးရေမှာ စံချိန်တင်များပြားခဲ့သည်။ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ သန်းအနက် ၂.၇ သန်းကျော်မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော ပဋိပက္ခနှင့် မလုံခြုံမှုကြောင့် ထွက်ပြေးစွန့်ခွာခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါလူဦးရေ ၃ သန်း အနက် သုံးပုံတစ်ပုံ(၁သန်းခန့်)မှာ ကလေးငယ်များဖြစ်ပြီး ၎င်းတို့မှာ ပဋိပက္ခကြောင့် ပညာရေးနှင့် အနာဂတ်များ ဆုံးရှုံးပျက်စီးခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာနောက်ပိုင်း တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူဦးရေသည်လည်း လျင်မြန်စွာမြင့်မားလာခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းရင်ဆိုင်နေရသည့်အရေအတွက်မှာ ၁၈.၆ သန်းခန့်ရှိပြီး ယခင်နှစ်ထက် ၁ သန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူ ၁၈.၆သန်းအနက် ၆ သန်းမှာ ကလေးငယ်များ ဖြစ်သည်ဟုဆိုသည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

နိုင်ငံ၏ အနောက်မြောက်ပိုင်း ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့တွင်လည်း အိုးအိမ်စွန့်ခွာသူအရေအတွက် အမြင့်မားဆုံးဖြစ်ပြီး အဆိုပါဒေသများတွင် ၁.၅ သန်းခန့် ရှိသည်။ နိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်နီ၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် အိုးအိမ်စွန့်ခွာသူအရေအတွက် ၉ သိန်းကျော်ရှိပြီး ရခိုင်ပြည်နယ်တွင် ၃၅၆,၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

သို့ရာတွင် ကရင်နှင့် ကရင်နီဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေးလုပ်ဆောင်နေသူများ၏ မှတ်တမ်းအရ မြေပြင်ကိန်းဂဏန်းသည် ကုလသမဂ္ဂ၏ စာရင်းထက် များစွာများပြားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

ခလရ (၂၇၅ ) မှစစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းတိုက်ခိုက်ခံရပြီး တစ်ရက်ခွဲခန့်အကြာတွင် ဧပြီ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြခြင်းဖြစ်​ကြောင်း စစ်​ရေးရင်းမြစ် နှစ်ခုက​ပြောကြားသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။