Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးတွင် စစ်မှုထမ်းရန်လူဦးရေ ၈၀ကျော်ဖမ်းဆီးခံထားရ၍ မြို့ပေါ်တိတ်ဆိတ်နေ

စစ်ကောင်စီတပ်သည် မတ်လအတွင်းက စစ်မှုထမ်းပထမအသုတ်အား ရွေးချယ်၍ စစ်သင်တန်းစပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အတွက် ခေါ်ယူနေခြင်းဖြစ်သည်။

(လူသွားလူလာကင်းရှင်းနေသော ရေဦးမြို့ပေါ် နေ့ခင်းပိုင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(လူသွားလူလာကင်းရှင်းနေသော ရေဦးမြို့ပေါ် နေ့ခင်းပိုင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် အမျိုးသား ၈၀ကျော်အထိ စစ်ကောင်စီ၏ ဖမ်း​ဆီးခံရမှုများကြောင့် နေ့ခင်း၌ပင် လူသွား၊လူလာ ရှင်းလင်းပြီး တိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၂၉ ရက် ညက ရေဦးမြို့ပေါ် ရပ်ကွက်များဖြစ်သော အောင်မင်္ဂလာ၊အောင်ချမ်းသာ၊ရွှေပြည်သာ၊အောင်ဆန်းနှင့် ဗိုလ်အောင်ဇေယျရပ်ကွက်တို့မှ စစ်မှုထမ်းစာရင်းပါထားသည့် လူငယ် လူလတ်အမျိုးသား၂၀ကျော်ကို စစ်ကောင်စီတပ်က နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

(လူသွားလူလာကင်းရှင်းနေသော ရေဦးမြို့ပေါ် နေ့ခင်းပိုင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(လူသွားလူလာကင်းရှင်းနေသော ရေဦးမြို့ပေါ် နေ့ခင်းပိုင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

အလားတူ မေလ ၄ ရက် နေ့လယ်ကလည်း ဗိုလ်အောင်ဇေယျ၊ အောင်မင်္ဂလာ​၊ အောင်ဆန်းရပ်ကွက်နှင့် ရေဦးကုန်းကျေးရွာတို့မှ ပြည်သူ ၂၇ဦးထက်မနည်း ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း၊ ဧပြီမတိုင်ခင် ဖမ်းဆီးမှုများအပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၈၀ ကျော်ရှိပြီဖြစ်ကြောင်း ရေဦးနယ်အခြေပြု People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

Public Service Announcement

Public Service Announcement

“ရေဦးမြို့ပေါ် နေ့စဥ်ရက်ဆက် ဖမ်းဆီးခံရသူ ၈၀ကျော်အထိရှိနေပါတယ်။ နေ့ရော၊ ညပါ အမျိုးသားမှန်သမျှ လိုက်ဆွဲနေတာ။ စစ်မှုထမ်းရန် အယောက်၁၀၀ခန့်အထိ ဆွဲမယ်လို့သိရတယ် ။ ၁၀၀လောက်ရမှ မုံရွာနမခစစ်မှုသင်တန်းကျောင်းကို ပို့မယ်လို့ သိရတယ်။”ဟု ကိုထူးခန့်ဇော်က ပြောသည်။

ဖမ်း​ဆီးခံရသူများတွင် အသက်ငယ်ရွယ်သူများအပြင် (၄၀)ကျော်အရွယ်နှင့် အိမ်ထောင်သည်အမျိုးသားများပါ ဖမ်းဆီးခံနေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(လူသွားလူလာကင်းရှင်းနေသော ရေဦးမြို့ပေါ် နေ့ခင်းပိုင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(လူသွားလူလာကင်းရှင်းနေသော ရေဦးမြို့ပေါ် နေ့ခင်းပိုင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

“ရေဦးမြို့က မနက်လင်းကတည်းက ညမိုးချုပ်အထိ မြို့ပျက်ကြီးလိုဖြစ်နေပြီး လမ်းပေါ်မှာ စစ်ခွေးတွေ ခြေရှုပ်နေတာကလွဲလို့ ကျန်ရှိပြည်သူတွေလည်း အပြင်သိပ်မထွက်ရဲကြတော့ဘူး။ ရေဦးမြို့ပေါ်က နေ့စဥ်ရက်ဆက် အခြေအနေကပိုပိုဆိုးလာတယ်။ ကျေးရွာတွေကပြည်သူတွေလည်း မြို့ပေါ်စျေးဝယ်ဘာညာမသွားရဲကြတော့ဘူး”ဟု ရေဦးမြို့ခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ရေဦးမြို့ပေါ်နှင့် ကျေးရွာများရှိ အမျိုးသားများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးထားသူများအား စစ်ကောင်စီတပ်​က ရေဦးမြို့ပေါ် အ.ထ.က(၁)ကျောင်းအတွင်း၌ ခေါ်ဆောင်ထားသည်။

စစ်ကောင်စီတပ်သည် မတ်လအတွင်းက စစ်မှုထမ်းပထမအသုတ်အား ရွေးချယ်၍ စစ်သင်တန်းစပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အတွက် ခေါ်ယူနေခြင်းဖြစ်သည်။

လက်ရှိတွင် ရေဦးမြို့အပြင် စစ်ကိုင်းမြို့နှင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်တို့တွင်လည်း ပြည်သူ ၂၀ထက်မနည်း ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။

ဆောင်းပါး

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

ဆောင်းပါး

ဒီးဒီ/People’s Spring မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌...

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။