Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီကို မီတာခမ​သွင်း​သော မီတာအလုံး​ရေ​လေးသိန်း​ကျော်ရှိ

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြချက်အရ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ဖြုတ်ယူသိမ်းဆည်းခဲ့သည့် မီတာများသည် လေးလဆက် တိုက်ငွေမသွင်းခဲ့ခြင်းဟု ဆိုသည်။

(ပြင်ဦးလွင်မြို့တွင် စစ်​ကောင်စီ လျှပ်စစ်ဝန်ထမ်းများက မီတာလိုက်ဖတ်စဥ်။ဓါတ်ပုံ- MESC)
(ပြင်ဦးလွင်မြို့တွင် စစ်​ကောင်စီ လျှပ်စစ်ဝန်ထမ်းများက မီတာလိုက်ဖတ်စဥ်။ဓါတ်ပုံ- MESC)

▪︎စစ်​ကောင်စီက ထိုမီတာ ၄သိန်း​ကျော်ကိုဓါတ်အားဖြတ်​တောက်ပြီး ​ခြောက်​သောင်း​ကျော်ကိုဖြုတ်သိမ်း

-ရဲခေါင်/People’s Spring

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ​မေလလ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီတာခမသွင်းသည့် မီတာ အလုံးရေ လေးသိန်း ကို ဓာတ်အားဖြတ်တောက်ထားပြီး ခြောက်သောင်းကျော်ကို စစ်ကောင်စီက ဖြုတ်ယူသိမ်းဆည်းခဲ့​ကြောင်းသိရသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြချက်အရ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ဖြုတ်ယူသိမ်းဆည်းခဲ့သည့် မီတာများသည် လေးလဆက် တိုက်ငွေမသွင်းခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီကို ပြည်သူများက ဓာတ်အားခငွေ ပေးဆောင်ခြင်းမပြုဘဲ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုလှုပ်ရှားမှုမှာ စစ်တပ်က လက်နက်ကိုင်၍ မီတာခ ကို မြေပြင်ဆင်းကောက်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“တစ်အိမ်တက်တစ်အိမ်ဆင်းလက်နက်ကိုင်ခြိမ်း ခြောက် အရေးယူမယ်ဆိုတော့ပကတိအနေအထားအရ ရှောင်လွှဲလို့မရတာတွေရှိခဲ့ကြတယ်။ဒါပေမယ့် တချို့ပိုက်ဆံရှိတဲ့သူတွေက ဆိုလာတပ်ပြီး မီတာ မဆောင်တော့တာမျိုးလည်း တွေ့ရသလို ဘက်ထရီခြောက်သုံးပြီး စစ်တပ်ကိုပေးရမယ့်မီတာခကို မသုံးတော့တဲ့ အခြေခံရပ်ကွက်က အိမ်တချို့ရှိနေဆဲပါ”ဟု မီတာခ မဆောင်ဘူး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစ်ဦးက လူထုနွေဦးသို့ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဓါတ်အားခ ပေးဆောင်ခြင်းမပြုပါက စစ်ကောင်စီအနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှ ကျပ်ဘီလီယံ ၂,၀၀၀ ထက်မနည်း နစ်နာဆုံးရှုံးရလိမ့်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ CDM အရာရှိအချို့က အသိပေးခဲ့သည်။

လက်ရှိတွင်လည်း ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများ၌ ပင် လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို များစွာခံစားနေရပြီး နာရီပိုင်းသာ လျှပ်စစ်ဓာတ်အား ရရှိသည်ဟု ဒေသခံများက ဆိုသည်။

“ငါးမိနစ်လောက် မီးပေးပြီး လေးနာရီလောက် မီးကမလာ။နောက် နာရီဝက်လောက်မီးလာပြီ ငါးနာရီလောက်မီးပျက်နေတဲ့ အခြေအနေမျိုးဖြစ်နေတာ။လူအိပ်ချိန် ညဥ့်နက်မှ အများဆုံး တစ်နာရီလောက်မီးထပေးတာ”ဟု ရန်ကုန်မြို့နေသူတစ်ဦက လူထုနွေဦးသို့ ပြောသည်။

လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်မှုမှာ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့်သဘာဝ ဓာတ်ငွေ့ ရရှိမှုလျော့နည်းနေခြင်းကြောင့် လျှပ် စစ်ဓာတ်အားလျှော့ချနေရကြောင်း စစ်ကောင်စီက ဖြေရှင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အထက်ပါ သရက်ချောင်းနယ်၊ ပဲဒက်ကျေး ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

သတင်း

ဖာပွန်မြို့သိမ်း စစ်ဆင်ရေးကို KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များက မတ်လမှစ၍ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခု မေလဆန်း စစ်ရေး အခြေအနေကို မေးမြန်းစဉ် အထက်ပါအတိုင်း ပြောပြခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။