Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်​ဇေယျစစ်​ကြောင်းတွင် စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်ထားသည့် စစ်သားသစ်များပါဝင်​နေဟု စစ်​ရေးရင်းမြစ်အချို့​ပြော

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။

စစ်မှုထမ်းဥက​ဒေဖြင့်စစ်သားသစ် အဓမ္မစု​ဆောင်းစဥ်က စစ်​ကောင်စီကရပ်ကွက်အတွင်းရန်ကုန်မြို့တွင်ပန်းပလက်များဖြန့်​ဝေရာ သင်တန်းတက်သူများကို​ရှေ့တန်းတန်းမပို့ဘဲ မိမိဆန္ဒရှိရာ​ဒေသတွင်တာဝန်ထမ်းရမည်ဟုလိမ်လည်​ဖော်ပြထားမှု
စစ်မှုထမ်းဥက​ဒေဖြင့်စစ်သားသစ် အဓမ္မစု​ဆောင်းစဥ်က စစ်​ကောင်စီကရပ်ကွက်အတွင်းရန်ကုန်မြို့တွင်ပန်းပလက်များဖြန့်​ဝေရာ သင်တန်းတက်သူများကို​ရှေ့တန်းတန်းမပို့ဘဲ မိမိဆန္ဒရှိရာ​ဒေသတွင်တာဝန်ထမ်းရမည်ဟုလိမ်လည်​ဖော်ပြထားမှု

▪︎​​​စစ်​ကောင်စီက သင်တန်းသားစစ်သားများကို ရှေ့တန်းသို့တန်းမလွှတ်ဘဲ သင်တန်းများပြီးမှ မိမိသွားလို​သော​ဒေသသို့သွားရမည်ဟု​ပြောဆို စု​ဆောင်းခဲ့ခြင်းဖြစ်

▪︎​အောင်​ဇေယျ စစ်​ကြောင်းအထိနာ​​နေပြီး​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူများတွင်လည်းစစ်သားသစ်များပါဝင်​နေဟု သိရ

ဒီးဒီ/People’s Spring

ဒေါနတောင်ပေါ်၌ တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတွင် စစ်မှုထမ်းဥပဒေဖြင့်​ခေါ်ယူစု​ဆောင်းထား​သော အပတ်စဥ်(၁)သင်တန်းဆင်း လူငယ်များပါဝင်ပြီး စစ်​ကြောင်းကိုစွန့်ခွာထွက်ပြေးမှုများရှိနေသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စစ်မှုထမ်းဥပဒေက အပတ်စဥ်(၁) သင်တန်းဆင်းထားတဲ့ ကလေးတွေလည်းပါတယ်။ အပတ်စဥ်(၁)က ကလေးတွေလည်း ရှေ့တန်းကို လွှတ်တယ်။ အခုက ဘယ်လိုပြောမလဲဆိုတော့ သူတို့ကတော့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးလို့ သတ်မှတ်ထားတော့ မညှာမတာတိုးချဲ့နေတဲ့ သဘောတော့ ရှိတာပေါ့”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောင်​ဇေယျစစ်​ကြောင်းကို အာရှလမ်းတွင်ဖြတ်​တောက်တိုက်ခိုက်​နေ​သော ​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး
အောင်​ဇေယျစစ်​ကြောင်းကို အာရှလမ်းတွင်ဖြတ်​တောက်တိုက်ခိုက်​နေ​သော ​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး

ဧပြီလဒုတိယပတ်မှစ၍ မြဝတီသို့စစ်ကူပို့ရန်ကြိုးစား​နေသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်မှုမထမ်းမ​နေရဥပဒေဖြင့် ​ခေါ်ယူစု​ဆောင်းထား​သော အပါတ်စဥ်(၁)သင်တန်းဆင်းသူများအပါအဝင် စစ်ကောင်စီတပ်သားများမှာ ​တော်လှန်​ရေးတပ်ဖွဲ့များက ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ထိခိုက်​သေဆုံးမှုများနေ၍ စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

” ကလေးတွေက ထွက်ပြေးချင်တယ်။ ပြေးလို့မတက်ဘူးလေ။ နယ်မြေခံမဟုတ်တော့။ တချို့ဆို ပြေးလို့ရှိရင် တပ်ဆီပဲ ပြန်ပြန်ရောက်သွားတယ်လို့ ပြောတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

​မေလ ၄ရက် ညနေကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက People’s Spring သို့ ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။

“စစ်မှုထမ်းဥပဒေက တပ်သားသစ်တွေပါတယ်လို့ ပြောလို့ရမယ်။ ပါတယ်လို့လည်း ကြားတယ်။ အလင်းဝင်ဖို့ ချိတ်တာ နှစ်ခါရှိပြီး။ ကျနော်တို့ စောင့်ဆိုကြိုတာမှာ ချိတ်ဆက်မှုလွှဲနေလို့”ဟု ဗိုလ်မှူးက ပြောသည်။

အောင်​ဇေယျစစ်​ကြောင်းတွင် စစ်သားသစ်စု​ဆောင်းခံထားရသူများပါဝင်မှု အ​​ခြေအ​နေ၊​သေဆုံးမှုအ​ခြေအ​နေ ၊ထွက်​ပြေးအလင်းဝင်သူအ​ခြေအ​နေများကို လူထု​​နွေဦးက ဆက်လက်စုံစမ်း​နေဆဲဖြစ်ပါသည်။

ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ဖေ​ဖော်ဝါရီ ၁၁ ရက်တွင် စစ်သားသစ်များကိုစစ်ပညာအပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်း​ဆောင်ရမည်ဟု လိမ်လည်​ပြောကြားထားမှု
ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ဖေ​ဖော်ဝါရီ ၁၁ ရက်တွင် စစ်သားသစ်များကိုစစ်ပညာအပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်း​ဆောင်ရမည်ဟု လိမ်လည်​ပြောကြားထားမှု

စစ်​​ကောင်စီကမူ စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် စစ်သားသစ်များရရန်ဖိအား​ပေး​ခေါ်ယူ စု​​ဆောင်းရာတွင် ​ရှေ့တန်းသို့ချက်ချင်းထွက်ရမည်မဟုတ်​ကြောင်း ၊မိမိတို့ တာဝန်ထမ်းလို​​​ဒေသများတွင်များသာသွားရမည်ဖြစ်​ကြောင်း စသဖြင့် ​ပြောကြားစု​ဆောင်းခဲ့သည်။

စစ်​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်​ဇော်မင်းထွန်းက “ပြည်သူ့စစ် မှုထမ်းဥပဒေဆောင်ရွက်တဲ့နေရာမှာ အားလုံးခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲ သေနတ်ကိုင်ပြီး ဒီနေ့ပဲရှေ့တန်းထွက်ရမလိုပြောနေကြတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့ Professinonal စစ်သား တစ်ယောက်၊ Professional နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တဲ့ သူတွေလို စစ်ပညာ၊ နိုင်ငံတော်ကာ ကွယ်ရေးပညာကို အပြည့်အဝ သင်ကြားပြီးမှ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်”ဟု ​ဖေ​ဖော်ဝါရီလ ၁၁ ရက်တွင် ​ပြောကြားခဲ့သည်။

ထိုအပြင် စစ်သားသစ်များစု​ဆောင်း​ရန်​​ပေး​ဝေသော လက်ကမ်းစာ​စောင်များတွင်လည်း “စစ်မှုထမ်း​ဆောင်မည့်သူများအ​နေဖြင့် စစ်သင်တန်း၊တက်​ရောက်ပြီးပါက မိမိတို့ဆန္ဒရှိရာ​ဒေသများတွင် သာတာဝန်ထမ်း​ဆောင်ရမည်”ဟု​ ဖော်ပြထားသည်။

ထို​ကြောင့် ​အောင်​ဇေယျစစ်​ကြောင်းတွင် စစ်သားသစ်စု​ဆောင်းထား​သော ပထမဆုံးအသုတ် သင်တန်းဆင်းများပါဝင်ပြီး တိုက်ခိုက်​စေသည်မှာ​သေချာပါက စစ်​ကောင်စီ​ပြောကြားထားမှုများမှာ လိမ်လည်ထားခြင်းဖြစ်​ကြောင်းစစ်​​ကောင်စီကမူ စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် စစ်သားသစ်များရရန်ဖိအား​ပေး​ခေါ်ယူ စု​​ဆောင်းရာတွင် ​ရှေ့တန်းသို့ချက်ချင်းထွက်ရမည်မဟုတ်​ကြောင်း ၊မိမိတို့ တာဝန်ထမ်းလို​​​ဒေသများတွင်များသာသွားရမည်ဖြစ်​ကြောင်း စသဖြင့် ​ပြောကြားစု​ဆောင်းခဲ့သည်။ထင်ခြား​​သော ဥပမာဖြစ်လာမည်ဖြစ်သည်။

​အောင်​ဇေယျစစ်​ကြောင်းမှ စစ်သား ၃ ဦး ကျားဖြူစစ်​ကြောင်းသို့ လက်နက်နှင့်အတူအလင်းဝင်လာစဥ်။
​အောင်​ဇေယျစစ်​ကြောင်းမှ စစ်သား ၃ ဦး ကျားဖြူစစ်​ကြောင်းသို့ လက်နက်နှင့်အတူအလင်းဝင်လာစဥ်။

စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁)ကို နိုင်ငံတဝန်းရှိ စစ်သင်တန်းကျောင်းများတွင် ပြီးခဲ့သည့် ဧပြီ ၈ရက်က သင်တန်းစတင်ဖွင့်လိုက်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက အသိပေးထားသည်။စစ်​ကောင်စီက မူလက သကြ်န်ပြီးမှ သင်တန်းစ​ပေးမည်ဆို​သော်လည်း လက်​တွေ့တွင် မတ်လကုန်ပိုင်းတွင် ​​ဆေးစစ်ရန်ဆိုကာ​ခေါ်ယူပြီး ပြန်မလွှတ်ဘဲသင်တန်း​ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းသားအရေအတွက်ကို အတိအကျမထုတ်ပြန်ခဲ့သော်လည်း သင်တန်းအမှတ်စဉ်(၁)ကို အင်အား ၅,၀၀၀ဖြင့်စတင်မည်ဟု စစ်ကောင်စီက အသိပေးခဲ့သည်။

ထိုအပြင် ယခုအခါအပတ်စဥ်(၂) စစ်သင်တန်းအတွက် ဖိအား​ပေးခြင်း၊အဓမ္မခေါ်ယူမှုပင် စတင်နေပြီဖြစ်သည်။

စစ်မှုထမ်းဥပဒေခေါ်ဆောင်ခံရသူများအား ကျွမ်းကျင်မှုအလိုက် တာဝန်ယူရမည်ဟု စစ်ကောင်စီက ပြောထားသော်လည်း လက်ရှိတွင် ခေါ်ဆောင်ခံရသူအားလုံး ရှေ့တန်းစစ်မျက်နှာပြင်သို့အတင်းပို့ဆောင်နေသည်ဟု တော်လှန်ရေးရဲဘော်များက ပြောသည်။

ထိုအပြင် ​အောင်​ဇေယျစစ်​ကြောင်းမှာ ဧပြီဒုတိယပတ်ကတည်းက ဖားအံ ၊​မော်လမြိုင်မြို့များမှစတင်ထွက်လာခြင်းဖြစ်သည်။ မတ်လကုန်တွင်​ခေါ်ယူပြီး ဧပြီလတွင် သင်တန်း​ပေးကာ ဧပြီ ဒုတိယပတ်မှစ၍ အပြင်းအထန်တိုက်ပွဲဖြစ်​နေသာ ​ဒေါန​တောင်​ရှေ့တန်းသို့ သင်တန်းဆင်းစစ်သားသစ်များ ​စေလွှတ်ထားပါက ၎င်းတို့စစ်သင်တန်းဘယ်နှစ်ရက်ကြာတက်ခဲ့ရသည်ဆိုသည်မှာလည်း ​မေးခွန်းထုတ်စရာဖြစ်​နေသည်။ ဗိုလ်ချုပ်​ဇော်မင်းထွန်းကမူ စစ်ပညာအပြည့်အဝ သင်ကြားပြီးမှ​စေလွှတ်မည်ဟု​ပြောထား​သော​ကြောင့် ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅ နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟု ဆိုသည်။ သို့သော် အချို့ဒေသများတွင် မတ်လကတည်းက မဲနှိုက်၍ ခေါ်ဆောင်ခြင်း၊ ခရီးသွားသူအချို့အား အတင်းအဓမ္မခေါ်ဆောင်ခြင်း စသည်တို့ရှိခဲ့ပါသည်။

​ဒေသအချို့တွင်မူ ယခုနှစ်စပိုင်းကတည်းက ဧည်စာရင်းစစ်ရင်း ၊ခရီးသွားများကို မသင်ကာဟုဆိုကာဖမ်းဆီးရင်း ၊​ကျေးရွာများကိုခြိမ်း​ခြောက်၍ခွဲတမ်းဖြင့် လူ​တောင်းရင်း ပြည်သူစစ်အဖြစ် အဓမ္မဖမ်းဆီး​ခေါ်​​ဆောင်ခြင်းများရှိခဲ့သည်။

အောင်ဇေယျစစ်ကြောင်းသည် လက်ရှိတွင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော်တွင် ရောက်ရှိနေပြီး ​တော်လှန်​ရေးတပ်များက ပိတ်ဆို့ဖြတ်​တောက်တိုက်ခိုက်၍ စစ်သားများ​သေဆုံးဒဏ်ရာရမှုများ​နေသည်ဟု People’s Spring၏ သတင်းရင်းမြစ်အချို့က ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသော အောင်ဇေယျစစ်ကြောင်းသည် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ (၁၀)မိုင်လောက်ဝေးတဲ့ ရွာတွေထဲကို ဟောင်ဝစ်ဇာတို့ အမြောက်တို့နဲ့ ပစ်နေတာ။ တိုက်ပွဲဖြစ်တာက တစ်နေရာပေါ့။ တိုက်ပွဲနဲ့ (၁၀)မိုင်လောက်ဝေးတဲ့ ရွာတွေကို စကစက ပစ်နေတာ။ ကော့ကရိတ်ကနေ ပစ်နေတာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟု​ကြေညာထားသည့် အောင်ဇေယျစစ်ကြောင်းသည်တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးခဲ့ရာ အထိနာ​နေသဖြင့် တပ်မ(၇၇)ကို ထပ်မံအင်းအားဖြည့်တင်း​စေလွှတ်ထား​ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်

“အခုလက်ရှိကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကောင်းကောင်းထိန်းထားနိုင်တဲ့သဘောရှိတယ်။ သူတို့က အင်အားတအားများတော့ ရေရှည်တော့ ကြည့်ရမှာပေါ့။ လောလောဆယ်အခြေနေကြည့်ရတာတော့ ဟိုဘက်(စစ်​ကောင်စီတပ်) က အထိအခိုက်အကျအဆုံးတော်တော်များတယ်။ အင်အားက ထပ်ပြီးပို့၊ ပို့ပြီးရင်းပို့ဆိုတော့ ဒီဘက်( မြဝတီ​ဒေသတွင် ) မှာသာ စစ်ရှုံးသွားရင် သူတို့(စစ်​ကောင်စီတပ်) ကုန်ပြီလေ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(​အောင်​ဇေယျစစ်​ကြောင်းကို အာရှလမ်းတွင်ဖြတ်​တောက်တိုက်ခိုက်​နေ​သော ​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး / စစ်မှုထမ်းဥက​ဒေဖြင့်စစ်သားသစ်စု​ဆောင်းစဥ်က စစ်​ကောင်စီကရပ်ကွက်အတွင်းရန်ကုန်မြို့တွင်ပန်းပလက်များဖြန့်​ဝေရာ သင်တန်းတက်သူများကို​ရှေ့တန်းတန်းမပို့ဘဲ မိမိဆန္ဒရှိရာ​ဒေသတွင်တာဝန်ထမ်းရမည်ဟုလိမ်လည်​ဖော်ပြထားမှု / ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ဖေ​ဖော်ဝါရီ ၁၁ ရက်တွင် စစ်သားသစ်များကိုစစ်ပညာအပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်း​ဆောင်ရမည်ဟု လိမ်လည်​ပြောကြားထားမှု /​ အောင်​ဇေယျစစ်​ကြောင်းမှ စစ်သား ၃ ဦး ကျားဖြူစစ်​ကြောင်းသို့ လက်နက်နှင့်အတူအလင်းဝင်လာစဥ်။ ဓါတ်ပုံ-Cobra Column ၊ စစ်​ကောင်စီ ၊ကျားဖြူစစ်​ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။