Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းတွင် စစ်ကောင်စီတပ် ရှေ့ တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် စီးနင်းတိုက်ခိုက်

အထက်ပါ သရက်ချောင်းနယ်၊ ပဲဒက်ကျေး ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

(မြိတ်-ထားဝယ်လမ်းပိုင်း ပဲဒက်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းနေရာအား ဝေဟင်မှ တွေ့ရစဥ်။ ဓါတ်ပုံ-File Photo)
(မြိတ်-ထားဝယ်လမ်းပိုင်း ပဲဒက်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းနေရာအား ဝေဟင်မှ တွေ့ရစဥ်။ ဓါတ်ပုံ-File Photo)

-ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းတစ်ခုကို KNLA၊ PDF ပူးပေါင်းတပ်များက မေ ၅နံနက်ပိုင်းကစတင်ပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်လျှက်ရှိသော တော် လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြော သည်။

မေ ၅နံနက် ၅ နာရီကျော်ကစပြီး သ ရက်ချောင်းနယ်၊ မြိတ်-ထားဝယ်ကားလမ်းဘေး ပဲဒက်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၂၇၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထားဝယ်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ ဒေါနစစ်ကြောင်း၊ DGRF၊ DDT၊ ဒေါင်းညီ နောင်စစ်ကြောင်း စသည့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နံနက် ၅ နာရီက စတယ်ဗျ။ တစ်နေကုန်ပဲ။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်။ စကစဘက်က မနက်ပိုင်းတစ်ကြိမ်နဲ့ နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားလောက်မှာ လေ​ယာဥ်နဲ့လာပစ်သွားတယ်” ဟုတိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပဲဒက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းသည် ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၂၈၀ ​ခေလျင်တပ်ရင်း (ခလရ-၂၈၀) နှင့် ပျူစောထီးအဖွဲ့ပူးပေါင်းတပ်စွဲထားသည့် စခန်းကုန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ စခန်းသိမ်းနိုင်ပြီးဟု သတင်းများထွက်ပေါ်နေသော် လည်း လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

“​ခြေနေတော့ သေချာမသိရသေးဘူးဗျ။ (စစ်ကောင်စီတပ်စခန်း)သိမ်းတော့ မသိမ်းနိုင်သေးဘူး”ဟု မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦးက ယမန်နေ့(မေ ၅)ညပိုင်းတွင် လူထုနွေဦးမှ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

နှစ်ဖက်တိုက်ပွဲများ နှင့် စစ်ကောင်စီဘက်မှ လေ ကြောင်းပစ်ခတ်မှုများကြောင့် ပဲဒက်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများဖြစ်သော တံခွန်တိုင်၊ ပိတောက်ကြီး၊ ကျောက်ဆည် စသည့်ကျေးရွာများရှိ ဒေသခံများပြည်သူအများအပြား ဘေးလွတ်ရာထွက် ပြေးနေကြရကြောင်း စုံစမ်းသိရသည်။

အထက်ပါ သရက်ချောင်းနယ်၊ ပဲဒက်ကျေး ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြချက်အရ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ဖြုတ်ယူသိမ်းဆည်းခဲ့သည့် မီတာများသည် လေးလဆက် တိုက်ငွေမသွင်းခဲ့ခြင်းဟု ဆိုသည်။

နိုင်ငံတကာ

တောင်ကိုရီးယားဟာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က သံရုံးတွေနဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်နဲ့ တရုတ်နိုင်ငံ ရှန်ယန်းမြို့က ကောင်စစ်ဝန်ရုံးတွေမှာ အကြမ်းဖက်မှု ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ထားလိုက်ပါတယ်။

သတင်း

ဖာပွန်မြို့သိမ်း စစ်ဆင်ရေးကို KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များက မတ်လမှစ၍ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခု မေလဆန်း စစ်ရေး အခြေအနေကို မေးမြန်းစဉ် အထက်ပါအတိုင်း ပြောပြခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။