Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား PDFများက ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - The Youth Force (Saw & Kyaukhtu)
ဓာတ်ပုံ - The Youth Force (Saw & Kyaukhtu)

မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဒေသခံကာကွယ်ရေး (PDF)ဆေးတပ်ရင်းမှ ရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှုများ ယနေ့ (သြဂုတ် ၁၃ရက်) က ပြုလုပ်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုကို ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းမှ ဆေးတပ်သားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံများ စုပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းက စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်မှုကြောင့် ဆောမြို့နယ် စစ်ဘေးရှောင်ပြည်သူများ အများအပြားရှိနေကြောင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့ထိတိုင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းက ဖော်ပြခဲ့သည်။