Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သဲကုန်းမြို့နယ်တွင် ဂျပန်ဂိုးပြိုင်ပွဲလုံခြုံရေးယူသည့် ရဲတပ်ဖွဲ့ မိုင်းဆွဲခံရ

တိုက်ခိုက်ခံရမှုကြောင့် ရဲ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိသွားပြီး သေဆုံးနိုင်ခြေရှိကြောင်း PPDF မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

(ပြည်ခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Bago Region PDF)
(ပြည်ခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Bago Region PDF)

▪️တပ်ကူလာသည့်စစ်သားအချို့လည်း မိုင်းထိ

ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က စီစဥ်သည့် ဂျပန်ဂိုးဘောလုံးပြိုင်ပွဲ လုံခြုံရေးလာယူသည့် ရဲတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၁ ရက်) ည ၉နာရီခွဲက သဲကုန်းနယ်၊ ဇီးကုန်းအုပ်စု၊ ရွာထောင်ကုန်းရွာ၌ အကြမ်းဖက်စစ်‌ကောင်စီက ပြုလုပ်သည့် ဂျပန်ဂိုးပြိုင်ပွဲ၌ လုံခြုံရေးယူပြီး ဆိုင်ကယ်(၆)စီးဖြင့် ပြန်လာသော ရဲ ၁၂ကို PPDF ၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၅) နွေဦးအဖွဲ့တို့က‌ ‘နွေဦးပိတောက်စစ်ဆင်ရေး’ အဖြစ် ရှေ့ထွက်မိုင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရမှုကြောင့် ရဲ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိသွားပြီး သေဆုံးနိုင်ခြေရှိကြောင်း PPDF မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

“ရွာထိတ်မှာ ကျွန်တော်တို့ရဲဘော်တွေက ရှေထွက်မိုင်းနဲ့ အပြန်ကို တိုက်ခိုက်ခဲ့တာပါ။ ရှေထွက်မိုင်းထိခဲ့တဲ့ သုံးကောင်ကတော့ သေဖို့များတယ်ဗျ”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ထို့နောက် မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာသို့ စစ်ကောင် စီတပ်သားအချို့ တပ်ကူရောက်ရှိလာရာ မိုင်းတစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး အနည်းငယ်ထိခိုက်သွားကြောင်း PPDFက ပြောသည်။

အထက်ပါ နွေဦးပိတောက်စစ်ဆင်ရေးတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာလှုပ်ရှားနိုင်ခဲ့ကြောင်း PPDFက အသိပေးသည်။

ထို့အပြင် ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော် ကာလတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့်နေရာများကိုသွားရောက်ပျော်ပါးခြင်း မပြုကြရန်၊ ၎င်းတို့နှင့် နီးစပ်သောနေရာများတွင် နေထိုင်ခြင်းမပြုကြရန်နှင့် တော်လှန်သင်္ကြန်ကို ဆင်နွှဲကြရန် သတိပေးထုတ်ပြန်ထားသည်။