Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ်ရှိ PDF စခန်းဟောင်းစီးနင်းရန် ကြိုးပမ်းသည့် စစ်ကောင်စီတပ်နှင့် PDFများ တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်​၏ ထိခိုက် သေဆုံးသူများအား ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သား ၃၄ ဦးအား နေအိမ် သုံးအိမ်၌ ခွဲကာ ဆေးကုသနေကြောင်း သိရသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကေိးရွာ ပြည်သူများအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းက မြောင်မြို့နယ်ရှိ PDF စခန်းဟောင်းအား ဝင်ရောက်စီးနင်းရန် ကြိုးပမ်းရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၂၃ ရက် နံနက် ၁၁နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှ အင်အား ၉၀ခန့်ပါ စစ်ကောင်စီတပ်သည် မြင်းမူ၊ မြောင်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ CDSOM အဖွဲ့၏ PDF စခန်းဟောင်းအား ဝင်ရောက်စီးနင်းရန် ကြိုးပမ်းရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ စစ်ကြောင်းအား သတင်းကြိုရ၍ အနီးကပ်တိုက်ခိုက်နိုင်ခဲ့ကာ အထိအခိုက်များကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကလည်း သတင်းကြိုရထားလို့ သူတို့စခန်းထဲဝင်မယ့်အချိန် စခန်းထဲက အသင့်နေရာယူပြီးတော့ စောင့်နေတာ။ စခန်းထဲဝင်မယ့်အချိန်မှာ သူတို့ကို မီတာ ၅၀လောက်အကွာကနေ အနီးကပ် စောင့်ပြီး ပစ်ခတ်နိုင်ခဲ့တယ်။ သူတို့ဘက်က အကျအဆုံးများသွားတယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

အဆိုပါစခန်း၌ လူမနေတော့ဘဲ ကင်းသာချထားသည့်စခန်းဖြစ်၍ ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် မေလ ၁၁ ရက်က မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာရှိ ဒေသခံပြည်သူ ၃၄ ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့ရာပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)

အဆိုပါ စစ်ကြောင်းအား CDSOM တစ်ဖွဲ့တည်း ခံတိုက်နေသော်လည်း တိုက်ပွဲချိန် ကြာလာ၍ မဟာမိတ်အဖွဲ့များအား စစ်ကူခေါ်ခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များနှင့် ဆက်လက်ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်၏ စစ်ကြောင်းတဝက်ခန့် ထိခိုက်ခဲ့၍ ညနေ ၅ နာရီခန့်တွင် လေကြောင်းမှ ရှစ်ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊သို့သော် မည်သူမျှ အထိအခိုက်မရှိကြောင်း ကိုနွေဦး(မြောင်)က ဆိုသည်။

“လေယာဥ်က ညနေ ၆ နာရီအထိ တစ်နာရီကြာ ပတ်ပစ်တယ်။ လေယာဥ်နဲ့ပတ်ပစ်နေတဲ့အချိန် စစ်ကောင်စီက ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီးသယ်တယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ညတွင်းချင်း နတ်နေကန်အထိုင်စခန်းသို့ ပြန်ဆုတ်သွားပြီး PDFများက ဒရုန်းများဖြင့်ပါ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်​၏ ထိခိုက် သေဆုံးသူများအား ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သား ၃၄ ဦးအား နေအိမ် သုံးအိမ်၌ ခွဲကာ ဆေးကုသနေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း CDSOM မှ ရဲဘော် နှစ် ဦး၊ မြောင်ပလဖ မှ ရဲဘော် တစ်ဦး၊ PDF TALOKE မှ တစ်ဦး စုစုပေါင်း ရဲဘော် လေးဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပစ်ခတ်နေ၍ မြောင်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် နတ်ရေကန်စခန်း၌ အင်အားထပ်မံဖြည့်တင်းထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ငွေကြေးဆိုင်ရာမူဝါဒအား မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်း၏ တာဝန်ခံနှင့် တပ်ရင်းမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ လေယာဉ် ပစ်ချခံရသည့် သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People's Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သား ၃၀ ကျော်ထွက်ပြေးလွတ်မြောက်ကာ စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ရှိရဟု အသိပေးသည်။

သတင်း

စစ်ကောင်စီက ဒေါနတောင်ပေါ်၌ ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းနှင့် မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကြောင်းတို့က တော်လှန်ရေးတပ်ဖွဲ့များအား နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။