Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖူ့ချီမူစခန်း သိမ်းလိုက်၍ မြို့နယ်လေးခုနှင့်ထိုင်း ဆက်စပ်နေသည့် နယ်စပ်ဒေသအား အပြည့်အဝထိန်းချုပ်နိုင်ခဲ့ဟု SOF ပြော

KNLA ပူးပေါင်းတပ်သည် ယခင်ကလည်း စစ်ကောင်စီ၏ ကွီလုံတိုင်၊ ရေတလျောက်၊ မဲသရောထ စခန်းများ၊ ကျိုက်ဒုံဗျူဟာကုန်း တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - ၊SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - ၊SOF)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ဖူ့ချီမူတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် ကော့ကရိတ်အပါအဝင် မြို့နယ်လေးခုရှိ နယ်စပ်ဒေသတစ်ခုလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက အပြည့်အ၀ ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)တပ်မှူး ကိုအောင်စံရှားက ပြောသည်။

မေလ ၁၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည့် ဖူ့ချီမူစခန်းသည် နယ်စပ်တလျောက် နောက်ဆုံးလက်ကျန်စခန်းဖြစ်သည်ဟု ဆိုသည်။

” အဓိကကတော့ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့နယ်၊ နောက်ပြီးတော့ ဒီဘက်ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့နယ်ပေါ့နော် အဲဒီမြို့တွေနဲ့ ထိုင်းဘက်ခြမ်းနဲ့ ဆက်စပ်နေတဲ့ နယ်စပ်တလျောက်လုံးမှာ အဲဒီနယ်စပ်တလျောက်မှာ အခုကတော့ စစ်ကောင်စီရဲ့အထိုင်စခန်းတွေလုံး၀မရှိတော့ဘူး။ ဖူ့ချီမူစခန်းကတော့ အရမ်းလည်းအကြီးဆုံးနဲ့ နောက်ဆုံးကျန်တဲ့ စခန်းပေါ့”ဟု ကိုအောင်စံရှားက ပြောပြသည်။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်သည် ယခင်ကလည်း စစ်ကောင်စီ၏ ကွီလုံတိုင်၊ ရေတလျောက်၊ မဲသရောထ စခန်းများ၊ ကျိုက်ဒုံဗျူဟာကုန်း တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - ၊SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ – ၊SOF)

“ရှေ့စခန်းတွေမှာ စခန်းသိမ်းပွဲလုပ်တဲ့အခါ တချို့က ဖူ့ချီမူစခန်းကို သွားပေါင်းတယ်။ တချို့က ထိုင်းဘက်ခြမ်းကို ထွက်ပြေးတာရှိတယ်။ ကျနော်တို့ ဖမ်းမိတာလည်း အများကြီးရှိတာပေါ့နော်။ အဲဒါကြောင့် အခုကတော့ အဲဒီမြို့နယ်တွေနဲ့ ထိုင်းနယ်စပ်တလျောက်လုံးကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက အပြည့်အ၀ ထိန်းချုပ်ထားလိုက်ပါပြီ”ဟု ကိုအောင်စံရှားက ပြောသည်။

အဆိုပါ နယ်စပ်တလျောက်သို့ စစ်ကောင်စီအနေဖြင့် ထပ်မံ ထိုးစစ်ဆင်လာနိုင်ရန် မလွယ်တော့ဟုလည်း ပြောသည်။

ဖိုးချီးမူးစခန်းအပါအဝင် ယင်းဒေသရှိ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်များခဲ့ပြီး အရှင်ဖမ်းဆီးရရှိမှုများ ရှိခဲ့သည်။

” အဓိကကတော့ စစ်ဆင်ရေးနည်းဗျူဟာပါပဲ။ စစ်ဆင်ရေးနည်းဗျူဟာက ကျနော်တို့က အခုနောက်ပိုင်းမှာ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ဒရုန်းစစ်ဆင်ရေးတွေပိုအားကောင်းလာတယ်။ ပြီးတော့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက အားလုံးပေါင်းစည်းမိလာတယ်။ ပြီးတော့ စစ်တပ်အာဏာသိမ်းကတည်းက အထိုင်စခန်းတွေ ချေမှုန်းရေးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေက များပြီ။ အဲဒီအပေါ်မှာတော့ တက်နိုင်သလောက် KNUရဲ့ စစ်ဆင်ရေးပုံစံအတိုင်းပဲ ကိုယ့်လူအထိအခိုက် နည်းတဲ့ ပုံစံနဲ့ ကျနော်တို့ကအချိန်ပေးပြီးလုပ်တာ”ဟု ကိုအောင်စံရှားက ပြောသည်။

ထို့ကြောင့် ဖူ့ချီမူစခန်းသိမ်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦးသာ ထိခိုက်ခဲ့ကြောင်း ရှင်းပြသည်။

” ဒါပေမဲ့ ပြည်သူ နှစ်ဦးပေါ့ စစ်ကောင်စီရဲ့ ထုံးစံအတိုင်းပဲ သူတို့ လမ်းသွားရင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အရပ်သား အမျိုးသားတစ်ဦး သူတို့သတ်သွားတဲ့အတွက် ပြည်သူ နှစ်ဦး သေဆုံးမှုတော့ရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

SOFက စခန်းသိမ်းတိုက်ပွဲအကြောင်း ယနေ့(မေလ ၂၆ရက်)တွင် ထုတ်ပြန်ခဲ့ရာ ဖူ့ချီမူစစ်စခန်းအား KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များမှ ရန်သူ၏ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြသည်ဟု အသိပေးသည်။

မေလ ၁၈ရက်တွင် ရန်သူအင်အား ၉၀ ကျော်စခန်းစွန့် ထွက်ပြေးရာ ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အလောင်းနှင့် MA4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ ဒရုန်းဖြင့်ဗုံးကြဲ၍ မြေပြင်မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေလ ၂၀ရက် နံနက်တွင် ရန်သူ ၁၂ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ နံနက် ၈နာရီ ၁၅တွင် ဒုတပ်ရင်းမှူး ရန်အောင် အပါအဝင် ၂၃ဦး လက်နက်ချအညံ့ခံလာကြောင်း၊ မေလ ၂၁ရက် နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း တစ်လောင်းနှင့် အရှင် ခုနစ်ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း SOFက ထုတ်ပြန်သည်။ မေလ ၂၂ရက်တွင်လည်း တပ်ကြပ်ကြီးအဆင့်ရှိသူနှစ်ဦးအပါအဝင် (၆) ဦး ထပ်မံဖမ်းမိခဲ့ရာ တိုက်ပွဲအတွင်း စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး ဖမ်းမိခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် လက်နက်အလက် ၅၀ကျော်သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ကျော်သေဆုံးကာ ၂၆ဦး ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသည်ဟု ဖော်ပြသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက MI35 ဖြင့်နှစ်ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ၎င်းတို့ ပြန်ဆုတ်ပြေးသည့်လမ်းတွင်လည်း ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့ကြောင်း SOFက ထုတ်ပြန်သည်။

ထိုင်း – မြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတို့်အား KNLA ၊ SOFနှင့် ဒရုန်းပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိထားပြီး ယခုသိမ်းပိုက်ရရှိသည့် ဖူ့ချီမူစခန်းသည် စကခ(၁၃)လက်အောက်ခံ ခလရ-၅၅၇၊ ခမရ-၅၆၁နှင့် ၃၉၉ အမြှောက်တပ်မှ ဖြစ်သည်ဟု အသိပေးထားသည်။

” စစ်ကောင်စီက ပြောရလို့ရှိရင် ဘယ်စခန်းပဲ ဖြစ်ဖြစ် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်လို့ရှိရင် လက်နက်ချရင်ချ၊ မချရင်ပြေး၊ မပြေးရင်သေပေါ့ အဲဒီလို ပဲ သူတို့ရှိတော့တယ်။ တနိုင်ငံလုံးလို့ ပြောလို့ရတယ် အဲဒီပုံစံပဲ စစ်ကောင်စီဘက်ကအမြဲတမ်း ကျဆုံးမှုနဲ့ ရင်ဆိုင် နေရတာပေါ့”ဟု SOF တပ်မှူး ကိုအောင်စံရှားက တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာနေသည့် အခြေအနေကို ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက AAအား မူးယစ်ဆေးဝါး အပါအဝင် အခြားသော ဂုဏ်သိက္ခာ ကျဆင်းစေမည့် စွဲချက်များဖြင့် လုပ်ကြံပြောဆိုရေးသားနေခြင်း၊ ဝါဒဖြန့်နေခြင်းများအပေါ် AA အနေဖြင့် ပြတ်သားစွာ ပယ်ချလိုက်ပြီး လုံး၀ ပတ်သက်မှုမရှိဟု ကြေညာထားသည်။

သတင်း

မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်ထဲက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် အခြေစိုက်ပြီး တရုတ်နဲ့ နယ်စပ်နားမှာ တည်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

သတင်း

ရဲစခန်းပစ်ခတ်မှုတွင် ရဲဘက်က အနည်းဆုံး ၅ဦးသေဆုံးခဲ့ပြီး ရုံးများတွင်လည်း စစ်ကောင်စီတပ်သား ၁၅ဦးခန့်ကို စနိုက်ပါ၊ (၄၀)မမတို့ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၅ဦး သေဆုံးနိုင်ကြောင်း SOF ခေါင်းဆောင်က ပြောသည်။

သတင်း

ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း SOF က အသိပေးသည်။