Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDSOM စခန်းတစ်ခုစစ်တပ်၏စီးနင်းတိုက်ခိုက်မှုခံရ

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။

(CDSOM စခန်းမှသိမ်းဆည်းခံလိုက်ရ​​သောပစ္စည်းများ။ဓါတ်ပုံ-စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ)
(CDSOM စခန်းမှသိမ်းဆည်းခံလိုက်ရ​​သောပစ္စည်းများ။ဓါတ်ပုံ-စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ)

▪︎CDSOMမှဒဏ်ရာအပြင်းအထန်ရခဲ့​သောတိုက်ခိုက်​ရေး​ခေါင်း​ဆောင်တစ်ဦး အသက်အန္တရာယ်စိုးရိမ်စရာမရှိ​​တော့ဟုဆို

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့(CDSOM)၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်အင်အားချင်းမမျှ၍ ဆုတ်ခွာ​ခဲ့ရကြောင်း CDSOM ၏ပြန်ကြား​ရေးအရာရှိက ပြောသည်။

CDSOMစခန်းကို စစ်ကောင်စီတပ်က မတ်လ ၅ရက် ညနေတွင် စစ်ကြောင်းသုံးကြောင်းဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ အင်အားအလုံးအရင်းအပြင် RPG တွေ၊ စက်လတ်တွေ၊ ဒရုံးဖျက် jammer တွေနဲ့ တိုက်တာ။ ဒရုန်းနဲ့ ပြန်တိုက်ပေမယ့် သူတို့က Jammer တွေနဲ့မို့ ဒရုန်းမဆုံးအောင်တောင် မနည်းပြန်လုပ်ခဲ့ရတယ်” ဟုပြန်ကြား​ရေးအရာရှိကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီတပ်သည် CDSOM စခန်းအား မစီးနင်းခင် မြောင်မြို့နယ် ပတ်ပတ်လည်တွင် အင်အားအများအပြားချထားပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ဆမြိတ်ခုံဘက်တွင် အင်အား ငါးရာခန့်၊ ရေလယ်ကျွန်းဘက်တွင် အင်အား နှစ်ရာခန့်နှင့်ချောင်းဇင်ရွာအနီးပျူရွာတွင် အင်အားတစ်ရာခန့်ဖြန့်ကျက်ထားပြီးလက်နက်ကြီး၊လက်နက်ငယ်များ သုံးကာ စီးနင်းတိုက်ခိုက်ခဲ့သည်ဟုတိုက်ပွဲဝင်ခဲ့​သောPDF တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

” မြောင်နယ်မှာစစ်ကောင်စီကငြိမ်နေတာကြာပြီ။ ကျွန်တော်တို့(ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ) တွေကလည်း အခြားနယ်ကတိုက်ပွဲတွေကို သွားကူနေချိန် CDSOM စခန်းကို ဝင်စီးတာမို့ အလစ်အငိုက်ခံလိုက်ရတဲ့သဘောပဲ” ဟု မြောင်မြို့နယ်မှ PDFတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။

စခန်းအား စီးနင်းတိုက်ခိုက်မှုတွင် CDSOM ၏ တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပြီးကျန်ရဲ​ဘော်နှစ်ဦးအသေးစား ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ယခုအခါ တိုက်ခိုက်ရေးခေါင်းဆောင်၏ ဒဏ်ရာ အခြေအနေ သက်သာလာပြီး အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေကို ကျော်လွန်ခဲ့ပြီဟု ပြန်ကြား​ရေးအရာရှိကသည်။

အခြားသတင်းတပ်ရပ်တွင် မြောင်မြို့နယ်တွင်ရွာများကို မီးရှို့ဖက်ဆီးပြီး CDSOM စခန်းကို စီးနင်း၍ပြန်လာသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်သည့် စုစု​ပေါင်း အင်အား ၃၀၀ ပါသည့် စစ်ကြောင်း၃ ​ကြောင်းအား မြစ်ငယ်PDF အပါအဝင် PDF များက မတ်လ ၆ ရက်နှင့် ၇ ရက် ၂ ရက်ဆက်ပူး​ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တစ်ဦးအပါအဝင် ၆ ဦး​သေဆုံးကြောင်းမန္တလေးခရိုင်အမှတ်(၅)တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံကPeople’s Spring သို့​ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်​သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။

သတင်း

ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောပြည်သူများတွင် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးပါဝင်ပြီးယနေ့မတ် ၈ ရက်မနက်ပိုင်းအထိစစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

သတင်း

မတ်လ ၂ ရက်နေ့က ဆက်ကြေးတောင်းပြီးပြန်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦး ပေါင်းလေးဦးကို ကျောက်မပ်တပ်ကျေးရွာနှင့် မြင်းခွာအော်ရွာကြားတွင် LLPDF တပ်ဖွဲ့ဝင်များက လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသည့်အပြင် တပ်ကူလာသူများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

ဖြစ်စဉ်တွင် ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သည့် (၆၀) မမ တစ်လက်၊ စနိုက်ဘာတစ်လက်၊ MA-1 တစ်လက်၊ MA- 2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း ခြောက်လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။