Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Y-12လေယာဉ်ပျက်ကျသည်ဟုသတင်းထွက် သည့်နေရာသို့ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်နေ

စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ် ခပ်ချိုကျေးရွာအနောက်ဖက် ငှက်ပျောစိုက်ခင်းများရှိသည့်နေရာများကို မေလ ၂၆ရက် ည ၇နာရီခန့်မှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဟု သတင်းရရှိသည်။

(စစ်​​ကောင်စီက ဗုံးကြဲ​လေယာဥ်ဖြင့် အသုံးပြု​နေ​သော Y-12 ​လေယာဥ်တစ်စီး။ဓာတ်ပုံ - Airliners)
(စစ်​​ကောင်စီက ဗုံးကြဲ​လေယာဥ်ဖြင့် အသုံးပြု​နေ​သော Y-12 ​လေယာဥ်တစ်စီး။ဓာတ်ပုံ - Airliners)

▪️​ဒေသခံပြည်သူများထိခိုက်မှုရှိ

ဇော်ထိန်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် မေလ ၂၆ရက် ညက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား၂ဝဦးထက်မနည်းဒဏ်ရာရပြီး သေဆုံးသူအချို့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ် ခပ်ချိုကျေးရွာအနောက်ဖက် ငှက်ပျောစိုက်ခင်းများရှိသည့်နေရာများကို မေလ ၂၆ရက် ည ၇နာရီခန့်မှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဟု သတင်းရရှိသည်။

“ဝိုင်းမော်ကနေရော မြစ်ကြီးနားကနေပါ ပစ်တာ။ ည ကိုးနာရီလောက်မှာ ဝိုင်းမော်ဘက်ကနေနားတယ်။ မြစ်ကြီးနားဘက်ကနေ ဆက်ပစ်တယ်။သူတို့က ငှက်ပျောတောတွေဘက်ကိုပစ်တော့ ထိတာက ငှက်ပျောခြံလုပ်သားတွေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောဆက်သွယ်မေးမြန်းမှုအရ ငှက်ပျောခြံလုပ်သား၂၀ကျော်ဒဏ်ရာရရှိကြောင့် နှင့် အရည်အတွက်ကို မသိရှိရသေးတော့လည်း သေဆုံးသူအချို့ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဝိုင်းမော်မြို့နှင့် (၂)မိုင်ခန့်အကွာရှိ မုတ်လွဲကျေးရွာ၌ လက်နက်ကြီးများတပ်ဆင်၍ ပစ်ခတ်နေခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့ဘက်ခြမ်းတွင် ဇီးလွန်ကျေးရွာ၌ လက်နက်ကြီးများတပ်ဆင်ပြီး ပစ်ခတ်ခဲ့ခြင်းဟု စုံစမ်းသိရှိရသည်။

ထို့အပြင် ခပ်ချိုကျေးရွာအနောက်ဘက်နေရာများကို စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေခြင်းသည် မေလ ၂၆ရက်က ပျက်ကျ သည်ဟုသတင်းထွက်ခဲ့သည့် Y-12လေယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ မှတ်တမ်းရယူနိုင်ခြင်းမရှိရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဟု ဒေသခံအချို့က သုံးသပ်သည်။

မေလ ၂၆ရက် မွန်းလွဲ ၂နာရီခန့် ခပ်ချိုကျေးရွာအနောက်ဘက်ရှိ ငှက်ပျောတောများအတွင်းသို့ စစ်ကောင်စီ၏ Y-12လေယာဥ်တစ်စီး မီးခိုးတန်းလျက် ထိုးဆင်းပျက်ကျသွားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ယင်းဖြစ်ရပ်ကို KIAက အတည်ပြုချက်မပေးသေးပေ။

ခပ်ချိုကျေးရွာအနောက်ဘက်တွင် နောင်ဟီး၊ စန့်ကားရွာအပါအဝင် ကျေးရွာလေးခုထက်မနည်း ရှိနေသည်။

အဆိုပါကျေးရွာများတွင် တရုတ်က လာရောက်စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောဆိုင်ခင်းများ၌ အလုပ်လုပ်နေသည့် ငှက်ပျောစိုက်ခင်းလုပ်သားအများအပြားရှိနေသည်။မေလ ၁၉ရက် နှင့် မေလ ၂၁ရက်က စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားခြောက်ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးပြီး PDF ဇိုလဲန်းတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ခြင်းလည်း ရှိနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် ဖူ့ချီမူတပ်စခန်းကို မေလ ၁၉ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား ၃၃ဦးမှာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့သည်။

သတင်း

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ထိတွေ့ဆွေးနွေးမှု ပြုလုပ်နေသည့် တပ်ဖွဲ့များလည်း ဖြစ်သည်။

သတင်း

စစ်ကောင်စီ လေယာဉ် ပစ်ချခံရသည့် သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People's Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။