Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PNOပြည်သူ့စစ်က ဖမ်းထားသည့် ပအိုဝ်းဒေသခံအား ကျပ်သိန်း ၁၀၀၊ ကားတစ်စီးဖြင့် မိသားစုပြန်ရွေးရဟု PNLA ထုတ်ပြန်

ရွာလူကြီး ဦးထက်နိုင်ကို ကျေးရွာသင်္ချိုင်းကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ရွာသားများက လိုက်သွားရာ PNOက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးထက်နိုင် သေ၊မသေ မသိရဖြစ်နေကြောင်း ဒေသခံကို ကိုးကားပြီး PNLAက ထုတ်ပြန်သည်။

(စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ -PA O REGION 6)
(စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ -PA O REGION 6)

နောင်သိမ်ရွာလူကြီးတစ်ဦးကို ဖမ်းဆီးပြီး ရွှေ၊ ငွေနှင့် မိသားစုပိုင်ပစ္စည်းများယူသွားဟု ဖော်ပြ

မောင်မောင်/People’s Spring

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ပအိုဝ်းဒေသခံအချို့အား ဖမ်းဆီးပြန်ပေးဆွဲခြင်း ၊ ငွေကြေးပစ္စည်းများ အဓမ္မယူဆောင်ခြင်းတို့ ဆက်လက်ကျူးလွန်းနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် PNOသည် မေလ ၂၂ ရက်တွင် ဆီဆိုင်မြို့နယ် နမ့်စေမဲးကျေးရွာမှ (၅၀)အရွယ်ခွန်ဝင်းနိုင်ဆိုသူကို ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် မိသားစုဝင်များက ကျပ်သိန်း ၁၀၀နှင့် ကားတစ်စီးပေးကာ ခွန်ဝင်းနိုင်ကို ပြန်လည်ရွေးခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုသို့ သွားရောက်ရွေးယူစဉ် PNO ပြည်သူ့စစ်များနှင့် ညှိနှိုင်းမှုပြုလုပ်ရာ PNO ပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခွန်ဝင်းနိုင်၏ ဇနီးဖြစ်သူမှာ ပေါင်၌ သေနတ်မှန် ဒဏ်ရာရခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့သည် မေလ ၂၂ရက်တွင် နောင်သိမ်ကျေးရွာမှ ရပ်မိ၊ရပ်ဖ ရွာလူကြီး ဦးထက်နိုင်ကို ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးသွားသည့်အပြင် ဦးထက်နိုင်မိသားစုပိုင်ဆိုင်သည့် ရွှေငွေများ၊ ဒင်္ဂါးပြားများ၊ ကား၊ ဆိုင်ကယ်များကိုလည်း PNO တပ်ဖွဲ့က ယူဆောင်သွားကြောင်း PNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရွာလူကြီး ဦးထက်နိုင်ကို ကျေးရွာသင်္ချိုင်းကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ရွာသားများက လိုက်သွားရာ PNOက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးထက်နိုင် သေ၊မသေ မသိရဖြစ်နေကြောင်း ဒေသခံကို ကိုးကားပြီး PNLAက ထုတ်ပြန်သည်။

နောင်သိမ်ရွာလူကြီးကို ဖမ်းသွားသည့် PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့သည် မေလ ဒုတိယ ပတ်ကလည်း နောင်ရင်းရွာ ရွာလူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ခွန်ဇာခွန် မိသားစုပိုင်ကုန်တင်ကားကို သိမ်းဆည်းသွားသည်ဟု PNLAက ထုတ်ပြန်သည်။

ထို့ပြင် နောင်ဗိုကန်တော်လေးရွာ ရွာလူကြီး ဖြားခွန်လျောကိုလည်း မေလ ၂ရက်တွင် PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့က ဖမ်းဆီးသွားပြီး ဖြားခွန်လျော၏ ကားကို သိမ်းယူထားသည်ဟုဆိုသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များသည် PNLAက စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့သည့် နောက်ပိုင်း ပအိုဝ်းဒေသခံ ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

PNO ပြည်သူ့စစ်သည် စစ်ရှောင်များအား တက်ကြွစွာအကူအညီပေးနေသည့် ခွန်ဇာခွန်ကို အညိုးအတေးဖြင့် လိမ်ညာခေါ်ယူသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရာ၌လည်း နှိပ်စက်ခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားထားသည်။

သတင်း

PNOသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်က အတူတိုက်ပွဲဝင်နေသည့် ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။