Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရပ်စောက်တွင် ဝတပ်၊ စစ်ကောင်စီတပ်တို့နှင့်ပေါင်းပြီး RCSSကို တိုက်ခိုက်မှု သတင်းထုတ်ပြန်ချက်မှာလုံးဝမှန်ကန်မှုမရှိဟု SSPP ရှင်းလင်း

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ထိတွေ့ဆွေးနွေးမှု ပြုလုပ်နေသည့် တပ်ဖွဲ့များလည်း ဖြစ်သည်။

(RCSS ​ထောင်ထား​သည်ဆိုသော မိုင်းကို SSPPကဖြုတ်သိမ်းပြီ​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-SSPP Info)
(RCSS ​ထောင်ထား​သည်ဆိုသော မိုင်းကို SSPPကဖြုတ်သိမ်းပြီ​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-SSPP Info)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်မှု လုံး၀မရှိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မေလ ၁၇ရက်က RCSS ပိုင် Tai Freedom သတင်းစာမျက်နှာ၌ ရှမ်းဘာသာဖြင့် သတင်းဖော်ပြချက်တွင်ရပ်စောက်မြို့နယ်တွင် SSPP ၊ ၀တပ်(UWSA) နှင့် စစ်ကောင်စီတို့ ပူးပေါင်းပြီး RCSS ကိုထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြချက် အပေါ် SSPPက ပြန်လည် ရှင်းလင်းခြင်းဖြစ်သည်။

အဆိုပါ သတင်းခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သည်မှာ လုံးဝ မှန်ကန်မူမရှိပဲ SSPP အနေဖြင့်လည်း ၎င်းသတင်းအား ပြင်းထန်စွာ ရှူံ့ချကြောင်း ထုတ်ပြန်ထားပြီး ရပ်စောက်မြို့နယ်အတွင်း သွားလာလုပ်ရှားသည့် SSPP/SSA တပ်ဖွဲ့ကို RCSS မှ မိုင်းဆွဲတိုက် ခိုက်ခြင်း ၊ ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ခြင်းသာရှိခဲ့သည်ဟု ဖော်ပြသည်။ပြီးခဲ့သည့် မတ်လ မှ လက်ရှိ မေလထိ (၆)ကြိမ်တိုင် RCSS၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု SSPPက ဆိုသည်။

Public Service Announcement

Public Service Announcement

မတ်လ ၃၁ ရက်မနက်တွင် SSPP ကရပ်စောက်မြို့နယ်အတွင်းရှိ တပ်စခန်းများကို ကွင်းဆင်းစစ်ဆေးနေချိန် ကျောက်တန်းကျေးရွာ အတက် လိမ္မော်ခြံ ကျေးရွာ အနီးနမ့်ပွန်တံတား အရှေ့ဘက်တွင် RCSS တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ SSPP တပ်ဖွဲ့ဝင် ၁ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟုပါရှိသည်။

SSPP တပ်ဖွဲကို RCSS က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် ကိစ္စ နှင့်ပါတ်သက်ပြီး SSPP/SSA ဗဟို ဌာနချုပ် အ တွင်းရေးမှူး(၂) ဗိုလ်မှူးကြီးစိုင်းစု မှ RCSS ၏ ဗဟိုဆက်ဆံရေးတာဝန်ခံ ထံအချက် ၃ ချက် အသိပေးခဲ့သည်ဟု SSPPက ထုတ်ပြန်သည်။

ယင်းအချက်များမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် RCSS ရဲဘော်(၃) ဦးအား SSPP ထံ လွဲပြောင်း အပ်နှံပေးရန်၊ပြစ်မှုကျူးလွန်သူ (၃) ဦးကို SSPP ထံ မလွဲအပ်နိုင်ပါက RCSS အနေဖြင့် မိုင်းပွန်-ဟိုပုံး ကားလမ်းမကြီး ၏ မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ရွေ့ပြောင်းပေးရန် နှင့် အဆိုပါ အချက် ၂ ချက်ကို မလိုက်နာပါက SSPP အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် ရပ်စောင့်-အင်တော နယ်မြေ အတွင်း နယ်မြေရှင်း လင်းရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့သည်ဟု​ဖော်ပြပါရှိသည်။

ထိုသို့ ညှိနိုင်းတောင်းဆိုမှုကို RCSS ဘက်က တစ်စုံတစ်ရာ တုံပြန်ခြင်း မရှိခဲ့ဘဲ SSPPကို တိုက်ခိုက်မှု အချို့သာ RCSSဘက်က ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မေလ ၁၇ ရက်မနက်တွင် SSPP စစ်ကြောင်းမှ နားစံကျေးရွာ အနောက်ဘက်သို့ ကားဖြင့် ထွက်ခွာချိန် RCSS ရဲဘော်အင်အား (၁၀) ဦးခန့်ကဦးစွာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ရဲဘော် (၁) ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ မေလ ၁၉ ရက် တွင်လည်း ရေမောင်း ကျေးရွာ အနီး ရေချိုးသွားသည့် SSPP တပ်ဖွဲဝင် တွေကို RCSS တပ်ဖွဲမှ နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုအပြင် မေလ ၂၀ ရက်တွင် ရေမောင်း ကျေး ရွာအနီး နောင်ယာဆိုင်း တံတား၌ RCSS တပ်ဖွဲမှ နောက်ထပ် နှစ်ကြိမ် SSPP ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့​သော်လည်း ထိခိုက်ကျဆုံးမူ မရှိခဲ့ကြောင်း အသိပေးသည်။

အလားတူ မေလ ၂၅ ရက်တွင်လည်း ရပ်စောင့်မြိုနယ် နားလုံကျေးရွာမှာ လုပ်ရှားနေသည့် SSPP စစ်ကြောင်း ကို RCSS အင်အား၁၀ဦးဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း SSPP ဘက်က ထိခိုက်ကျဆုံးမရှိခဲ့ဟု ဆိုသည်။

SSPP အနေဖြင့် မေလ ၂၆ ရက်နေ့ထိ စစ်ရေးပြင် ဆင်ပြီး RCSS ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း တစ် ကြိမ် မှ မပြုလုပ်ခဲ့ သေးကြောင်း SSPPက ထုတ်ပြန်ခဲ့သည်။SSPP၏ ယခု ထုတ်ပြန်ချက်အပေါ် RCSSဘက်က ပြန်လည်ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါဖြစ်စဥ်နှင့်ပတ်သပ်၍ လူထု​နွေဦးက SSPP နှင့် RCSS တို့ကို ဆက်သွယ်​မေးမြန်ရန် ကြိုးစား​နေဆဲဖြစ်ပါသည်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုဖြစ်သည့် RCSSနှင့် SSPP တို့သည် နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက်ကို ၂၀၂၃ နိုဝင်ဘာလက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ အပစ်မရပ်ခင်ကလည်း RCSSနှင့် SSPP တို့သည် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၂၀၂၁ ခုနှစ် စတပ် အာဏာသိမ်းပြီးနောက် SSPPနှင့် တအာင်းတပ်(TNLA)တို့ ပူးပေါင်းကာ ရှမ်းမြောက်ရှိ RCSS တပ်များကို တိုက်ခိုက်ခဲ့၍ ရှမ်းမြောက်ရှိ RCSS တပ်များ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ထိတွေ့ဆွေးနွေးမှု ပြုလုပ်နေသည့် တပ်ဖွဲ့များလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးပြီး PDF ဇိုလဲန်းတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ခြင်းလည်း ရှိနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် ဖူ့ချီမူတပ်စခန်းကို မေလ ၁၉ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား ၃၃ဦးမှာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့သည်။

သတင်း

စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ် ခပ်ချိုကျေးရွာအနောက်ဖက် ငှက်ပျောစိုက်ခင်းများရှိသည့်နေရာများကို မေလ ၂၆ရက် ည ၇နာရီခန့်မှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဟု သတင်းရရှိသည်။

သတင်း

စစ်ကောင်စီ လေယာဉ် ပစ်ချခံရသည့် သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People's Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။