Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီရိက္ခာတင်ရေယာဉ် တိုက်ခိုက်ခံရ

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ယောနသံ/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရရသွားကြောင်း သတင်းရရှိသည်။

စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ထုံးကြီးကျေးရွာသို့ ဇွန်လ ၁၁ရက်က ရိက္ခာလာသယ်စဉ် နံနက် ၄နာရီတွင် တစ်ကြိမ်၊ ညနေ ၄နာရီခန့်တွင် တစ်ကြိမ်တိုက်ခိုက်ခြင်းဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

၎င်းက” မနက်ပိုင်းတိုက်ခိုက်မှုမှာ တစ်ယောက် သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ညနေပိုင်းမှာ နှစ်ယောက်ဒဏ်ရာရတယ်။ ရိက္ခာလာသယ်တာကို ကြားဖြတ်တိုက်တာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

အဆိုပါကျေးရွာများမှတဆင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေသည်။

ရွာသာယာကျေးရွာသည် ဧရာဝတီမြစ်လယ်ရှိ မြေနုကျွန်းရွာဖြစ်ပြီး ထိုရွာမှစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘခုံးကြီးရွာသို့ ရိက္ခာသွားရောက်သယ်ဆောင်လေ့ရှိသည်။ ထိုသို့သယ်ဆောင်တိုင်းတွင် ဘေးပတ်ဝန်းကျင်ရွာများအား သေနတ်များဖြင့်ပစ်ခတ်လေ့ရှိကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ဇွန်လ ၁၁ရက် နံနက် ၇နာရီခန့်တွင် စဉ့်ကူးမြို့၊ထီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး CDM ကျောင်းဆရာမဒေါ်ဇင်မေဝင်း သေဆုံးခဲ့သည်။ဆရာမ၏ဖခင်ဖြစ်သူအပါအဝင် နှစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

ထို့အပြင် နေ့လယ်ဘက်တွင် ဝါးပိုးနှင့် ဒိုးနွယ်ရွာကို စစ်ကောင်စီကလေကြောင်းမှသုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

” ၈၁တွေ၊၁၂၀တွေ(လက်နက်ကြီး)နဲ့ ပစ်နေတာ ထုံးစံပဲ။ ဒေသခံတွေခမျာ တော်တော်လေး သတိနဲ့ နေရတယ်”ဟု စဉ့်ကူးမြို့ခံတစ်ဦးက ပြောသည်။

လူထုနှင့်ဖြစ်ပွားနေသည့်တိုက်ပွဲတွင် အထိနာပြီး စစ်ရှုံးနေသည့်စစ်ကောင်စီတပ်က အရပ်သားများကိုပစ်မှတ်ထား၍ တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အာရက္ခတပ်တော်(AA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင် ) လယ်ဒို မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ဇွန်လ ၁၁ရက် နေ့လယ်ပိုင်းတွင် ဟင်္သာဝဲအုပ်စု ဟင်္သာဝဲကျေးရွာအတွင်းကျရောက် ပေါက်ကွဲကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

ဘာသာပြန် ဆောင်းပါး

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။

သတင်း

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

သတင်း

မုံရွာ - မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။