Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးပိုင်း၌ ဝမ်ပေါင်ကြေးနီတင်ယာဥ်များ နှစ်ရက်ဆက် တိုက်ခိုက်ခံရ

မုံရွာ – မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

(မုံရွာ - မန္တလေးလမ်းပိုင်း၌ ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တိုက်ခိုက်နေသော မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၏ ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ- PDF-South Monywa)
(မုံရွာ - မန္တလေးလမ်းပိုင်း၌ ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တိုက်ခိုက်နေသော မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၏ ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ- PDF-South Monywa)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ ကြေးနီတင်ယာဥ်များ နှစ်ရက်ဆက် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၀ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်ကဝမ်ပေါင်ကုမ္ပဏီမှထွက်လာသော ကြေးနီတင်တွဲကား ခုနစ်စီးပါယာဥ်တန်းအား ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားကျေးရွာကြား၌ ပဒေသာမိုင်းများဖြင့် နှစ်နေရာဖောက်ခွဲတိုက်ခိုက် ခဲ့ရာ ကြေးနီတင်တွဲကားတစ်စီး ထိခိုက် ပျက်စီးခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရံက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁၁ ရက်) ညနေ၄နာရီ မိနစ်၄၀ခန့်ကလည်း ကြေးနီတင်တွဲကားများ ဖြတ်သန်းချိန် ပဒေသာမိုင်းအကြီး သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကင်းစောင့်ပေးနေသော စစ်သား လေးဦးအနက် နှစ်ဦးသေဆုံးကာ စစ်ဗိုလ်တစ်ဦးလည်း မိုင်းစထိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူ​က ပြောသည်။

Public Service Announcement

Public Service Announcement

“ကြေးနီကားတွေက ရက်အများကြီးမခြားပါဘူး။ နေ့တိုင်းနီးပါး ဖြတ်ပါတယ်။ ထိခိုက်သေဆုံးတာကတော့ မျက်မြင်ရော အတွင်းထဲကရော ရသလောက်စုံစမ်းထားရတာပါ။”ဟု PDF-South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရံက ပြောသည်။

“အခုရက်ပိုင်းတော့ ကြေးနီကားတွေဖြတ်နေတော့ လမ်းကခဏခဏပိတ်တယ်။ မိုင်းဆွဲတာတွေလည်းရှိတယ်။”ဟု မုံရွာမြို့ခံ ခရီးသွားတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ ရက်က စစ်ဆင်ရေးကို နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့နှင့်လည်းကောင်း၊ ၁၁ ရက်နေ့ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း(၁၁)တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Forceနှင့်လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာ – မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

သတင်း

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

သတင်း

KIAနှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၁၁ရက် တစ်ရက်တာထိုးစစ်အတွင်း စစ်ကောင်စီတပ် စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများ စုစုပေါင်း တပ်စခန်း ၁၈ခုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

KIA သည် မေလ ၂၁ရက်က ဝိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁)တပ်စခန်းသိမ်းပြီးနောက် ယနေ့(ဇွန်လ ၁၁ရက်)တွင် စခန်းသိမ်းထိုးစစ်ဆင်မှု ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။