Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူနဲ့အတွေ့မှာ ကြမ္မာငင်ခဲ့တဲ့ ဝက်ဝံ

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ယောနသံ/People’s Spring

ရခိုင်ရိုးမား နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ မဲဇလီရွာထဲသို့ ရောက်ရှိလာသည့် ရှားပါးဝက်ဝံတစ်ကောင်သည် ဒေသခံများအားတိုက်ခိုက်သည်ဟုဆိုကာ သတ်ဖြတ်ခံလိုက်ရသည်။

အရပ် ၆ပေခန့် အနည်းဆုံးရှိသည် ဝက်ဝံအထီးတစ်​ကောင်သည်မဲဇလီရွာထဲသို့ ဇွန်လ ၁၀ရက်က ရောက်ရှိလာခြင်းဖြစ်သည်။ ‌ဒေသခံများနှင့် ထိပ်တိုက်တွေ့ပြီး လူနှင့်ဝက်ဝံပဋိပက္ခဖြစ်ခဲ့သည်ဟု မြို့ခံတဦးကပြောသည်။

ဝက်ဝံ၏ တိုက်ခိုက်မှုကြောင့် ‌မဲဇလီရွာဒေသခံသုံးဦး ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

“မဲဇလီရွာထဲ ဝင်ကိုက်တာ။ သူကလည်း လူတွေကိုကြောက်။ လူတွေကလည်း သူ့ကိုကြောက်နဲ့ နောက်ဆုံးလူအုပ်ကပဲ အနိုင်ယူသွားတယ်။ သတ်ပစ်လိုက်ကြတယ်”ဟု ကြံ့ခင်းမြို့ခံတစ်ဦးကပြောသည်။

ကြံ့ခင်းမြို့နယ်သည် ရခိုင်ရိုးမနှင့် ထိစပ်နေသည်။ ယခု ဝက်ဝံသည် ရခိုင်ရိုးမဘက်မှ ဆင်းလာခြင်းဟု ဒေသခံအချို့ကသုံးသပ်သည်။

“အရင်က မတွေ့ဘူးမကြားဘူးတဲ့ ဖြစ်ရပ်ပဲ။ ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် နယ်ကျွံလာတာလို့ထင်တယ်”။

ဧရာဝတီတိုင်းအတွင်း ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ ဥသျှစ်ပင်မြို့တို့သည် လတ်တလောတိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ရခိုင်ရိုးမခြားလျက်တည်ရှိသည်။

လူများအား တိုက်ခိုက်၍ဝက်ဝံကိုသတ်ဖြတ်ရှင်းလင်းလိုက်သည့်အကြောင်းကို ဒေသခံတဦး လူမှုကွန်ရက်တွင်ရေးသားထားပြီး ချက်စားပစ်မည်ဟုလည်း ပြောဆိုထားသည်။

ဝက်ဝံသည် ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေအရ ထိန်းသိမ်းရန် တာဝန်ရှိသည့် တောရိုင်းတိရစ္ဆာန်ဖြစ်သောကြောင့် ယခုကဲ့သို့ သတ်ဖြတ်လိုက်သည်အပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူအချို့က ပြင်းပြင်းထန်ထန်ဝေဖန်ကြသည်။

“ရွှေ့ပြောင်းတောင်ယာတွေခုတ်၊ တောတွေမီးရှို့၊ ဝါးတောတွေရှင်း၊ တောကိုလုပ်ချင်တိုင်းလုပ်ဝင်ချင်သလိုဝင်နေချင်သလိုနေနေတော့ အသံမထွက်ကြဘူး။ တောရိုင်းကောင်က ပြန်ကိုက်ရင်အသံလေးကထွက်လာပြီ။ အကိုက်ခံရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် တောရိုင်းတိတွေအတွက် Rightsမှမရှိတာ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားသည်။

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

သို့​သော်ဝက်ဝံသေအား မည်သို့ဆက်လက်လုပ်ကိုင်သည်ကို မသိရှိရသေးပေ။ သတ်ဖြတ်သူများအား တရားစွဲရန်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူအချို့က တောင်းဆိုနေကြခြင်းလည်းရှိသည်။

ဝက်ဝံ များသည်၂၀၂၀ ပြည့်နှစ်မှာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ ပုဒ်မ ၃၇(က)အရ လုံးဝကာကွယ်ထားသည့်တောရိုင်းတိရစ္ဆာန် (Completely protected species) အဖြစ် သတ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်ရောင်းချသူများ၊ ပါဝင်ကျူးလွန်သူအားလုံးကိုထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

သတင်း

မုံရွာ - မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

သတင်း

KIAနှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၁၁ရက် တစ်ရက်တာထိုးစစ်အတွင်း စစ်ကောင်စီတပ် စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများ စုစုပေါင်း တပ်စခန်း ၁၈ခုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

KIA သည် မေလ ၂၁ရက်က ဝိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁)တပ်စခန်းသိမ်းပြီးနောက် ယနေ့(ဇွန်လ ၁၁ရက်)တွင် စခန်းသိမ်းထိုးစစ်ဆင်မှု ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။