Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စံချိန်သစ်ဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှ ပြုတ်ခဲ့သည့်စစ်ကောင်စီလက်​ရွေးစဥ်​​ဘောလုံးအသင်း

ဂျပန် ၊​မြောက်ကိုရီးယားလက်​ရွေးစဥ်အသင်းနှင့်ယှဥ်ပြိုင်ခဲ့​သော စစ်​ကောင်စီလက်​ရွေးစဥ်အသင်း
ဂျပန် ၊​မြောက်ကိုရီးယားလက်​ရွေးစဥ်အသင်းနှင့်ယှဥ်ပြိုင်ခဲ့​သော စစ်​ကောင်စီလက်​ရွေးစဥ်အသင်း

သုည/People’s Spring

စစ်အာဏာရှင် နှစ်နိုင်ငံဖြစ်​သော ​မြောက်ကိုရီးယားနှင့် မြန်မာ အမျိုးသားလက်​ရွေးစဥ်​ဘောလုံးအသင်းတို့ပွဲစဥ် အပြီး စစ်​ကောင်စီလက်​ရွေးစဥ်အသင်းမှာ စံချိန်သစ်တစ်ခုစိုက်ထူခဲ့သည်။

၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှစ၍ စစ်အာဏာရှင်နိုင်ငံဖြစ်​နေ​သော မြန်မာ နှင့် ကမ္ဘာ့သိအာဏာရှင်နိုင်ငံ ​မြောက်ကိုးရီးယားတို့၏ လာအိုတွင် ယှဥ်ပြိုင်​သောပွဲစဥ်တွင် စစ်​ကောင်စီ၏လက်​ရွေးစဥ်အသင်းက ၄ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ​မြောက်ကိုးရီးယား အိမ်ကွင်းတွင်ယှဥ်ပြိုင်ရမည်ဖြစ်​သော်လည်း နိုင်ငံ​ရေး အ​ခြေအ​နေအရ ကြားကွင်းလာအိုနိုင်ငံ၌ယှဥ်ပြိုင်ခဲ့​သောပွဲစဥ်တွင် အာဏာရှင်နိုင်ငံချင်းတူ​သော်လည်း ​ဖီဖာကမ္ဘာ့အဆင့် ၁၁၈ တွင်ရှိ​သော ​မြောက်ကိုးရီးယားက ၎င်းတို့ထက် ဖီဖာအဆင့် ၄၅ ဆင့်နိမ့်​သော မြန်မာအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် သက်တောင့်သက်သာအနိုင်ယူပြီး ​အုပ်စုဒုတိယဖြင့် ​နောက်တစ်ဆင့်သို့တက်​ရောက်သွားသည်။ စစ်​ကောင်စီလက်​အောက်တွင် မြန်မာအသင်း၏ ဖီဖာအဆင့်မှာ နိုင်ငံ​ပေါင်း ၂၁၀ တွင် ၁၆၃ ၌ရပ်တည်​နေသည်။

စစ်​ကောင်စီ၏ လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၆ အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတလျှောက် နိုင်ပွဲ မရှိ၊ ပေးဂိုးအများဆုံးဖြင့် စံချိန်ဖြင့် ခြေစစ်ပွဲအဆင့်မှ ပြုတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဂျပန် ၊​မြောက်ကိုရီးယားလက်​ရွေးစဥ်အသင်းနှင့်ယှဥ်ပြိုင်ခဲ့​သော စစ်​ကောင်စီလက်​ရွေးစဥ်အသင်း
ဂျပန် ၊​မြောက်ကိုရီးယားလက်​ရွေးစဥ်အသင်းနှင့်ယှဥ်ပြိုင်ခဲ့​သော စစ်​ကောင်စီလက်​ရွေးစဥ်အသင်း

ထို့အပြင် မြန်မာအသင်းသည် ခြေစစ်ပွဲတတိယအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အသင်းများအနက် ပေးဂိုး ၂၈ ဂိုးအထိ ရှိခဲ့ကာ ပေးဂိုးအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းထက် ကမ္ဘာ့အဆင့်နိမ့်ကျခဲ့သည့် ပါကစ္စတန်က ပေးဂိုး ၂၆ ဂိုး၊ နီပေါအသင်းက ပေးဂိုး ၂၀ ဂိုး၊ ဘင်္ဂလားဒေ့ရှ်က ပေးဂိုး ၂၀ ဂိုးတို့သာ ရှိခဲ့သည်။ မြန်မာအသင်းမှာမူ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နှင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရာ နှစ်ကျော့ပေါင်း ဂျပန်အသင်းကို ၁၀ ဂိုး၊ မြောက်ကိုရီးယားကို ၁၀ ဂိုးနှင့် ဆီးရီးယားကို ၈ ဂိုးအထိ အရှက်တကွဲ ပေးခဲ့ရသည်။ သွင်းဂိုးမှာလည်း ပြိုင်ပွဲတလျှောက် ၃ ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့်တွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ပွဲစဉ်ခြောက်ပွဲ ယှဉ်ပြိုင်ရာ နိုင်ပွဲတစ်ပွဲမှ မရရှိဘဲ ငါးပွဲရှုံး တစ်ပွဲသရေ ရမှတ်တစ်မှတ်ဖြင့် ခြေစစ်ပွဲအဆင့်မှ ပြုတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီရလဒ်တွေက ကွင်းထဲက ကစားသမားတွေရော နည်းပြတွေရော အဖွဲ့ချုပ် ဥက္ကဌနဲ့ တာဝန်ရှိသူတွေရော အားလုံးမှာ တာဝန်ရှိပါတယ်။ အဓိကထား ပြောချင်တာကတော့ လက်ရွေးစင်ပါ။ နိုင်ငံခြားရောက်ရင် ဓာတ်ပုံတင်မယ်၊ စော်ကြောင်မယ် ဆိုတဲ့ စိတ်ဓာတ်လောက်နဲ့ ဘောလုံးကန်နေတဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်တွေကို ပြင်သင့်ပါပြီ။ နိုင်ငံရေးအခြေအနေ စုတ်ပြတ်နေတဲ့ကြားကနေ ဘောလုံးချစ်ပရိသတ်ကတော့ ဂျပန်နဲ့ပွဲမှာ ကွင်းထဲထိ လာအားပေးနေတာ တွေ့ရတုန်းပါပဲ။ မြန်မာ့ဘောလုံးကတော့ ခေတ်အခြေအနေကို လက်ညိုးထိုး အပြစ်ပုံချ မုန့်လုံးစက္ကူကပ်နဲ့ အောင်မြင်ဖို့ အဖြေမရှိဘူး ဖြစ်နေဆဲပါပဲ” ဟု​ဘောလုံးဝါသနာရှင်တစ်ဦးက ​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် လက်ရွေးစင်ဘောလုံးအသင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလားပြိုင်ပွဲ‌ ခြေစစ်ပွဲ နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ကြိမ် စ​သော ပြိုင်ပွဲ ​လေးခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲ​လေးခုစလုံးတွင် အုပ်စု​အောက်ဆုံး အဖြင့်ဖြင့်ပင် အုပ်စုအဆင့်တိုင်းမှပြုတ်ခဲ့ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရရှိခဲ့​သော ​မြန်မာ့လက်​ရွေးစဥ်​ဘောလုံးအသင်းဥက္ကဌ ဦး​ဇော်​ဇော်
အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရရှိခဲ့​သော ​မြန်မာ့လက်​ရွေးစဥ်​ဘောလုံးအသင်းဥက္ကဌ ဦး​ဇော်​ဇော်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ၊ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) နှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ တို့တွင် အုပ်စုအောက်ဆုံးဖြင့် ထွက်ခွာခဲ့ရသလို ၂၀၂၂ အာဆီယံပြိုင်ပွဲတွင်လည်း ရမှတ် ၁ မှတ်သာ ရရှိပြီး အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။

ထိုအပြင် လက်ရွေးစင်ဘောလုံးအသင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ယနေ့အထိ နိုင်ငံတကာပြိုင်ပွဲနှင့်‌ ခြေစမ်းပွဲ ၃၂ ပွဲ ယှဉ်ပြိုင်ရာ ၂၄ ပွဲအထိ ရှုံးနိမ့်ထားပြီး ၃ ပွဲသာ အနိုင်ရကာ ၅ ပွဲသရေ ရလဒ်ထွက်ပေါ်ထားသည်။

စစ်​ကောင်စီလက်​အောက်တွင် ယှဥ်ပြိုင်​သောနိုင်ငံတကာပြိုင်ပွဲတိုင်း ​အောက်ဆုံးအဆင့်ဖြင့် နိုင်ငံတကာပြိုင်ပွဲများမှ ထွက်ခွာခဲ့ရသော်လည်း မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကမူ ပြီးခဲ့သည့် မေလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။ အာရှဒေသ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မဆုတ်မနစ်ထမ်းရွက်မှု၊ ဘောလုံးအားကစားနှင့်အတူ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောက်ရွက်ခဲ့မှုများအတွက် ဦး​ဇော်​ဇော်ကိုဂုဏ်ပြု ဆု​ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဦး​ဇော်​ဇော်သည် မြန်မာနိုင်ငံ​ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ်ဗိုလ်ချုပ်မှူးကြီး သန်း​ရွှေ၏ စစ်အစိုးရလက်ထက် ၂၀၀၅ မှ စ၍ ယ​နေ့အချိန်ထိ နှစ် ၁၉ နှစ်​ကျော်ကြာတာဝန်ယူခဲ့​သော သက်တမ်းရှည်​ ဥက္ကဌဖြစ်သည်။ စစ်​ကောင်စီလက်​အောက်တွင်လည်း ​လက်​ရွေးစဥ်ဘောလုံး​အသင်းအောင်မြင်မှု ​အောင်ပွဲခံနိုင်ရန် ကြိုးစား​နေ​သော်လည်း ပြိုင်ပွဲတိုင်းတွင် အရှက်တကွဲရှုံးနိမ့်​နေဆဲဖြစ်သည်။

ဦးဇော်ဇော်မှာ အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရပြီးနောက်ပိုင်းတွင်လည်းစစ်​ကောင်စီ လက်ရွေးစင်ဘောလုံးအသင်း၏ ​ခြေစွမ်းနှင့် ရလဒ်များတိုးတက်မလာခဲ့ဘဲ ယခုလ(ဇွန်လ)အတွင်း ဂျပန်အသင်းကို အိမ်ကွင်း၌ (၅-၀) ဂိုး၊ မြောက်ကိုရီးယားကို ကြားကွင်း၌ (၄-၁) ဂိုးတို့ဖြင့် အရှက်တကွဲ ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

​ဘောလုံးအားကစားကိုချစ်မြတ်နိုး​သောမြန်မာပရိတ်သတ်အများစုမှာလည်း အာဏာသိမ်းစစ်​ကောင်စီလက်​အောက်လက်​ရွေးစဥ်​ဘောလုံးအသင်းကိုအားမ​ပေးကြ​တော့ဘဲ ​စစ်​ကောင်စီလက်​ရွေးစဥ်​ဘောလုံးအသင်းရှုံးနိမ့်လျင်ပင် ​ပျော်နေ​ကြောင်း ​​ဘောလုံးပရိတ်သတ်အချို့က​ပြောသည်။

(ဂျပန် ၊​မြောက်ကိုရီးယားလက်​ရွေးစဥ်အသင်းနှင့်ယှဥ်ပြိုင်ခဲ့​သော စစ်​ကောင်စီလက်​ရွေးစဥ်အသင်း/ အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရရှိခဲ့​သော ​မြန်မာ့လက်​ရွေးစဥ်​ဘောလုံးအသင်းဥက္ကဌ ဦး​ဇော်​ဇော် ။ ဓါတ်ပုံ- CJ ၊ NY Times)

ဆက်စပ်သတင်းများ

သတင်း

မံစီမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့ ကောင်ဂျာဟန်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင် ) လယ်ဒို မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ဇွန်လ ၁၁ရက် နေ့လယ်ပိုင်းတွင် ဟင်္သာဝဲအုပ်စု ဟင်္သာဝဲကျေးရွာအတွင်းကျရောက် ပေါက်ကွဲကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

ဘာသာပြန် ဆောင်းပါး

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။