Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

(ပဲခူးတိုင်း၊ ပေါင်းတည်မြို့တနေရာတွင် စစ်ကောင်စီတပ်သားများ စစ်ဆေးနေစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းအသုံးပြုထားပါသည်)
(ပဲခူးတိုင်း၊ ပေါင်းတည်မြို့တနေရာတွင် စစ်ကောင်စီတပ်သားများ စစ်ဆေးနေစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းအသုံးပြုထားပါသည်)

ကျော်ဇော/People’s Spring

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လက်ကိုင်ဖုန်းများ၌ VPN ဆော့ဝဲလ် ထည့်သွင်းထားခြင်းရှိ၊မရှိ စစ်ဆေးပြီး ဖုန်းများကိုသိမ်းယူကာ ငွေညှစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက လမ်းသွား၊လမ်းလာများကို တားဆီး၍ လက်ကိုင်ဖုန်းများ၌ VPN ပါ၊မပါ စစ်ဆေးမှုများကို ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည် စသည့်မြို့များနှင့် အရှေ့ခြမ်းတွင် ပဲခူးမြို့ပေါ်တို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ဇွန်လ ၁၁ ရက်နေ့ကတည်းက ပြည်အမှတ် (၂)စခန်းရှေ့၊ ကိုးသောင်းစျေးနားနဲ့ နဝဒေးတံတားထိပ်တွေမှာ စစ်ဆေးတာတွေ လုပ်နေတာ။ ဖုန်းတွေကို VPN ပါ၊မပါစစ်တယ်။ VPN ပါတဲ့ဖုန်းတွေ့ရင် သိမ်းခံရတယ်”ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ပြည်ခရိုင် ပေါင်းတည်မြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယမန်နေ့(ဇွန်လ ၁၂ ရက်)က မြို့ပေါ် နေရာများတွင် ခရီးသွားပြည်သူများ၏ ယာဥ်များကိုတားဆီးကာ VPN စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပေါင်းတည်မြို့ပေါ်မှာ နေရာအတည်တကျမရှိဘူး။ mobile ပုံစံစစ်တာ။ ဆိုင်ကယ်လိုင်စင်နဲ့ ဖုန်းတွေကို VPN စစ်တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့(ဇွန်လ ၁၃ ရက်)နံနက်ပိုင်းမှစတင်ပြီး ပဲခူးအရှေ့ခြမ်းရှိ ပဲခူးမြို့တွင်လည်း နံနက်အစောပိုင်း၌ ငါးပိပွဲရုံတန်းအနီး VPN စစ်ဆေးမှုများရှိခဲ့ကာ မြို့တွင်းရှိ နာရီစဥ်၊ မဟာမြိုင်လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းအနီးဝန်းကျင်နေရာများ၌ စစ်ဆေးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“VPN ထည့်ထားလို့ တချို့ဖုန်းသိမ်းခံရတဲ့သူတွေဆိုရင် ငွေနှစ်သိန်း၊ သုံးသိန်းပေးပြီး ပြန်ရွေးရတာတွေရှိတယ်”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်လည်း စစ်ကောင်စီက ဖုန်းများအတွင်း VPN စစ်ဆေးမှုများရှိသည်ဟု လူမှုကွန်ရက်တွင် ရေးသားနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်တာနက်ကွန်ရက်အသုံးပြုမှုများနှင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြုမှုများကို အလုံးစုဲထိန်းချုပ်လိုက်သောကြောင့် နိုင်ငံတဝှမ်းဖုန်းလိုင်းများပြတ်တောက်ခြင်း၊ အင်တာနက်ကွန်ရက်ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ အင်တာနက်လိုင်းများကို ပုံမှန်နီးပါးအသုံးပြုနိုင်ရန် ပြည်သူများက ကြားခံ VPN ဆော့ဝဲလ်များဖြင့် အသုံးပြုလာရပြီး ယခုဇွန်လတွင်မူ စစ်ကောင်စီက လူသုံးများသည့် VPN ဆော့ဝဲလ်များကို ပြည်တွင်း၌ အသုံးပြုမရအောင် ထပ်မံပိတ်ပင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ပေါင်း ၂၇ နှစ်ကြာတပ်စွဲထားသည့် အဆိုပါ စခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း လက်နက်ချခြင်းမရှိ၍ ယနေ့ (ဇွန်လ ၁၄ရက်)နံနက်တွင် ထိုးစစ်ဆင်ခဲ့ရာ နေ့လယ် ၁၂နာရီတွင် သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဇွန်လ ၁၀ရက်မှစ၍ ယင်းညွှန်ကြားချက်ရောက်ရှိလာခြင်းဖြစ်ပြီး မကြာမီဖြစ်ပေါ်လာနိုင်သည့် စစ်ရေးအခြေအနေကြောင့် အလွန်စိုးရိမ်နေကြသည်ဟု ဌာနဆိုင်ရာဝန်ထမ်းအချို့ကပြောသည်။

သတင်း

မံစီမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့ ကောင်ဂျာဟန်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

သုည/People’s Spring စစ်အာဏာရှင် နှစ်နိုင်ငံဖြစ်​သော ​မြောက်ကိုရီးယားနှင့် မြန်မာ အမျိုးသားလက်​ရွေးစဥ်​ဘောလုံးအသင်းတို့ပွဲစဥ် အပြီး စစ်​ကောင်စီလက်​ရွေးစဥ်အသင်းမှာ စံချိန်သစ်တစ်ခုစိုက်ထူခဲ့သည်။ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှစ၍ စစ်အာဏာရှင်နိုင်ငံဖြစ်​နေ​သော မြန်မာ နှင့် ကမ္ဘာ့သိအာဏာရှင်နိုင်ငံ ​မြောက်ကိုးရီးယားတို့၏ လာအိုတွင် ယှဥ်ပြိုင်​သောပွဲစဥ်တွင် စစ်​ကောင်စီ၏လက်​ရွေးစဥ်အသင်းက ၄ ဂိုး...