Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်မရောအကျဉ်းထောင်တွင် အကျဥ်းသားတစ်ဦး ဓာတ်လိုက်ပြီးအမြင့်မှပြုတ်ကျ

ကျိုက်မရောအကျဥ်းထောင်လည်း နိုင်ကျဥ်းများအပါအဝင် အကျဥ်းသားများအား ဖိနှိပ်မှုဆိုးရွားနေသည်။

(ကျိုက်မရောအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - PPNM)
(ကျိုက်မရောအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - PPNM)

ဇေအောင်/People’s Spring

မွန်ပြည်နယ်ရှိ ကျိုက်မရောအကျဉ်းထောင်၌ ထောင်အာဏာပိုင်များက အကျဥ်းသားတစ်ဦးအား အမျိုးသမီးအဆောင်သွပ်ကာခိုင်းချိန် ဓာတ်လိုက်၍ ပေ ၂၀ကျော်အမြင့်မှ ပြုတ်ကျခဲ့ရာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၂ရက် ညနေ ၅နာရီကျော်က ကျိုက်မရောအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင်နှင့် အမျိုးသားအဆောင်ကြား သွပ်ကာချိန် အခြားအကျဉ်းသားတစ်ဦး ဓာတ်လိုက်၍ အမြင့်ပေ ၂၀ကျော် အုတ်ရိုးအထက်မှ ပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

လက်ရှိတွင် အဆိုပါအကျဉ်းသားမှာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသည်။

Public Service Announcement

Public Service Announcement

“မိန်းကလေးအဆောင်ကို တခြားအဆောင်တွေနဲ့ စကားလှမ်းပြောလို့ရနေလို့ဆိုပြီး အုတ်တံတိုင်းကို သွပ်ပြားတွေနဲ့ထပ်ကာတယ်။ အဲ့မှာ ဝရိန်ဆော်ပေးတဲ့ အကျဥ်းသားတစ်ယောက် ဓါတ်လိုက်ပြီး အပေါ်ကနေ ပြုတ်ကျတာ”ဟု အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထောင်အာဏာပိုင်များက ကာကွယ်ရေးစ္စည်းများ စီမံပေးခြင်းမရှိ၍ အကျဥ်းသားမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရင်ဆိုင်နေရကြောင်း PPNMက အသိပေးသည်။

ထောင်တွင်းဆန္ဒပြမှုအထိ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဓာတ်လိုက်ပြီးပြုတ်ကျခဲ့သည့် အခြားအကျဉ်းသားအား အကျဉ်းသူများမှ အမြန်ဆုံးဆေးရုံပို့ပေးရန် တောင်းဆိုပေးခဲ့ကြောင်း သိရသည်။

အမျိုးသမီးအဆောင်နှင့် အခြားအဆောင်များ လက်ဟန်ခြေဟန်ဖြင့် စကားပြော၍မရစေရန်နှင့် အမျိုးသမီးအဆောင်အတွင်း ထောင်အာဏာပိုင်များ မည်သို့ပြုလုပ်နေသည်ကို ပြင်ပမှမသိရှိစေရန် ပတ်ပတ်လည်ကာရံခိုင်းခြင်းဖြစ်ကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူ အခြားတစ်ဦးက ပြောသည်။

“အဲဒီအချိန်မိုးတွေလည်းရွာပြီး အမြင့်က ပေနှစ်ဆယ်ကျော်ရှိတယ်။ အဲအချိန် ငြမ်းဆင်ပြီးတက်ကာခိုင်းတော့ ဓာတ်ကြိုးကျပြီး ငြမ်းစင်ကနေ ဓါတ်ကူးပြီး ဓာတ်လိုက်တာ။”ဟု ပြောသည်။

အဆိုပါအကျဥ်းသားသေဆုံးသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရသေးပေ။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ထောင်အာဏာပိုင်များက သတင်းအမှောင်ချထားပြီး နိုင်နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားအားလုံး တောင်းဆိုမှုပြုလုပ်မည်ဟု သိရသည်။

ကျိုက်မရောအကျဥ်းထောင်လည်း နိုင်ကျဥ်းများအပါအဝင် အကျဥ်းသားများအား ဖိနှိပ်မှုဆိုးရွားနေသည်။

ယခင်ရက်ပိုင်းအတွင်းကလည်း နိုင်ငံရေးအကျဥ်းသားအချို့ကို တရားမဝင်ပစ္စည်းမိသည်ဟုဆိုကာ တိုက်ပိတ်ပြီး ခြေကျင်းဒေါက်ထည့်ကာ အမှုထပ်တိုးခဲ့ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။

ထို့အပြင် အကျဥ်းထောင်အတွင်း ဒရုန်းများဝင်မလာနိုင်ရန် ဂျန်မာများတပ်ဆင်ထား၍ အဆိုပါ ဂျန်မာလှိုင်းများကြောင့် အကျဥ်းသားများ ညဘက်အိပ်စက်မရဖြစ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အကျဥ်းသားများသည် မိသားစုဝင်များက ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်ခြင်းမရှိတော့သည့်အတွက် အကျဉ်းထောင်မှ ကျွေးသည့် ထမင်းနှင့်ဟင်းကိုသာ အဓိက အားပြုနေရကြောင်း သိရသည်။

သတင်း

ယခု ၂၀၂၄အတွင်း အကျဥ်းထောင်အသီးသီး၌ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား ၈ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

သတင်း

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အချုပ်ခန်း သုံးခန်းအတွင်း ချုပ်နှောင်ခံထားရသူများတွင် အသက်မပြည့်‌ သေးသည့် ကလေးသူငယ် ၂၀ ပါဝင်ကြောင်း PPNMက ဆိုသည်။