Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်း​မြောက်တွင် စစ်​ရေးတင်းမာမှုမြင့်တက်

စစ်ကောင်စီသည် အပစ်ရပ်စာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်နေခြင်းဟု မဟာမိတ်ညီနောင်သုံးဖွဲ့က မကြာခဏထုတ်ပြန် သတိပေးခဲ့သည်။

ဇွန် ၉ ရက်တွင် TNLA စခန်းကို ​ပေါင် ၅၀၀ ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်
ဇွန် ၉ ရက်တွင် TNLA စခန်းကို ​ပေါင် ၅၀၀ ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်

-“နှစ်ဘက်က သေနတ်ကျည် ပြိုင်သာမထွက်သေးတာ။ ဟိုင်ဂင်က ပျက်သလောက်ဖြစ်နေပြီ။ ၁၀၂၇က ပြန်ဖြစ်တော့မှာ”-စစ်​ရေးရင်းမြစ်တစ်ဦး

ယောနသံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တစ်ကျော့ပြန်စစ်ရေးတင်းမာလာပြီး မကြာမီ တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ကြောင်း နှင့် ၁၀၂၇ စစ်ဆင်ရေးပြန်လည်စတင်နိုင်ကြောင်း ဒေသခံများနှင့်စစ်ရေးလေ့လာသူများက ပြောသည်။

“စစ်ကောင်စီကလည်း မူဆယ်၊ လားရှိုးတို့လို့ မြို့ကြီးတွေမှာ လက်နက်ကြီးတွေရော၊ ဒရုန်းတွေရော၊ လူအင်အားပါတိုးတာအားလုံးအသိပဲ။ မဟာမိတ်ဘက်ကလည်း စစ်ရေးပြင်ဆင်တာရှိတာပဲ။ ပဓိကက စစ်ကောင်စီဘက်က ရန်လိုနေတာ။ သေချာတာက ရှမ်းမြောက်မှာ ကျည်ပြန်ပေါက်တော့မယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ထားသည်။ မူဆယ်နှင့်လားရှိုးမြို့ကို ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်မှုဖြင့် ဟိုင်ဂင်အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ ယာယီအပစ်ခတ်ရပ်စဲထားကြသည်။

Public Service Announcement

Public Service Announcement

သို့သော်အပစ်ရပ်ထားသည်ကာလအတွင်း စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို လူနှင့်လက်နက်အင်အားဆက်တိုက်ပို့နေခဲ့သည်။

“လားရှိုးမှာ ဒရုန်းအစင်းလေးရာ ပို့ထားတာရော ၊ရုရှားကဒရုန်းပညာရှင်တွေခေါ်ပြီး Train တာရောသတင်းတွေက အတိအကျပဲ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ကွတ်ခိုင်၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့အပါအဝင် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များအားဆုံးရှုံးပြီးနောက် တရုတ်အကူအညီဖြင့် ကုန်သွယ်ရေးပြန်စတင်ရန် ကြိုးစားခဲ့သည်။ သို့သော် ညှိနှိုင်း၍မရဘဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်လက်ထိန်းချုပ်ထားသည်။ ယင်းအခြေအနေသည် စစ်ကောင်စီအတွက်ဝင်ငွေအမြောက်အမြားဆုံးရှုံးနေခြင်းကြောင့် စစ်ရေးပြင်ဆင်ပြီး ပြန်လည်တိုက်ခိုက်မည်ဟူသောသတင်းများ ထွက်ခဲ့သည်။တချိန်တည်းတွင် စစ်ကောင်စီက မူဆယ်၊ လားရှိူး၊ ကျောက်မဲ၊ သီပေါမြို့တို့အား လူနှင့်လက်နက်အင်အား အများအပြားပို့ဆောင်ခဲ့သည်။

စစ်​ကောင်စီက ဇွန် ၁၂ ရက်တွင် သီပေါ-နမ္မတူလမ်းပိုင်းကိုဖျက်ဆီးထားမှု၊
စစ်​ကောင်စီက ဇွန် ၁၂ ရက်တွင် သီပေါ-နမ္မတူလမ်းပိုင်းကိုဖျက်ဆီးထားမှု၊

ထိုလုပ်ရပ်များက စစ်ကောင်စီသည် အပစ်ရပ်စာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်နေခြင်းဟု မဟာမိတ်ညီနောင်သုံးဖွဲ့က မကြာခဏထုတ်ပြန် သတိပေးခဲ့သည်။

ထိုအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှ TNLAတပ်စခန်းအား စစ်ကောင်စီက ဇွန်လ ၉ရက်ညနေတွင် စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။TNLA တပ်ဖွဲ့ဝင်အချို့ဒဏ်ရာရရှိခဲ့သည်။

မိုးမိတ်မြို့အားလေကြောင်းမှတိုက်ခိုက်မှုသည် ဟိုင်ဂင်အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ်စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် မေလ ၂၉ ရက်က စစ်ကောင်စီက ဒေသခံများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့်အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က စစ်ကောင်စီကိုအပြင်းအထန်ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ နှင့် နိုင်ငံတကာအထိ တိုက်တွန်းတိုင်ကြားမှုများပြုလုပ်ခဲ့သည့်အပေါ် စစ်ကောင်စီက အစာမကျေဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ဇွန် ၉ ရက်တွင် TNLA စခန်းကို ​ပေါင် ၅၀၀ ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်
ဇွန် ၉ ရက်တွင် TNLA စခန်းကို ​ပေါင် ၅၀၀ ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်

ဗျိုင်းဖြူကျေးရွာ ဒေသခံ၇၆ယောက်ကို သတ်ဖြတ်သလို အပြစ်မဲ့ဒေသခံ ပြည်သူတွေကို အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်း၊အလောင်းတွေ ဖျောက်ဖျက်ခြင်း၊ ကျေးရွာပြည်သူလူထု၏ ရွှေငွေပစ္စည်းများကို လုယက်သိမ်းယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း အစရှိတဲ့ စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်ဟု MNDAAနှင့် TNLAဇွန်လ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ဗျိုင်းဖြူရွာကို အကြမ်းဖက်သတ်ဖြတ်မှုကဲ့သို့ စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေပြီး အမြန်ဆုံးအရေးယူဆောင်ရွက်ရန်၊ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအတွက် စစ်ကောင်စီ၏ မိုက်ရူးရဲဆန် သောလုပ်ရပ်များမှ ထိရောက်စွာ အကာအကွယ်ပေးရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာ အသိုင်းအဝိုင်းအား အထူးမေတ္တာရပ်ခံတောင်းဆိုကြောင်း MNDAAနှင့် TNLAက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ မူဆယ်မြို့တို့တွင် ၁၀၂၇ စစ်ဆင်​ရေးနှင့် တိုက်ပွဲများပြန်လည်စတင်တော့မည်ဟုသတင်းများ ​ဒေသခံများကြားကျယ်ကျယ်​လော​လောင်ထွက်ပေါ်နေသည်။

“တကယ်က တိုက်ပွဲသာရပ်သာ စစ်ရေးတင်းမာမှုက ရပ်မှမရပ်ပဲ။ တိုက်ပွဲတွေပြန်ဖြစ်မယ်ဆိုတာ မှန်းဆပြီးသားပဲ။ ဒီတခါတော့ အသံကျယ်ကျယ်လောင်လောင်ထွက်နေပြီ”ဟု မူဆယ်မြို့ခံတဦးကပြောသည်။

မူဆယ်မြို့ခံအများစုသည် ဘေးလွတ်ရာ တိမ်းရှောင်ရန်ကြိုးစားနေကြသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

ထို့အပြင် ဇွန်လ ၁၂ရက်ကလည်း နမ္မတူနှင့် မန္တလေးလမ်းမှ သီ‌ပေါမြို့လမ်းပိုင်းတစ်နေရာ၌ ကားလမ်းအား စစ်ကောင်စီက ဘူဒိုဇာဖြင့် ဖြတ်တောက်ဖျက်ဆီးလိုက်ကြောင်း ဒေသခံများကပြောသည်။

စစ်​ကောင်စီက ဇွန် ၁၂ ရက်တွင် သီပေါ-နမ္မတူလမ်းပိုင်းကိုဖျက်ဆီးထားမှု၊
စစ်​ကောင်စီက ဇွန် ၁၂ ရက်တွင် သီပေါ-နမ္မတူလမ်းပိုင်းကိုဖျက်ဆီးထားမှု၊

“သီပေါနဲ့နမ္မတူအကြား မိုးတေရွာမရောက်ခင် အမှတ်၅၀၃ တပ်နှင့်၅၀၄တပ်အကျော် ပန်နေကျေးရွာအနီးဘက်ဟိုးနဲ့တူးဖျက်လိုက်တယ်။ ထိုနည်းတူပဲ လားရှိုး နှင့် နမ္မတူကြားမှာလည်း ကားလမ်းဖြတ်လိုက်တယ်ကြားတယ်”​ဟု​ဒေသခံတစ်ဦးက​ပြောသည်။

စစ်ကောင်စီတပ် သီပေါ-နမ္မတူလမ်းကို ယာဉ်သွားလာမှု ဟန့်တားနိုင်ရန် စစ်ကောင်စီမှ မြောင်းဖောက်ဖျက်ဆီးခြင်းမှာကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစားခြင်းဖြစ်ပြီး ဟိုင်ဂင်သဘောတူစာချုပ်ချိုးဖောက်ကာ ပြဿနာဖြစ်အောင်ဖော်ဆောင်နေသည့် လုပ်ရပ်ဖြစ်ကြောင်း TNLAက လည်းဇွန် ၁၂ တွင်ထုတ်ပြန်သည်။

သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းကို မြောင်းတူးဖျက်ဆီးခြင်းသည် PSLF/TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တို့တွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်ခြင်းဖြစ်သည်ဟု TNLA ကအသိ​ပေးသည်။

ထို့အပြင် စစ်ကောင်စီကထိန်းချုပ်ထားဆဲ မြို့အချို့မှ မြို့အဝင်နေရာများ၌ ကတုပ်ကျဉ်းများတူးထားပြီး ခံစစ်ပြင်ဆင်ထားသည်ဟု စုံစမ်းသိရှိရသည်။

ညီ​နောင်မဟာမိတ် ၃ ​ဖော်မှ တပ်ဖွဲ့ဝင် သုံးဦး
ညီ​နောင်မဟာမိတ် ၃ ​ဖော်မှ တပ်ဖွဲ့ဝင် သုံးဦး

“နှစ်ဘက်က သေနတ်ကျည် ပြိုင်သာမထွက်သေးတာ။ဟိုင်ဂင်က ပျက်သလောက်ဖြစ်နေပြီ။ ၁၀၂၇က ပြန်ဖြစ်တော့မှာ”ဟုရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

(စစ်​ကောင်စီက ဇွန် ၁၂ ရက်တွင် သီပေါ-နမ္မတူလမ်းပိုင်းကိုဖျက်ဆီးထားမှု၊ ဇွန် ၉ ရက်တွင် TNLA စခန်းကို ​ပေါင် ၅၀၀ ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်နှင့် ညီ​နောင်မဟာမိတ် ၃ ​ဖော်မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-TNLA ၊ AA)

ဆက်စပ်သတင်းများ

ဆောင်းပါး

ထော်လာဂျီများပေါ်တွင်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊အရေးကြီး အထုပ်အပိုးများဖြင့် ပြည့်နှက်စွာတင်ဆောင်ပြီး မောင်းနှင်နေကြပါသည်။

ဆောင်းပါး

4K ၏ အနက်အဓိပ္ပါယ်အရ ကလလတ (KNPLF) နှင့်အတူ 4K တပ်ပေါင်းစု အဖြစ် မဟာမိတ်စုဖွဲ့ထားသော KNU/KNLA၊ KNPP/KA နှင့် KNDF တို့ ပါဝင်ကြောင်း သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသည်။

သတင်း

ရန်ကုန်တိုင်းစစ်​ဒေသတွင် PDF တပ်ရင်းတစ်ခုဖွဲ့စည်း​ကြောင်း​ကြေညာပြီး​နောက် စစ်​​ကောင်စီတပ်က ရန်ကုန်တွင် လုံခြုံ​ရေးတိုးမြှင့်ထား၍ ​တော်လှန်​ရေးအင်အားစုများ ပိုသတိထား​​နေရ​ကြောင်းလည်း မြို့ပြ​ပြောက်ကျားရဲ​ဘော်အချို့က​ပြောသည်။

သတင်း

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်လျှက်ရှိသည်။