Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူတွင် စစ်ကောင်စီယာယီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေ

ဇွန်လ ၁၅ ရက်ကလည်း တနင်္သာရီမြို့နယ်ရှိ အောင်သာဝစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှရဲဘော်များအား အမှတ်(၈)လမ်းမကြီး၌ နယ်မြေစိုးရေးလုပ်ဆောင်နေစဥ်
ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှရဲဘော်များအား အမှတ်(၈)လမ်းမကြီး၌ နယ်မြေစိုးရေးလုပ်ဆောင်နေစဥ်

▪️စစ်ကောင်စီတပ်ရင်းမှူး သေဆုံးဟုဆို

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ယာယီတပ်စခန်းတစ်ခုကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် စစ်ကြောင်းထိုးစခန်းချထားသော အင်အား ၂၅၀ခန့်ရှိ စစ် ကောင်စီယာယီစခန်းကို ပြည်သူကာကွယ်ရေးတပ်မတော်(PDF)၊ ဗျူဟာ (၃၃) ပူးပေါင်းအဖွဲ့မှ ဇွန်လ ၁၁ ရက် နေ့လယ် ၂နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အခုမနေ့က ကျနော်တို့ဖက်က ဒရုန်းနဲ့ ချတာ ၂၇၃ တပ်ရင်းမှူးး ဗိုလ်မှူးသန်းဌေးအောင် သေဆုံး ကျန် သုံးဦးပြင်းထန်ဒဏ်ရာရတယ်”ဟု ရွာဖူးရွာ၌အထိုင်ချထားသော စစ်ကောင် စီယာယီတပ်စခန်းတိုက်ခိုက်မှုအခြေအနေကို ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဇွန်လ ၁၃ ရက်တွင် ရွာဖူးကျေးရွာရှိပြည်သာများကို စစ်ကောင်စီက ဖမ်းဆီးမှုများလုက်ဆောင်ခဲ့သည့်အပြင် နေအိမ်များကိုဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူခြင်းများရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဇွန်လ ၁၃ ရက်က စစ်ကောင်စီတပ်ရှိရာ အလယ်စခန်းကျေးရွာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ပြီး အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသော ယာဥ်များအားစစ်ဆေးကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက အသိပေးသည်။

“အခုရွာ(ရွာဖူးရွာ)ကနေ စစ်ကြောင်းပြန်ဆုတ်သွားပြီး နောက်တစ်နေရာကနေပြန်ထိုးနေတယ်။ ဒေါနစစ်ကြောင်းနဲ့ပူးပေါင်းမဟာမိတ်တပ်တွေ ခုခံပြီး တန်ပြန်တိုက်စစ်ဆင်နေပါတယ်”ဟု ဒေါနစစ်ကြောင်းတာဝန်ရှိသူက ယ မန်နေ့(ဇွန်လ ၁၅ ရက်)အခြေအနေကို ပြော သည်။

အထက်ပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ်(MSRF)၊ K.T.L.A ၊ မွန်ပြည်သစ် ပါတီ(AD)၊ အထူးဒရုန်းတပ်ဖွဲ့ (Saw Dragon Drone Force)၊ ရေးလေတပ် (Y.A.F)၊ D.N.L.Aတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၅ ရက်ကလည်း တနင်္သာရီမြို့နယ်ရှိ အောင်သာဝစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

(ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှရဲဘော်များအား အမှတ်(၈)လမ်းမကြီး၌ နယ်မြေစိုးရေးလုပ်ဆောင်နေစဥ်နှင့် စစ်ကောင်စီယာယီစခန်း တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

ZRA နှင့် စစ်ကောင်စီ အရာရှိပိုင်းအကြား အဆက်အသွယ်ရှိကြောင်း၊ ZRA တပ်ဖွဲ့ဝင်များနှင့် ပြဿနာမဖြစ်စေရန် စစ်ကောင်စီ အရာရှိများက အောက်ခြေကို မှာထားကြောင်း ပြောသည်။

သတင်း

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

သတင်း

နှစ်ပေါင်း ၂၇ နှစ်ကြာတပ်စွဲထားသည့် အဆိုပါ စခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း လက်နက်ချခြင်းမရှိ၍ ယနေ့ (ဇွန်လ ၁၄ရက်)နံနက်တွင် ထိုးစစ်ဆင်ခဲ့ရာ နေ့လယ် ၁၂နာရီတွင် သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဇွန်လ ၁၀ရက်မှစ၍ ယင်းညွှန်ကြားချက်ရောက်ရှိလာခြင်းဖြစ်ပြီး မကြာမီဖြစ်ပေါ်လာနိုင်သည့် စစ်ရေးအခြေအနေကြောင့် အလွန်စိုးရိမ်နေကြသည်ဟု ဌာနဆိုင်ရာဝန်ထမ်းအချို့ကပြောသည်။