Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ချင်းပြည်အရေး အရှုပ်ထွေးတွေကို ဦးတည်ချက်တွေ၊ တွေး‌ခေါ်မှု အသစ်တွေ ဖော်ဆောင်ပေးမယ့် စစ်ဆင်ရေးဖြစ်ပါတယ်”

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ခြောက်ခုစုပေါင်းထားတဲ့ ချင်းညီနောင်ဟာ ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲလျက်ရှိကြောင်း အသိပေးထားပါတယ်။

ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကကြိုဆိုစဥ်
ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကကြိုဆိုစဥ်

▪︎ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးနဲ့မေးမြန်းခန်း

ထားမြတ်/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ခြောက်ခုစုပေါင်းထားတဲ့ ချင်းညီနောင်ဟာ ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲလျက်ရှိကြောင်း အသိပေးထားပါတယ်။ ချင်းညီနောင် စစ်ဆင်ရေးကို ဇွန်လ ၉ရက်မနက်ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ ဇွန်လ ၁၃ရက်မှာ မတူပီမြို့ရဲစခန်းနဲ့ ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်(CNC/CDF-Mindat)၊ MTC/MDF၊ CDF-ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁)တို့နဲ့ စုဖွဲ့ထားတဲ့ ချင်းညီနောင်ရဲ့စစ်ဆင်ရေးမှာ Yaw Army အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များ စစ်ဆင်ရေးမှာပါဝင်တယ်လို့ အသိပေးထားပါတယ်။မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ချင်းညီနောင်ရဲ့စစ်ဆင်ရေး နဲ့ပတ်သက်ပြီး ချင်းညီနောင် သတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်ကာ စစ်ဆင်ရေး ရည်ရွယ်ချက်၊ ချင်းညီနောင်ရဲ့သဘောထား စတာတွေကို People’s Spring က ဆက်သွယ်မေးမြန်းထားသည်တွေကို ဖော်ပြလိုက်ပါတယ်။

မတူပီမြို့ကို​တွေ့ရစဥ်
မတူပီမြို့ကို​တွေ့ရစဥ်

မေး ။ မတူပီစစ်ဆင်ရေး လက်ရှိအခြေအနေ ရှင်းပြပေးပါလား။

ဖြေ ။ မတူမြို့တွင်းတော့ သိမ်းနိုင်ပြီးပါပြီ။ နှစ်ဖက်အကျအဆုံး ရှိပါတယ်။ အခုလည်း ဆက်တိုက် ပစ်နေပါတယ်။

Public Service Announcement

Public Service Announcement

မေး။ မြို့ကို သိမ်းထားနိုင်ပြီဆိုတော့ စကစရဲ့ တပ်ရင်းဘယ်နှစ်ခုလောက် ကျန်နေသေးလဲ။

ဖြေ ။တပ်ရင်းက စုစုပေါင်း သုံးခုပါ။ ခလရ (၁၄၀)။ ခမရ (၃၀၄)။ ဗျူဟာအခြေချစခန်း။ ဒါတော့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ဆဲပါ။

မေး ။ကျန်နေတဲ့ တပ်ရင်းတွေက မြို့တွင်းနဲ့ရော နီးလား ။

ဖြေ။ဟုတ်။ မြို့ကို စစ်တပ်စခန်းက တောင်၊မြောက် ခွထားတာပါ။

မေး – အဲဒီ တပ်ရင်းသုံးခုရရင် မတူပီမြို့နယ်ကို ထိန်းချုပ်နိုင်ပြီလို့​ပြောရလား ။

ဖြေ – ဒါရရင် ပြီးပါပြီ။ စကစဘက်ကလည်း လက်လွှတ်မခံ၊ မီးကုန်ယမ်းကုန် ဝေဟင်ကအစ ပစ်နေပါတယ်။

ကျင်း​ဒွေးမြို့သိမ်းတိုက်ပွဲအပြီးချင်းညီ​နောင်တပ်ဖွဲ့ဝင်များ​အောင်ပွဲခံစဥ်
ကျင်း​ဒွေးမြို့သိမ်းတိုက်ပွဲအပြီးချင်းညီ​နောင်တပ်ဖွဲ့ဝင်များ​အောင်ပွဲခံစဥ်

မေး – စစ်​ကောင်စီက မြေပြင် ကစစ်ကူပို့ဖို့တော့ ခက်မယ်ထင်တယ်နော်။

‌‌ဖြေ ။ ဟုတ်။ မြေပြင်စစ်ကူတော့ ပို့လို့မရတဲ့ အခြေအနေပါ။ ဝေဟင်ကပဲ ပို့ပါတယ်။ စစ်ကူတွေကို။

မေး ။စစ်ဆင်ရေးမှာ ချင်းညီနောင်အဖွဲ့တွေအပြင် မဟာမိတ်အဖွဲ့တွေ ပါတာမျိုး ဆိုတော့ အသိပေးရပါသလားဗျ။ ဥပမာ AAတို့ အခြား PDFတို့ ပါဝင်မှုပေါ့။

ဖြေ ။Yaw Army ပါပါတယ်။ အခြားအမည် မဖော်လိုသေးတဲ့ မဟာမိတ်တွေလည်း ရှိပါတယ်။

မေး။ချင်းညီနောင်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး အောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

ဖြေ ။NUG နဲ့ အချိတ်အဆက်တော့ မရှိသေးပါ။ ဒီတိုင်း အရင်ကတည်းက အဖွဲ့အချင်းချင်း တိုက်ရိုက် မဟာမိတ်စကားပြောထာားတဲ့သူတွေပဲ ပါပါတယ်။

မေး။ ချင်းပြည်ကောင်စီအောက်က ချင်းပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်ပါသလား အသိပေးဖြေကြားပေးလို့ရရင် ဘာပြောလိုပါသလဲ။

ဖြေ ။လောလောဆယ်တော့ CC(ချင်းပြည်ကောင်စီ)နဲ့ ချိတ်ဆက်မှု မရှိပါဘူး။

မေး။ နယ်မြေ ပြသနာတွေနဲ့ ပတ်သက်ပြီးရော ရှိလာနိုင်လား။

ဖြေ ။နယ်မြေတော့ ပြဿနာမရှိလောက်ပါဘူး။

ကျင်း​ဒွေးမြို့သိမ်းတိုက်ပွဲအပြီးချင်းညီ​နောင်တပ်ဖွဲ့ဝင်များ​အောင်ပွဲခံစဥ်
ကျင်း​ဒွေးမြို့သိမ်းတိုက်ပွဲအပြီးချင်းညီ​နောင်တပ်ဖွဲ့ဝင်များ​အောင်ပွဲခံစဥ်

မေး။ မတူပီမြို့က ချင်းပြည်နယ်မှာ စစ်ရေးအရ အရေးဘယ်​လောက်ပါလဲ ။

ဖြေ ။မတူပီက စကစဘက်ကလည်း အရေးပါတာသိလို့ စစ်ဗျူဟာစနစ်တကျ အင်အားနဲ့ အထိုင်ချထားတဲ့ မြို့ပါ။ ချင်းပြည်အရေး အရှုပ်ထွေးတွေကို ဦးတည်ချက်တွေ၊ တွေး‌ခေါ်မှု အသစ်တွေ ဖော်ဆောင်ပေးမယ့် စစ်ဆင်ရေးဖြစ်ပါတယ်။

မေး။ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အကြားအချို့ပြဿနာတွေပြေလည်ပြီး ချင်ပြည်အရေး အတူတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ရော ဘယ်လို အခြေအနေတွေ လိုအပ်လဲ။ ဘာသတင်းစကား ပါးလိုလဲ။

ဖြေ – ကောင်စီကိစ္စနဲ့ပတ်သက်ပြီး စစ်တိုက်နေတုန်းမှာ မှတ်ချက်မပေးလိုပါဘူး။ နာရီနဲ့အမျှ ကိုယ့်ဖက် စကစဖက် အသေအကြေချနေတုန်းမှာ နယ်မြေကိစ္စ ကောင်စီကိစ္စမပြောလိုသေးပါဘူး။ ။

(ကျင်း​ဒွေးမြို့သိမ်းတိုက်ပွဲအပြီးချင်းညီ​နောင်တပ်ဖွဲ့ဝင်များ​အောင်ပွဲခံစဥ် /ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကကြိုဆိုစဥ် / မတူပီမြို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ချင်းညီ​နောင် ၊CDF မတူပီ၊ CJ)

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၂၅ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၅ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် ယခုကဲ့သို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

စစ်ကောင်စီများသည် ခရီးသွားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချနိုင်သောကြောင့် ပြည်သူများ အနေဖြင့် ဖလမ်း - ကလေးလမ်းမကြီးအား လုံး၀အသုံးမပြုကြရန် အထူးသတိပေးကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။