Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုအကျဥ်းထောင်မှ နိုင်ကျဥ်း ၇၀ ကျော်ကို မကွေးနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့

အိုးဘိုအကျဥ်းထောင်၌ ထောင်ပိုင်အပါအဝင် ဝန်ထမ်းအချို့ နေရာပြောင်းခြင်း၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်ပြီးနောက် နိုင်ကျဥ်းများကိုပါ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း PPNM က အသိပေးသည်။

(အိုးဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(အိုးဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဇေအောင်/People’s Spring

မန္တလေးအိုးဘိုအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇၀ ကျော်အား မြင်းခြံနှင့် မကွေးအကျဥ်းထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ဇွန်လ ၁၅ရက် နံနက်၂နာရီခန့်က နိုင်ငံရေးအကျဉ်းသား၇၀ကျော်နှင့် မူးယစ်မှုဖြင့်ကျနေသော ၃ ဦးခန့်ကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးနှင့် မြင်းခြံအကျဉ်းထောင်များသို့ ထောင်ပြောင်းပို့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“နိုင်ငံရေးအကျဥ်းသူ အမျိုးသမီးတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အိုးဘိုအကျဥ်းထောင်၌ ထောင်ပိုင်အပါအဝင် ဝန်ထမ်းအချို့ နေရာပြောင်းခြင်း၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်ပြီးနောက် နိုင်ကျဥ်းများကိုပါ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း PPNM က အသိပေးသည်။

“ပြီးခဲ့တဲ့အပတ်က ထောင်ပိုင်အောင်မျိုးချွန် ရာထူးအပြောင်းအလဲများ နေရာပြောင်းရွှေ့တာတွေလုပ်တယ်။ အကျဥ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရေလုံလောက်စွာမပေးမှုတွေ နေရာထိုင်ခင်းလုံလောက်စွာမပေးဘဲ လာဘ်စားမှုတွေ မူးယစ်ဆေးဝါးမှုတွေဖြစ်ပြီးအပြောင်းအလဲလုပ်တယ်။ ဦးစီးဝန်ထမ်းအချို့ လည်းပြုတ် ရာထူးလျှော့ချခံရတယ်။”ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယခင်ကလည်း အိုးဘိုအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအား မြင်းခြံအပါအဝင် အခြားနယ်ဝေးအကျဥ်းထောင်များသို့ ရွှေ့ပြောင်းခဲ့၍ ထောင်ဝင်စာပို့ရန်ပင် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း နိုင်ကျဥ်းလူမှုကူညီရေးလုပ်ကိုင်နေသူများက ပြောသည်။

အလားတူ ယမန်နေ့(ဇွန်လ ၁၅ရက်)ကပင် မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် အကျဥ်းသားတစ်ဦးကိစ္စနှင့်ပတ်သက်၍ ထောင်ပိုင်အား တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဆိုကာ နိုင်ငံရေးအကျဥ်း သားများအပါအဝင် အကျဥ်းသား ၁၆၀ ခန့်အားသာယာဝတီနှင့် ဒိုက်ဦးအကျဥ်းထောင်များသို့ ပြောင်းရွှေ့ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အကျဥ်းသား ၁၀၀ကျော်အား အင်းစိန်၊ သာယာဝတီ၊ဒိုက်ဦးအစရှိသည့် အကျဥ်းထောင်များသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍မရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။

သတင်း

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကလေးလူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရားဖမ်းဆီးထိန်းသိမ်းထားသည်။

သတင်း

ဆုံရွာ တိုက်ခိုက်ခံရမှုမှာ PDFတွေဒရုန်းနဲ့ဗုံးချတာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကျေးရွာထဲက ကလေးငယ် အပါအဝင် ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦး ရခဲ့တယ်လို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သတင်း

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။