Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီရှိ အောင်သာ၀ရစစ်ကောင်စီစခန်းကို KNLAနှင့် PDFပူးပေါင်းတပ် သိမ်းပိုက်

နှစ်ပေါင်း ၂၇ နှစ်ကြာတပ်စွဲထားသည့် အဆိုပါ စခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း လက်နက်ချခြင်းမရှိ၍ ယနေ့ (ဇွန်လ ၁၄ရက်)နံနက်တွင် ထိုးစစ်ဆင်ခဲ့ရာ နေ့လယ် ၁၂နာရီတွင် သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။

(တပ်မဟာ(၄)နယ်မြေအတွင်း ပြီးခဲ့သည့်ဧပြီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့စဉ်။ ဓာတ်ပုံ - KKL)

ဟန်နွေ/People’s Spring

တနင်္သာရီမြို့နယ် အောင်သာ၀ရကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ယနေ့ (ဇွန်လ ၁၄ရက်)တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။

နှစ်ပေါင်း ၂၇ နှစ်ကြာတပ်စွဲထားသည့် အဆိုပါ စခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း လက်နက်ချခြင်းမရှိ၍ ယနေ့ (ဇွန်လ ၁၄ရက်)နံနက်တွင် ထိုးစစ်ဆင်ခဲ့ရာ နေ့လယ် ၁၂နာရီတွင် သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။

“အောင်သာ၀ရစခန်းက တနင်္သာရီမြစ်ဘေးနားမှာ ရှိတာပေါ့နော်။ ထိုင်တဲ့ ရန်သူရဲ့တပ်ရင်းက ခလရ(၂၈၅)ပေါ့နော်။ အောင်သာ၀ရ ဆိုတာ အရင်က ကရင်ရွာလေးတစ်ရွာ။ ၁၉၉၇က စစ်တပ်က ထိုးစစ်ဆင်တော့ ရွာသူရွာသားတွေ ထွက်ပြေးကြတာ။ အဲဒီ စစ်တပ်က အဲဒီရွာထဲမှာပဲ စခန်းချကြတယ်။အခုတော့ ကျနော်တို့ KNLA တပ်မဟာ နဲ့ တပ်ရင်း(၇)နဲ့ PDF အဖွဲ့ဝင်ပူးပေါင်းတော်လှန်ရေးအင်အားနဲ့ သိမ်းပိုက်တာပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်၊လက်နက်ခဲယမ်း ရရှိမှု အခြေအနေကို စုံစမ်းထားဆဲဖြစ်သည်။

ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

” ဒီစခန်းကလည်း မသိမ်းခင် ကျနော်တို့က ပြောထားတယ်။ ဆက်သွယ်ထားတယ်။ လက်နက်ချ ပူးပေါင်းပါ။ သူတို့က အသေခံလုပ်မယ်ဆိုလည်း လုပ်ပေါ့နော်။ သူတို့ အသေခံလုပ်တယ်ဆိုတော့ ကျနော်တို့ မလွှဲမရှောင်သာ တိုက်ရတာပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။

KNLA တပ်မဟာ(၄)နှင့် ပူးပေါင်းတပ်များသည် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်တပ်စခန်းများအား တိုက်ခိုက်သည့် စစ်ဆင်ရေးများကို ယခုနှစ်အတွင်း ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းအလိုက်လက်နက်ချမှု၊ တပ်စခန်းတစ်ခုလုံး စခန့်စွန့် ထွက်ပြေးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

သတင်း

ဇွန်လ ၁၀ရက်မှစ၍ ယင်းညွှန်ကြားချက်ရောက်ရှိလာခြင်းဖြစ်ပြီး မကြာမီဖြစ်ပေါ်လာနိုင်သည့် စစ်ရေးအခြေအနေကြောင့် အလွန်စိုးရိမ်နေကြသည်ဟု ဌာနဆိုင်ရာဝန်ထမ်းအချို့ကပြောသည်။

သတင်း

မံစီမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့ ကောင်ဂျာဟန်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။