သြဂုတ်-၂၊၂၀၂၅/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ယနေ့(ဩဂုတ်၂ရက်) နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ ၁၂ဦးသေဆုံးပြီး ၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။
ယနေ့နံနက် ၈နာရီခွဲခန့်တွင် မိုးကုတ်မြို့အနောက်ပိုင်းတွင် ဒေသခံများအသွားအလာများနေချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး နှစ်လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခြင်းဟု TNLAက ထုတ်ပြန်သည်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် (၁)ပါး၊ ကလေး(၁)ဦးနှင့် အမျိုးသား (၁၀)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀)အိမ်၊ ကား (၃)စီးနှင့် ဆိုင်ကယ် (၃)စီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် မြို့ကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်တစ်လအတွင်း လေကြောင်းဖြင့် အကြိမ်ရေ (၅)ကြိမ် ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၂)ဦး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၆)ဦး သေးဆုံးခဲ့ရပြီး ကလေး (၄)ဦး၊ အမျိုးသမီး (၁၂)ဦးနှင့် အမျိုးသား (၂၇)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၃၈)အိမ်လည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။
ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု TNLAက သတိပေးထားသည်။
