သြဂုတ်-၃၊၂၀၂၅။ သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံတွင်ပြည်ပရောက်တက်ကြွလှုပ်ရှားသူများက (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့အကြိုအထိမ်းအမှတ်ဂုဏ်ပြုပွဲနှင့် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက်ချီတက်ဆန္ဒပြပွဲအား ယနေ့ပြုလုပ်ခဲ့သည်။
သြဂုတ်၃ရက်တွင်ပြုလုပ်သောဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ကလေးကဘော်အဖွဲ့၊Yaw Funding Korea၊ Aung Zay Ya Supporting -Group ၊ ဗိုလ်သံချောင်းထောက်ပို့အဖွဲ့၊ မြင်းခြံG-Zထောက်ပို့အဖွဲ့နှင့် တောင်ကိုရီးယားနိုင်ငံရှိစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများပူးပေါင်းပါဝင်ခဲ့သည်။
ဆန္ဒပြသူများက “ရန်သူတကာ ကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ” ၊ “မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုအားနဲ့ ဒို့အတူရုန်း” စသည့်စာသားများကို ကိုရီးယား၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး မြန်မာစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြွေးကြော်သံများဖြင့်ချီတက်ဆန္ဒပြခဲ့သည်။

Public Service Announcement
ထို့နောက် ပြည်ပရောက်မြန်မာများက ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးအနီးတွင် သတင်းစာရှင်းလင်းပွဲနှင့်အတူ ဆန္ဒပြသပိတ်ကျင်းပပြုလုပ်ပြီး အရပ်ဖက်သံရုံးအနီးသို့ လမ်းလျှောက်ချီတက်ပြီးနောက် အိတ်ဖွင့်ပေးစာပေးအပ်ခဲ့သည်။
