close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထိုးစစ်ကြောင့် တီးတိန်မြို့နယ်က ကလေးငယ်နဲ့ သက်ကြီးရွယ်အို အပါအဝင် စစ်ရှောင်ထောင်ချီ အကူအညီလိုအပ်နေ

ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်းစစ်ကောင်စီတပ်အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF CDM Siyin(စီးယင်း) တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ထိုးစစ်ကြောင့် ဘေးလွတ်ရာရွေ့ပြောင်းနေကြသော ချင်းဒေသခံပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF စီးယင်း

တီးတိန်-သိုင်းငင်း-ကလေးလမ်းပိုင်း စစ်တပ် ပြန်လည်ထိန်းချုပ်

နိုဝင်ဘာ ၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်းစစ်ကောင်စီတပ်အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF CDM Siyin(စီးယင်း) တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ နောက်ဆုံးအပတ်မှာ တီးတိန်မြို့နယ် စီးယင်းဒေသကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ချင်းတော်လှန် ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ကလေးမြို့ဘက်က သိုင်းငင်းဘက်သို့ မြေပြင်စစ်ကြောင်းထိုးလာသလို တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ စစ်အင်အားပို့ ပြီး တီးတိန်-သိုင်းငင်း ဘက်ကို ထိုးစစ်ဆင်တာလည်းရှိပါတယ်။

စစ်ကောင်စီတပ် ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်း ကျေးရွာ ၈ရွာထက်မနည်း လူဦးရေ ၂၀၀၀ ကျော်ရှိတယ်လို့ CDF စီးယင်း တာဝန်ရှိသူက ပြောပါတယ်။

“ ဒီအချိန်မှာ ဆောင်းရာသီလည်းဖြစ်တော့ ကိုယ့်အထုပ်နဲ့ကိုယ် လွတ်ရာပြေးရတဲ့သဘောဖြစ်တဲ့အခါကျတော့ တော်တော်လိုအပ်တာများတယ်။ သက်ကြီးရွယ်အိုတွေလည်း များတယ် ကလေးသူငယ်တွေလည်းများတယ်။ အထူးသဖြင့် စားနပ်ရိက္ခာ ပြီးတော့မှ ဆောင်တွေ ဆေးဝါးတွေကအစ လိုအပ်တာ အကုန်စုံနေတဲ့ အခြေအနေဖြစ်နေပါတယ်” လို့ CDF စီးယင်း တာဝန်ရှိသူက ပြောပြပါတယ်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်တော့ပေမယ့် ကလေး-သိုင်းငင်း-တီးတိန်လမ်းပိုင်းကုစစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့အနေအထားလို့လည်း ရှင်းပြပါတယ်။

စစ်ကောင်စီဟာကလေးနဲ့ တီးတိန်ဘက်က စစ်ကြောင်း နှစ်ကြောင်း အင်အား ၅၀၀ ကျော် အသုံးပြု ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းက ဖလမ်းမြို့ အပါအဝင် လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေပြန်လည်စိုးမိုးနိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိမှာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ဦးတည်တဲ့ စစ်ကြောင်းတွေရှိလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့အနေအထားရှိပါတယ်။

ချင်းပြည်နယ်မှာချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တော်လှန်ရေးအင်အား စုနှစ်ခုရှိပါတယ်။ ၂၀၂၅ နှစ်လည်ပိုင်းကလည်း စစ်ကောင်စီဟာ ကလေးကနေ သိုင်းငင်းကို အင်အားသုံးထိုးစစ်ဆင်ခဲ့ပေမယ့် အဲဒီတုန်းက ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေ အတူပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး စစ်ဆင်ရေးတလခွဲကျော် အကြာမှာ အထိအခိုက်များစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ဒီတခေါက် ထိုးစစ်မှာတော့ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တပ်တွေဟာ အတူပူးပေါင်း ခုခံတာမျိုးမဟုတ်ဘဲ ကိုယ့်နေရာနဲ့ကိုယ် ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပထမအကြိမ်ထိုးစစ်မှာ အထိနာ တပ်လန်သွားပေမယ့် အခု အောက်တိုဘာလကုန်ကစတဲ့ ဒုတိယအကြိမ်ထိုးစစ်မှာ ရသတ္တပတ်အနည်းငယ်အတွင်း ကလေး-သိုင်းငင်း-တီးတိန်လမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီဟာ ချင်းတောင်ပိုင်းက ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ မကွေးတိုင်း ဘက်ကနေ အင်အား ထောင်ချီသုံး ထိုးစစ်ဆင်နေလို့ ချင်း-မကွေး အစပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။

ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဆုံးရှုံးနယ်မြေတွေ စစ်ကောင်စီထံ မရောက်ရှိစေရေး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ