close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေလီမြို့တော်က ပေါက်ကွဲမှုကို အကြမ်းဖက် ဖြစ်စဉ်အဖြစ် အိန္ဒိယ အတည်ပြု

ဒေလီမြို့တော်ရဲ့ လူစည်ကားရာ တစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက် ဖြစ်စဉ် တစ်ခုလို့ အိန္ဒိယ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဒေလီမြို့တော်ရဲ့ လူစည်ကားရာ တစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက် ဖြစ်စဉ် တစ်ခုလို့ အိန္ဒိယ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုဝင်ဘာ ၁ဝ ရက်နေ့ မနက်ပိုင်းက ဒေလီရဲ့ အထင်ကရ ရှေးအဆောက်အအုံကြီး တစ်ခုဖြစ်တဲ့ ခံတပ်နီနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူ ၈ ဦးထက်မနည်းသေ၊ ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေလီ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းတုန်းက အိန္ဒိယဟာ အဲဒီကိစ္စကို အကြမ်းဖက် တိုက်ခိုက်မှုလို့ အတိအကျ မသတ်မှတ်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အစိုးရက ဒီဖြစ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုလို့ အတည်ပြုပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။

အိန္ဒိယ အစိုးရကို ဆန့်ကျင်နေတဲ့ အစုအဖွဲ့တွေက အခုလိုမျိုး သူရဲဘောကြောင်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့တာလို့လည်း ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ဆက်စပ်လို့ သံသယရှိသူတွေကို ဖမ်းဆီးတာ၊ နာမည်ဖော်ထုတ် ကြေညာတာတွေတော့ အခုထိ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

နိုင်ငံအနေနဲ့ ဆိုးယုတ်လှတဲ့ အကြမ်းဖက် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ကြောင်း၊ ကားတစ်စီးကို ဖောက်ခွဲတဲ့ တိုက်ခိုက်မှုကို အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေက လုပ်ဆောင်ခဲ့ကြောင်း၊ ကျူးလွန်သူတွေ၊ ကြံရာပါတွေ၊ အထောက်အပံ့ ပေးသူတွေ အားလုံးကို ဖော်ထုတ်ပြီး အရေးယူနိုင်အောင် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖို့ အစိုးရက ညွှန်ကြားထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ အစိုးရက အခုဖြစ်ရပ်ဟာ ပြောမပြနိုင်လောက်အောင် ကောက်ကျစ်ယုတ်ညံ့ပြီး သူရဲဘော ကြောင်လွန်းတယ်လို့လည်း ဝေဖန် ရှုတ်ချခဲ့ပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ရင် နည်းနည်းလေးမှ သည်းမခံတဲ့ မူဝါဒမျိုးကိုလည်း အိန္ဒိယက ဆက်လက် ဆုပ်ကိုင်ထားဆဲလို့ ဆိုပါတယ်။

ဒေလီက ပေါက်ကွဲမှုဟာ ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများ လည်ပတ်ကြတဲ့ ခံတပ်နီနားက မြေအောက်ရထား ဘူတာတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ခပ်ဖြည်းဖြည်း ရွေ့လာတဲ့ ကားတစ်စီးက မီးနီသွားတဲ့ အချိန်မှာ ထပေါက်ပြီး အနီးတဝိုက် ကားတွေပါ ထိခိုက် ပျက်စီးခဲ့တယ်လို့ စုံထောက်တွေက ပြောပါတယ်။

ပေါက်ကွဲမှုအပြီး အိန္ဒိယနိုင်ငံ အနှံ့က လူစည်ကားတဲ့ လည်ပတ်သွားလာရာ နေရာတွေမှာ လုံခြုံရေး သတိပေးချက်တွေကို တိုးမြှင့် ထုတ်ပြန်ခဲ့ရပါတယ်။

ဒေလီက ပေါက်ကွဲမှုအပြီး နောက်တစ်နေ့မှာလည်း အိမ်နီးချင်း ပြိုင်ဘက် ပါကစ္စတန်ရဲ့ အစ္စလာမ်မာဘတ် မြို့တော်မှာ အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၁၂ ဦးသေ၊ ၂၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ပြည်တွင်းက မြန်မာ ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်နဲ့ ပတ်သက်ပြီး အိန္ဒိယက ကန့်ကွက် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယမှာ ဘတ်စ်ကားတစ်စီး ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းရာက လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရေနံကို ဆက်ပြီး ဝယ်နေမယ်ဆိုရင် အိန္ဒိယဟာ အမေရိကန်ဆီက ကြီးမားပြင်းထန်တဲ့ သွင်းကုန်အခွန် စည်းကြပ်မှုတွေကို မလွဲမသွေ ကြုံရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။