close
Connect with us

Hi, what are you looking for?

သတင်း

ကပစ(၂၃)အနီးက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က စစ်တပ်ရဲ့အမှတ်(၂၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃)အနီးက ဂိတ်စခန်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ(YDF)နိုဝင်ဘာ ၁၇ရက် ထုတ်ပြန်ပါတယ်။

ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင် ကော်မတီ(YDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - YDF

နိုဝင်ဘာ-၁၇၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က စစ်တပ်ရဲ့အမှတ်(၂၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃)အနီးက ဂိတ်စခန်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ(YDF)နိုဝင်ဘာ ၁၇ရက် ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်က ကပစ(၂၃)ကိုသွားတဲ့ လမ်းပိုင်းပေါ်က ရွှေပင်ကျေးရွာရှိ စစ်ကောင်စီတပ် ဂိတ်စခန်းကိုဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၁၈၊၁၉)၊ ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ (YDF)နဲ့ ကျောမြို့(ပကဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ အဲဒီဂိတ်က စက်ရုံခြံစည်းရိုးနဲ့ဆို (၆)မိုင်ခွဲ လောက်ပဲဝေးတယ်။အဲဒါပြီးရင် စစ်ကောင်စီစခန်းတွေရှိတယ်။ပြီးရင် ပင်မစက်ရုံကိုရောက် တယ်” လို့ ကျောပကဖ တာဝန်ရှိသူက လူထုနွေဦးကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေပင်ရွာဂိတ်စခန်း အနီးမှာလည်း ကျောမြို့နဲ့ ကပစ (၂၃)ကို ကာကွယ်ထားတဲ့ ဗျူဟာကုန်းစခန်းတစ်ခု ရှိသေးကြောင်းလည်း ၎င်းက အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကာကွယ်ရေးရဲဘော်တစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်က အထိအခိုက်ကို စိစစ်ဆဲလို့ ယောကာကွယ်ရေးတပ်မြေပြင် စစ်ဒေသရုံးကဖော်ပြပါတယ်။

“ ဂိတ်မှာက အင်အား ၁၅ နဲ့ ၂၀ကြားရှိတယ်။အဲဒီ​နေ့ (နိုဝင်ဘာ ၁၅ ရက်)က အထိအခိုက်ရှိတယ်။ နောက်ပြီး အဲဒီဂိတ်ကို စကစဘက်က ဖြုတ်တော့မယ်လည်းကြားတယ်” လို့ ယောဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း ကပစ(၂၃)ဘက်က သံပြားကာကားသုံးစီးအပြင် တပ်အကူ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအပြီး ရွှေပင်ရွာအတွင်းက ပြည်သူတွေရဲ့နေအိမ် ၃၀ကျော်ကို စစ်ကောင်စီ က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကပစ(၂၃)မှာ စစ်ကောင်စီက ဒုံးနဲ့ ဒုံးပျံစီမံကိန်း အစိတ်အပိုင်းတွေ ထုတ်လုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းမှာစစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာမှာ စစ်တပ်စစ်ကြောင်းဆီကနေ ​သေနတ် ငါးလက် နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သလို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။