close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူခရိုင်ထဲက ကပစသုံးခုရဲ့ ဓါတ်အားလိုင်း​​တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

လေယာဉ်ဗုံးတွေထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)အပါအဝင်ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ကပစ စက်ရုံ၃ ရုံကိုပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပါတယ်။

ကပစ (၂၄)စက်ရုံကို​ Google Earth မှာ တွေ့ရစဥ်

ဒီဇင်ဘာ-၂၅၊၂၀၂၅။အိမ်သွင်/People’s Spring

လေယာဉ်ဗုံးတွေထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)အပါအဝင်ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ကပစ စက်ရုံ၃ ရုံကိုပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပါတယ်။

ပေါက်မြို့နယ်က ကပစ(၂၄)၊ဆိပ်ဖြူမြို့နယ်က ကပစ(၂၁)နဲ့ ကပစ(၂၂)ဆီ ပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်း သုံးနေရာကို တော်လှန်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးလိုက်တာပါ။

“ အခုရက်ထဲမှာ ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။ကပစတွေဆီ လျှပ်စစ်ဓာတ်အားဖြတ်တောက်တာပါ။ သူတို့ ပြင်ဆင်ဖို့ ကြိုးပမ်းနေပေမယ့် မရသေးပါဘူး” လို့ ဒေသတွင်းက ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကပစ(၂၁) နဲ့ ကပစ(၂၂)ကိုစလင်းမြို့နယ်ကတညောင်တအားခွဲရုံကနေလျှပ်စစ်ဓာတ်အားပို့ဆောင်နေတာပါ။

လေယာဉ်ဗုံးတွေထုတ်တဲ့ ကပစ(၂၁)ဟာဆိပ်ဖြူမြို့နယ်၊ကန်စွန်းမကျေးရွာအနီး၌တည်ရှိပါတယ်။ ကပစ (၂၁)မှာClusterအမျိုးအစားလေယာဉ်ဗုံး ထုတ်လုပ်တယ်လို့လည်းသိရပါတယ်။

ကပစ(၂၁)ဟာ ဆိပ်ဖြူမြို့နယ်၊ ရွှေပို့ကျွန်းရွာမှာရှိပြီး ရိုင်ဖယ်အမျိုးအစားလက်နက်ငယ်တွေထုတ်ပါတယ်။ ကပစ(၂၄)ကတော့ ပေါက်မြို့နယ်ရဲ့ အနောက်တောင်ဘက်မှာတည်ရှိပြီးအရည်ကျိုစက်ရုံအဖြစ်လည်ပတ်နေသလို လက်နက်ကြီးကျည် ၆၀ မမ၊၈၀ မမ နှင့် ၁၂၀ မမ တို့ကို အဓိကထုတ်လုပ်နေတာပါ။

လေယာဉ်ဗုံးနဲ့လက်နက်တွေထုတ်လုပ်ပြီး လူထုကို သတ်ဖြတ်မှုတွေကျူးလွန်နေလို့ အရေးကြီးတဲ့နေရာကိုဦးတည်ပြီးစစ်ဆင်ရေးလုပ်တာလို့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ဒေသခံပြည်သူလူထုအနေနဲ့ စစ်ရေးအခြေအနေကို သူက နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

“ စစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနေရာတွေကို ဖြတ်တောက်ဖို့လိုလို့ လုပ်တာပါ။ပြည်သူကိုခက်ခဲစေချင်တာမဟုတ်ဘူး။ အသက်သေဆုံးတာထက်စာရင်လျှပ်စစ်မီးနဲ့ပဲရန်သူက စက်လက်နက်ပစ္စည်းတွေထုတ်လုပ်နေတာမို့လို့ ဒါကိုဖြတ်တောက်နိုင်မှ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ဆုံးရှုံးမှုအားပိုနည်းမှာမို့လို့လုပ်တာပါ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့မှာကပစစက်ရုံ၂၅ ရုံရှိပြီးမကွေးတိုင်းထဲမှာ ၁၅ခုအထိ ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီကိုအပြီးသတ် ဖြိုချနိုင်ဖို့အတွက် ကပစတွေကို အထိနာအောင်တိုက်ခိုက်ဖို့လိုအပ်တယ်လို့ တော်လှန်ရေးတပ်တွေကထုတ်ဖော်ပြောကြားထားပါတယ်။ပဲခူးတိုင်းထဲမှာရှိနေတဲ့ကပစတွေကိုလည်း တော်လှန်ရေးတပ်တွေက ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့က ဒီကနေ့ (ဒီဇင်ဘာ၂ရက်)မှာ ထပ်မံပေါင်းစည်းလိုက်တယ်လို့ သတင်းရပါတယ်။

သတင်း

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုထုတ်သုံး၍ စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

သတင်း

စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသူ နှစ်ဦးက ကပစထုတ် ကျည် ၈၀၀နီးပါး၊ သေနတ်၂လက်နှင့် ခဲယမ်းအချို့ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံသို့ အလင်းဝင်လာသည်။

Facebook