close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျီးရီးယားမှာရှိတဲ့ အိုင်အက်စ် ပစ်မှတ်တွေကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ထရမ့်ပြော

နိုက်ဂျီးရီးယား နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

နိုက်ဂျီးရီးယား နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ ရှိနေတဲ့ အိုင်အက်စ် စစ်ရေး ပစ်မှတ်တွေကို အားကောင်းပြီး အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထရမ့်က ပြောပါတယ်။ ထရမ့်က အိုင်အက်စ်ဟာ အကြမ်းဖက် လူယုတ်မာတွေ ဖြစ်တယ်လို့ စွပ်စွဲပြီး အပြစ်မဲ့ ခရစ်ယာန် ပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့လည်း ဆိုပါတယ်။

ထရမ့်က အမေရိကန် စစ်တပ်ဟာ ပစ်မှတ်တိကျပြီး ထိရောက်တဲ့ တိုက်ခိုက်မှု တော်တော်များများကို လုပ်ခဲ့တယ်လို့ ကြေညာပါတယ်။ နောက်ပိုင်းမှာ အမေရိကန်ရဲ့ အာဖရိက စစ်ရေးကွပ်ကဲမှုဌာန (Africom)က ခရစ္စမတ်နေ့ တိုက်ခိုက်ကို နိုက်ဂျီးရီးယား စစ်တပ်နဲ့ ပူးပေါင်းပြီး ဆိုကိုတို ပြည်နယ်ထဲမှာ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး ယူဆွတ်ဖ် မိုင်တာမာ တူဂါက အကြမ်းဖက် လှုပ်ရှားမှုတွေကို အမေရိကန်နဲ့ ပူးတွဲ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် အလားတူ စစ်ဆင်ရေးတွေ ရှိလာနိုင်သလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ တူဂါက တိတိကျကျ မဖြေခဲ့ပါဘူး။ ဒီကိစ္စက နှစ်နိုင်ငံ ခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ရမယ့် အကြောင်းအရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာတော့ ထရမ့်က သူ့ရဲ့ ဦးဆောင်မှုအောက်မှာ အမေရိကန်ဟာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် ဝါဒကို လုံးဝ စည်ပင်တိုးပွားလာဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ရေးသားထားခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံမှာ အိုင်အက်စ် အဖွဲ့ဝင် တစ်ဦးရဲ့ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် စစ်သားနှစ်ဦး အပါအဝင် အမေရိကန်နိုင်ငံသား သုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ထရမ့်ဟာ အိုင်အက်စ်အပေါ် ပိုပြီး အာရုံစိုက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဆီးရီးယားမှာ အိုင်အက်စ် ပစ်မှတ်ပေါင်း ၇၀ ကျော်ကို ဖြန့်ကျက်တိုက်ခိုက်တဲ့ အကြီးစား စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (Centcom)က ကြေညာခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ဂျော်ဒန်လေတပ် တိုက်လေယာဉ်တွေကပါ ပူးပေါင်း ကူညီပေးခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပအပေါ် အမေရိကန်က အကျပ်ကိုင်နေတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် အပါအဝင် ဥရောပ နိုင်ငံတချို့ရဲ့ အစိုးရတွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်အတွက် တည်ဆောက်သွားမယ့် Trump class စစ်သင်္ဘော အသစ်တွေအကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်နယ်မြေ တစ်ခုဖြစ်တဲ့ ဂရင်းလန်အတွက် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီး ဒိန်းမတ်က ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလားနဲ့ စစ်ဖြစ်မှာလားဆိုတဲ့ မေးခွန်းကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မတင်မကျဘဲ ပြန်ဖြေသွားခဲ့ပါတယ်။

Facebook