close
Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်တပ်ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေ

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ရေတာရှည်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းကို စစ်တောင်းမြစ်အတွင်း တွေ့ရစဥ်။ဓာတ်ပုံ -စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့

ဒီဇင်ဘာ-၂၆၊၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

အခု ဒီဇင်ဘာ ၂၃ရက်က ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက စစ်ကောင်စီတပ် အထိုင်စခန်းတွေနဲ့ မဲရုံနေရာတွေကို နေပြည်တော် PDFတပ်ရင်းတွေက တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

“ မနေ့က မနက်ပိုင်းတွေ့တာဗျ။ဒီကောင်တွေ မမြုပ်ပေးပဲ မြစ်ထဲပစ်ချလိုက်တာ” လို့နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူက စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အထိုင်စခန်းချပြီးမဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီး ကျေးရွာနဲ့ အဲဒီရွာကိုအကာ အကွယ် ပေးထားတဲ့ ရွာသစ်ကျေးရွာ အထိုင်စခန်းတွေနဲ့ မဲရုံကို ရှင်းလင်းတိုက်ခိုက်မှုမှာ စစ်တပ်က သေဆုံးသူ ၁၀ ဦးရှိတယ်လို့ နေပြည်တော် PDF က ဒီဇင်ဘာ ၂၅ရက်မှာ အသိပေးထားပါတယ်။

“ ဆွာမကြီးက စစ်တောင်းမြစ်ကမ်းဘေးနဖူးတင်ထားတဲ့ရွာပါ။အခုတော့ စခတွေ ပြန်ဝင်နေပြီ။ရွာခံတချို့ ဖမ်းဆီးခံထားရတယ်” လို့ ရေတာရှည်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တစ်ခုတည်းရှိတဲ့ ဆွာမကြီးကျေးရွာမဲရုံကို စစ်တောင်းအနောက်ဘက်ကမ်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

“ မြစ်(စစ်တောင်းမြစ်)အနောက်ကမ်း ငါးကြီးကွေ့ကျေးရွာဘက်ကိုပြောင်းထားတယ်” လို့နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ တားဆီးနိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာ အားလုံးကို ဖြစ်နိုင်တဲ့နည်းလမ်းတွေအားလုံးနဲ့ ဟန့်တားသွားမယ်လို့ နေပြည်တော် PDFက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဲမထည့်ပဲ ဆန့်ကျင်တားဆီးပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မဲရုံနေရာတွေကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ဒီကနေ့ (ဒီဇင်ဘာ၂၅ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သား ၃ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၈)ထံ အလင်းဝင်ဘက်ပြောင်းလာကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကိုအကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၁ရက်က အမိန့်ထုတ်ပြန်ပါတယ်။

သတင်း

မိုးမိတ်မြို့ပေါ်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ရိက္ခာအတွက် ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်တွေဖမ်းယူနေပြီး သစ်စက်၊ဆန်စက်တွေကိုလည်း ဖောက်ထွင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။