close
Connect with us

Hi, what are you looking for?

သတင်း

ဝန်ထမ်းတွေရဲ့ သေဆုံးမိသားစုဝင်တွေကို စစ်​ကောင်စီကကြံ့ဖွံ့အတွက်ကြိုတင်မဲအဖြစ်ထည့်​နေ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်​ကောင်စီလက်​အောက်ခံ အရပ်ဘက်ဝန်ထမ်းမိသားစု​တွေထဲက သေဆုံးပြီးသူ ​တွေရဲ့အမည်စာရင်းပြုစုခိုင်းပြီး ကြိုတင်မဲစာရင်းထဲ ထည့်ခိုင်းနေတယ်လို့ ဝန်ထမ်း တွေအချို့က​ပြောပါတယ်။

ရန်ကုန်မြို့လယ်နေရာအချို့ကစစ်သား ၊ရဲ​တွေလုံခြုံ​ရေးယူ​နေစဥ်။ဓါတ်ပုံ-​ပေးပို့

ဒီဇင်ဘာ၂၉၊၂၀၂၅၊ရှိန်း / People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်​ကောင်စီလက်​အောက်ခံ အရပ်ဘက်ဝန်ထမ်းမိသားစု​တွေထဲက သေဆုံးပြီးသူ ​တွေရဲ့အမည်စာရင်းပြုစုခိုင်းပြီး ကြိုတင်မဲစာရင်းထဲ ထည့်ခိုင်းနေတယ်လို့ ဝန်ထမ်း တွေအချို့က​ပြောပါတယ်။

မတ္တရာမြို့နယ်မှာစစ်တပ်ကရွေးကောက်ပွဲကို အပိုင်း ၂ အဖြစ်ဇန်နဝါရီလ ၁၁ရက် နေ့မှာပြုလုပ်မယ်လို့ သိရပါတယ်။

အဲဒီရက်မတိုင်ခင် မတ္တရာမြို့နယ်က စစ်ကောင်စီ ဝန်ထမ်း တွေကို သူတို့ရဲ့သေဆုံးပြီး အဘိုး၊အဘွားစာရင်း​တွေကအစ စာရင်းပြန်လုပ်ခိုင်း ပြီး ကြိုတင်မဲ ထည့်ခိုင်းနေတယ်လို့ ဝန်ထမ်း တချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ သေဆုံးသူတွေရဲ့နံမည်တွေပါရေးခိုင်းပြီး စကစလက်အောက်ခံကြံ့ဖွတ်က စာရင်းဇယားလုပ်ခိုင်းပြီး ဝန်ထမ်းတွေကို သူတို့ရဲ့မဲထဲကိုသေဆုံးသူနာမည်စာရင်းတွေအတိုင်း မဲ့ထည့်ခိုင်းတယ်” လို့ ဝန်ထမ်းတဦး ကပြောပါတယ်။

ရွေးကောက်ပွဲအတွက်ဆိုပြီး ဒီစာရင်း တွေလုပ်ဖို့ စစ်​ကောင်စီ ဝန်ထမ်း​တွေကို မနက်၆နာရီကနေ ည ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၁၀နာရီအထိပါ အလုပ်ဆင်းခိုင်းနေတယ်လို့လည်းစုံစမ်းသိရပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲမှာမဲစာရင်း​တွေအလွန်မှား​ပြီး ​သေဆုံးပြီးသူ​တွေရဲ့ အမည်စာရင်း​တွေပါပြီး အသက်ရှင်​​နေသူ​တွေရဲ့အမည်မပါတဲ့ဖြစ်စဥ်​တွေများ​နေတယ်လို့ ရန်ကုန်မြို့က ပြည်သူအချို့က​ပြောပါတယ် ။

“ မဲစာရင်းစစ်ဖို့လာပြောကတည်းက အိမ်က မိန်းမက ကြောက်ကြောက်နဲ့သွားစစ်တာ ကျွန်တော့်နာမည်ပါမလာဘူး။အရင်လေးငါးနှစ်လောက်ကသေသွားတဲ့ အမေ နာမည် နဲ့ အဒေါ်နာမည်တွေပါတယ်။ကျွန်တော့် နာမည်ပါလဲ မဲထည့်စရာအကြောင်းမရှိဘူး။ဒီနေ့ ကျွန်တော်နေတဲ့ ရပ်ကွ​က်ရော အနီးနားက ရပ်ကွက်တော်တော်များများ မဲရုံတွေမှာ မဲလာထည်တဲ့သူ သိပ်မတွေ့ရဘူး။အရင် ရွေးကောက်ပွဲလို လူတွေက လက်သန်း တထောင်ထောင်နဲ့ အခြေအနေက အခုဆို ပြောင်းပြန်ပဲ” လို့ ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးကပြောပါတယ်။

အလားတူအခြားအမျိုးသားတဦးကလည်း သူ့အိမ်ကမဲစာရင်းမှာ ​သေဆုံးသွားပြီးဖြစ်တဲ့ အ​မေ ၊အဖွား ၊အကိုအမည်​တွေပါဝင်ပြီး သက်ရှိထင်ရှားရှိတဲ့သူ့အမည်ပါမလာခဲ့ဘူးလို့​ပြောပါတယ်။

​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲစာရင်း​တွေမှားတယ်ဆိုပြီး တမင် အပြစ်ရှာပြီး အာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာကိုယ်တိုင်စိတ်တိုင်းကျမဲစာရင်း​တွေပြုစုတာမှာအမှားအယွင်းများ​နေတာဖြစ်ပါတယ်။

မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကို ၁၀၂၇ စစ်ဆင်​ရေးဒုတိယပိုင်းမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) နဲ့မဟာမိတ်​တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့​ပေမယ့် ၂၀၂၅နှစ် နှစ်ဆန်းပိုင်းကစပြီးစစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ပြီး နှစ်ကုန်ပိုင်းမှာပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာတချို့မှအပ ကျန်​ဒေသ​တွေကို ​ရွေး​ကောက်ပွဲလုပ်ဖို့ စီစဥ်​နေပြီး မြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းအထိ ​ရွေး​ကောက်ပွဲလုပ်မယ်လို့ ဆိုပါတယ်။

စစ်တပ်က ​ရွေး​ကောက်ပွဲအပိုင်း (၁)လုပ်ပြီး ဒီဇင်ဘာ ၂၈ညမှာ မဲ​ပေးသူများပြီး ကြံ့ဖွံ့ပါတီအပြတ်အသတ်နိုင်​နေတယ်လို့ ဝါဒဖြန့်​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူ ၂၀ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ လူငယ်တွေက Election Not Demo (ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်) စာသားပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။