close
Connect with us

Hi, what are you looking for?

သတင်း

မွေးနေ့ အမှတ်တရ ဖြန့်ချိတဲ့ တယောဖိုးစံရဲ့ The Sound Of 36

တော်လှန်အနုပညာရှင် တယောဖိုးစံက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ The Sound Of 36 ကို မွေးနေ့မှာ ဖြန့်ချိလိုက်ပါတယ်။

ဇန်နဝါရီ-၂၃၊ ၂၀၂၆။ဆဏ်း/People’s Spring

တော်လှန်အနုပညာရှင် တယောဖိုးစံက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ The Sound Of 36 ကို မွေးနေ့မှာ ဖြန့်ချိလိုက်ပါတယ်။

“ ဒီနှစ်အတွက် ကျွန်တော်လိုချင်တဲ့ မွေးနေ့လက်ဆောင်ကတော့..” The Sound Of 36″ album ထဲက ၃၆ နှစ်သားတစ်ယောက်ရဲ့ သီချင်းတွေကို နားထောင်စေချင်တာပါပဲခင်ဗျာ။” လို့ မွေးနေ့ရှင်က တောင်းဆိုထားပါတယ်။

အခွေကို သူ့ရဲ့မွေးနေ့ ဒီနေ့(ဇန်နဝါရီ ၂၃)မှာဖြန့်ချိပေးတာဖြစ်ပြီး လက်ရှိမှာ ထိုင်း ၊ စင်ကာပူ ၊ ဂျပန် ၊ အမေရိကန် တို့က မှာယူနိုင်သလို ဩစတေးလျ နဲ့ ယူကေမှာလည်း မကြာခင်မှာယူနိုင်မယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သီချင်းစုစုပေါင်း ဆယ်ပုဒ်ပါဝင်မှာဖြစ်ပြီး တော်လှန်ရေးနဲ့ဆိုင်တဲ့ သီချင်း နှစ်ပုဒ်နဲ့ အချစ် သီချင်းတွေလည်း ပါဝင်မယ်လို့သိရပါတယ်။

“ တော်လှန်ရေးကာလမှာ တော်လှန်ရေးသီချင်းတွေ တောက်လျှောက် တီးကြ၊ ခတ်ကြ၊ လုပ်ကြတာပေါ့။ ဒါကတော့ တော်လှန်ရေးလည်း ပါတယ်၊ တော်လှန်ရေးမဟုတ်သော အခြားသော သီချင်းအမျိုးအစားတွေကိုလည်း နားထောင်စေချင်တယ်။ ကွဲထွက်သော သီချင်းအသစ်တွေကိုလည်း ချပြချင်တယ်ပေါ့။ ဒီရည်ရွယ်ချက်ပေါ့။” လို့ ကိုဖိုးစံက ပြောပါတယ်။

သီချင်းတွေကို USB Stick Box နဲ့ ထုတ်ပေးမှာဖြစ်ပြီး အရေအတွက် ၄၀၀လောက်ပဲ ထုတ်ထားဝာာဖြစ်သလို Box တိုင်းမှာ အမှတ်တရ လက်မှတ်ရေးထိုးပေးထားတယ်လို့ ဆိုပါတယ်။

တယောဖိုးစံက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အတွက် ရန်ပုံငွေရှာဖွေရေးတွေမှာ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ အမြဲတမ်းပါဝင်ကူညီနေသူပါ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ရှာဖွေနိုင်ခဲ့ပြီး မြေပြင်ကို လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ အသိပေးထားပါတယ်။

သတင်း

မင်းမော်ကွန်း၊ ဒါရိုက်တာကိုပေါက်တို့နဲ့ အတူ တော်လှန်ရဲဘော်တွေပါဝင်သရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေး ရုပ်ရှင်ကို ဩဂုတ်လအတွင်းမှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေတွေကို မြေပြင်အတွက် ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ အဲဒီ့ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အသိ‌ပေးထားပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့မှာပြုလုပ်တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာရောက်အားပေးသူ ခုနစ်ထောင်ကျော်ရှိခဲ့ပြီး ပရိသတ်တွေစိတ်ကျေနပ်ရတဲ့ ဖျော်ဖြေပွဲဖြစ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်တွေ စတင်ရောင်းချတဲ့ တစ်ပတ်အတွင်းမှာ စောင်ရေ ၆၀၀၀ ကျော်ရောင်းထားရတယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။