close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ စတင်

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ ခေတ်အလွန် ပထမဆုံး ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်မှာ မဲဆွယ်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ ခေတ်အလွန် ပထမဆုံး ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်မှာ မဲဆွယ်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေအတွက် ဇန်နဝါရီ ၂၂ ရက်နေ့ကနေစလို့ တရားဝင် မဲဆွယ်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တုန်းက ပြည်သူလူထု အုံကြွမှုကြီး တစ်ခုအပြီး ဟာဆီနာ ဦးဆောင်တဲ့ အာဏာရှင်ဆန်ဆန် အုပ်စိုးမှု ဆုံးခန်းတိုင်သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ ယာယီ အစိုးရက တာဝန်ယူထားတာ ဖြစ်ပါတယ်။

အဲဒီနောက် ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျရင် လွှတ်တော်အမတ်နေရာ ၃၅၀ အတွက် ရွေးကောက်ပွဲတွေ ကျင်းပမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းမှာရှိတဲ့ ဆယ်လ်ဟတ်မြို့မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)ကို ထောက်ခံသူတွေက စုဝေးပြီး ပါတီခေါင်းဆောင် တာရစ် ရာမန်ရဲ့ နာမည်ကို ကြွေးကြော်နေခဲ့တာ တွေ့ရပါတယ်။

BNPနဲ့ ရာဟ်မန်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထိပ်ဆုံးက ရေပန်းစားနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ခေါင်းဆောင်တစ်ဦး ရှိနေပြီးသား ဖြစ်တယ်လို့ ပါတီ ထောက်ခံသူတွေက သံပြိုင် အော်ဟစ်နေခဲ့ပါတယ်။ ရာဟ်မန်ဟာ ဟာဆီနာ ကြီးစိုးခဲ့တဲ့ ကာလအတွင်း ၁၇ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေခဲ့ပြီး ရွေးကောက်ပွဲကြို ကာလကျမှ ပြန်ရောက်လာတာပါ။

အစ္စလာမ် ဘာသာရေးကို အခြေပြုတဲ့ အကြီးဆုံးပါတီဖြစ်တဲ့ ဂျမတ်အီ အစ္စလာမ်မီကတော့ ညနေပိုင်းကျမှ မြို့တော်ဒါကာမှာ မဲဆွယ်မှုတွေ စတင်မယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲအပြီး အသစ်တက်လာမယ့် အစိုးရဟာ ဟာဆီနာ လက်ထက်တုန်းက အငြင်းပွားစရာတွေ ကြုံခဲ့တဲ့ မူဝါဒရေးရာ စိန်ခေါ်မှုတွေအတွက် ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

အိန္ဒိယမှာ တိမ်းရှောင်နေတဲ့ ဟာဆီနာကတော့ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ မျက်ကွယ်မှာ တရားစွဲဆို ခံထားရပြီး သူ့ရဲ့ ပါတီကလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ ဟာဆီနာကတော့ သူဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် ရှိနေဆဲဆိုပြီး အခုရွေးကောက်ပွဲကို ကန့်ကွက်ထားသလို သူ့အပေါ် စွဲချက်တွေ အားလုံးကိုလည်း ငြင်းပယ်ထားပါတယ်။

ဥရောပ သမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကတော့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲဟာ ၂၀၂၆ ခုနှစ်အတွက် အကြီးမားဆုံး ဒီမိုကရေစီ ဆန်းစစ်မှုတစ်ခု ဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ ခေတ်အလွန် ပထမဆုံး ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်မှာ မဲဆွယ်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်ထက် စောပြီးလုပ် နေသလို ကြိုတင်မဲ တွေ ဖိအား ပေးပြီး ပေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးယူ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။